- မင်္ဂလာပွဲတွေကို နေ့ကောင်းရက်မြတ်တွေကို သေချာရွေးချယ်ပြီး လုပ်ကြတယ်။
- မင်္ဂလာဝတ်စုံကို ပန်းရောင် မဝတ်ရဘူး။ ပင်ပန်းလိမ့်မယ်။ ပါချုပ်ဆရာတော်ကြီးကတော့ မင်္ဂလာပွဲမှာ ပန်းရောင်ဝတ်တဲ့အခါ ပန်းတယ်ထင်တယ် ပန်းမယ်။ မပန်းဘူးထင်ရင် မပင်ပန်းဘူးလို့ ပြောခဲ့။ (ကွန်ဖန်းလုပ်ရန်)
- အနောက်နိုင်ငံတွေမှာ မင်္ဂလာပွဲမှာ ပန်းကန်ခွက်ယောက်တွေ ခွဲတယ်။ မကွဲအောင်လို့တဲ့။ ကွဲကြတာပါပဲ။
ကိုယ်တိုင်ရေးစာပေ
Friday, September 18, 2026
သီလဗ္ဗတပရာမာသ
Monday, September 14, 2026
ဓမ္မကထိက
- Know Your Audience
- Contents of Dhamma talks (People want to hear authentic teachings of the Buddha from you. They are not much interested in your language skills. If you have a certain degree of language skills to teach teachings of the Buddha, it is enough to spread teachings of the Buddha. But if you have accurate and fluent language skills, that will be the best.)
- Arrangement (Introduction, body, conclusion)
- Word Choices that can attract the audience (Sitagu Sayadawgyi’s word choices)
- Articulation (simple English with peaceful voice) ပါချုပ်ဆရာတော်၊ အောက်စ်ဖို့ဒ်ဆရာတော်
- Body language
- Be Honest (Talk what you know. Talk what is coming from your heart.)
- Prepare for the questions
- Take away message
--------
- Content Accuracy
- Word Choice
- Presentation Style
Tuesday, August 18, 2026
ရဟန်းနှင့် ပစ္စည်းလေးပါး
၁။ ပစ္စည်းလေးပါး၏ သရုပ်နှင့် အဓိပ္ပါယ်
ရဟန်းတော်တစ်ပါးအတွက် ရှင်သန်ရပ်တည်ရေးနှင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံပစ္စည်း (၄) ပါးရှိသည်။ (၁) ဆွမ်း (ပိဏ္ဍပါတ)၊ (၂) သင်္ကန်း (စီဝရ)၊ (၃) ကျောင်း (ဝိဟာရ) နှင့် (၄) ဆေး (ဘေသဇ္ဇ) တို့ဖြစ်သည်။ ပစ္စည်းလေးပါးသည် ရဟန်းတော်တစ်ပါးအတွက် "အသက်ဆက်ရန်" သာဖြစ်ပြီး၊ "ဇိမ်ခံရန်" မဟုတ်ပေ။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်များအား ဤပစ္စည်းလေးပါးကို အသုံးပြုရာတွင် အမှီပြုရုံသက်သက်သာ (နိဿယ) ဖြစ်စေရန် အမြဲသတိပေး တိုက်တွန်းတော်မူခဲ့သည်။
Wednesday, July 22, 2026
လောဘနှင့် ရာဂ အထူး
- (ဘာရဒွါဇသုတ္တံ - သံ၊၂၊၃၂၉ ကို ကြည့်ပါ။ ‘‘လောလံ ခေါ, ဘော ဘာရဒွါဇ, စိတ္တံ။ အပ္ပေကဒါ မာတုမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ, ဘဂိနိမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ, ဓီတုမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ။)
Tuesday, September 23, 2025
အကောင်းဆုံးနဲ့ အမြင့်ဆုံး ဒါန
အကောင်းဆုံးနဲ့ အမြင့်ဆုံး ဒါနအမျိုးအစားကို ပြောတဲ့အခါ မြတ်စွာဘုရားက ရှု့ထောင့်ပေါင်းမျိုးစုံကနေ ဟောတော်မူလေ့ ရှိပါတယ်။ စာရေးသူအကြိုက် ဂဏန်းစဥ်ထိုးပြီး ရေးသားပါ့မယ်။
၂။ စိတ္တာလင်္ကာရဒါန
"စိတ္တာလင်္ကာရ" ဆိုတဲ့ပုဒ်ကို စိတ္တ + အလင်္ကာရ ဆိုပြီး နှစ်ပုဒ်ခွဲ ရပါမယ်။ အဓိပ္ပါယ်က "စိတ်ကို အလှဆင်ခြင်း" ဖြစ်ပါတယ်။ စိတ်ကို
၁။ အင်္ဂါ (၆) ပါးနဲ့ ပြည့်စုံတဲ့ ဒါန
မြတ်စွာဘုရားက
စိတ္တာလင်္ကာရဒါန၊ စိတ္တပရိက္ခာရဒါန
အမျိုးသမီးအိမ်သာမှာ လက်ဆေးဆပ်ပြာလှူတဲ့ အမျိုးသမီး
ဆေးရုံက လူနာတွေကို ပိုက်ဆံလှူတဲ့ ဒကာကြီး
အမျိုးသမီးများ မဝင်ရ
"အမျိုးသမီး မဝင်ရ" "မိန်းမ မဝင်ရ"
ယသော်ဓရာက မြတ်စွာဘုရားရဲ့ခြေထောက်တော်ကို ဖတ်ပြီး ငိုတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူမဲ့ညမှာ အရှင်အာနန္ဒာက အမျိုးသမီးတွေ ဘုရားဖူးဖို့ အရင်ခွင့်ပြုခဲ့တယ်။ ဒီလုပ်ရပ်ကို ဗြဟ္မဏဝါဒ
ပုဂံမှာ ဒီအယူအဆ မရှိဘူး။ ပုဂံဘုရားတွေပေါ် လူတိုင်းတက်လို့ ရတယ်။
အမျိုးသမီး မတက်ရ၊ အမျိုးသမီး မဝင်ရဆိုတာတွေက မြန်မာနိုင်ငံ အောက်ပိုင်းမှာ ပိုများတယ်။ ရွှေတိဂုံ အထက်ပစ္စယံပေါ် အမျိုးသမီး တက်ခွင့် မရှိဘူး။ ကျိုက်ထီးရိုးစေတီနားထိ အမျိုးသမီး ဝင်ခွင့်မရှိဘူး။ ကျုက္ခမီရေလယ်ဘုရားမှာ "အမျိုးသမီးများ မတက်ရ" ဆိုတဲ့ ဆိုင်းဘုတ်ကို ပြူးပြဲနေအောင် ရေးထားတယ်။
သိမ်ထဲ အမျိုးသမီး မဝင်ရ
Friday, September 19, 2025
တဒင်္ဂနိဗ္ဗာန်
"တဒင်္ဂနိဗ္ဗာန်" လို့ ပြောလိုက်တာနဲ့ တဒင်္ဂ,တခဏ ရအပ်တဲ့ နိဗ္ဗာန်လို့ သဘောပေါက်သွားနိုင်တယ်။ အဲ့ဒီလို သဘောပေါက်တာလည်း မှားတယ်လို့ ပြောလို့ မရဘူး။ သဘောသွား နီးစပ်မှု ရှိပါတယ်။ အမှန်တကယ်တော့ "တဒင်္ဂနိဗ္ဗန" ဆိုတဲ့ ပါဠိပုဒ်ကို တံ+အင်္ဂ+နိဗ္ဗာန လို့ ပုဒ်ခွဲရမှာပါ။ "ထိုအင်္ဂါရပ်ဖြင့် (ထိုအချက်ဖြင့်) ကိလေသာအပူများ ငြိမ်းအေးခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဆိုရင် ကိလေသာအပူ ငြိမ်းအေးကြောင်း အင်္ဂါရပ်တွေကို သိရပါမယ်။ သုတ္တန်အချို့ကို ထောက်ဆပြီး ပြောရရင် အကြမ်းဖျင်းအားဖြင့် သုံးမျိုး ခွဲခြားလို့ ရပါတယ်။
၁။ ရူပစျာန်၊ အရူပစျာန်များ ရရှိနေချိန်
၂။ သညာဝေဒယိတနိရောဓ (နိရောဓသမာပတ်) ဝင်စားနေချိန်
၃။ ဝိပဿနာ ပွားများနေချိန်
တဒင်္ဂနိဗ္ဗာနသုတ် (အံ၊၃၊၂၄၆)
- တဒင်္ဂနိဗ္ဗုတ (တံ + အင်္ဂ + နိဗ္ဗုတ) ထို (ဝိပဿနာ) ဂုဏ်-အစိတ်-အဖို့-ဖြင့် (ကိလေသာတို့မှ) ငြိမ်းအေးပြီးသော၊သူ။ တဒင်္ဂနိဗ္ဗုတော (သံ၊၂၊၃၅)တိ တေန ဝိပဿနင်္ဂေန ကိလေသာနံ နိဗ္ဗုတတ္တာ တဒင်္ဂနိဗ္ဗုတော။ သံ၊ဋ္ဌ၊၂။၂၄၇။ (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄)
- တဒင်္ဂနိဗ္ဗာနသုတ် [တဒင်္ဂ+နိဗ္ဗာန] ထိုထို ပဋ္ဌမစျာန်စသော ၉ ပါးသော ဝိဟာရသမာပတ် ဂုဏ်အစိတ်ဖြင့် ကိလေသာ ငြိမ်းအေးနိုင်ပုံကို အရှင်ဥဒါယီအား အရှင်အာနန္ဒာ ဟောပြရာသုတ်။ (အံ၊၃၊၂၄၆) (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄) တဒင်္ဂနိရောဓ၊ တဒင်္ဂသန္တိ၊ တဒင်္ဂဝိမုတ္တိ တို့ကိုလည်း ကြည့်ပါ။
Thursday, September 11, 2025
ဆဋ္ဌမူ (သို့မဟုတ်) မြန်မာမူ ပါဠိကျမ်းစာများ
Wednesday, September 10, 2025
ဘုရားရဟန္တာ ပရိနိဗ္ဗာန်စံပြီးနောက် ဘာဖြစ်လဲ
ဘု ရားရဟန္တာ ပနိဗ္ဗာန်စံပြီးနောက် ဘာဖြစ်သေးလဲ? နိဗ္ဗာန်ဆိုတဲ့ အသင်္ခတ အငြိမ်းဓာတ်ကြီးကို အာရုံပြုပြီး ခံစားနေသေးလား?
ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောကဉ္စ ပညာပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ။
နိဗ္ဗာန်ဟူသည် (၁)
နိဗ္ဗာန်အကြောင်း သိချင်တယ်ဆိုရင် "နိဗ္ဗာန" ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကို သိရမယ်။ နိဗ္ဗာနရဲ့ အဓိပ္ပါယ်ကို ပြောတဲ့အခါ ပါဠိတော်လာ အဓိပ္ပါယ်နဲ့ အဋ္ဌကထာလာ အဓိပ္ပါယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
ပါဠိတော်လာ "နိဗ္ဗာန"
အဋ္ဌကထာလာ "နိဗ္ဗာန"
တဏှာနိရောဓော နိဗ္ဗာနံ
ကာမတဏှာ
သံသရာဝဋ်ထဲ၊ မကျွတ်ဘဲနေနေ
ဇွတ်ဆွဲလို့ တပေပေငယ်၊ သေပစေခင်ရဲ့
နိဗ္ဗာန်မြို့ အမြိုက်ခွင်ကို၊ မလိုက်ချင် ရုန်းကန်လို့ဖဲ့။
(စလေဦးပုည)
လူအများစုကလည်း စလေဦးပုညရဲ့ "တူတူပုန်း" ကဗျာထဲကလို နိဗ္ဗာန်ကို တကယ်လိုချင်တဲ့သူက ခပ်ရှားရှား ဖြစ်မယ်ထင်ပါတယ်။ နိဗ္ဗာန်အကြောင်း မသိလို့ မလိုချင်ကြတာပါ။