Tuesday, February 18, 2025

မြတ်စွာဘုရားနဲ့ သဗ္ဗညတဉာဏ်တော်

သဗ္ဗညုတဉာဏ် ဆိုတာ "အားလုံးကို သိတဲ့ဉာဏ်" လို့ အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်လိုဆိုရင် All-knowing Knowledge (သို့မဟုတ်) Ominiscience ပေါ့။ ဖန်ဆင်းရှင် ဘာသာတရားတွေကတော့ သူတို့ God တွေဟာ Ominiscience ကို ပိုင်ဆိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အချိန်တိုင်း၊ နေရာတိုင်းမှာ အသေးအဖွဲလေးကအစ အားလုံးကို တပြိုက်နက်တည်း သိနိုင်သူတွေလို့ လက်ခံထားကြပါတယ်။ လူတိုင်းရဲ့စိတ်ကို အချိန်တိုင်းသိနေတယ်လို့လည်း ယုံကြည်ကြပါတယ်။

ဘုရားနဲ့ ခေတ်ပြိုင် ဘာသာရေးဂိုဏ်းဆရာကြီး ခြောက်ပါးထဲက ပုရာဏကဿပနဲ့ ဂျိမ်းဘာသာကို တည်ထောင်ခဲ့သူ မဟာဝီရ (နိဂဏ္ဌနာဋပုတ္တ) တို့ကလည်း သူတို့ကိုယ်သူတို့ သဗ္ဗညူ (အားလုံးကို သိသူ)၊ သဗ္ဗဒဿာဝီ (အားလုံးကို သိမြင်သူ) တွေလို့ ဆိုကြပါတယ်။ အချိန်တိုင်းမှာ အရာအားလုံးကို အကြွင်းမဲ့ သိတဲ့ဉာဏ်နဲ့ ပြည့်စုံတယ်၊ အိပ်ပျော်နေစဥ်မှာတောင် သိနေတယ်လို့ ဆိုကြပါတယ် (လောကာယတိကသုတ်။ အံ၊၃၊၂၂၅)။ အရှင်အာနန္ဒာကတော့ ထိုသဗ္ဗညုတဉာဏ်ပိုင်ရှင်ဆိုသူတွေရဲ့ အဖြစ်သနစ်ကို ဟာသလေးနှောပြီး ပြောထားတယ်။ သူတို့ဟာ လူမရှိတဲ့အိမ်ကို ဆွမ်းခံဝင်ကြတယ်၊ လမ်းမှားပြီး ဝင်ကြတယ်၊ ဆွမ်းခံသွားစဉ်မှာ ခွေးကိုက်ခံရ၊ နွားခွေ့ခံရ၊ ဆင်အလိုက်ခံကြရတယ်၊ လူနာမည်နဲ့ မြို့ရွာနာမည်တွေကိုလည်း မှားယွင်းခေါ်ဆိုမိကြတယ်လို့ ဆိုပါတယ်။ (သန္ဒကသုတ်။ မ၊၂၊၁၈၈)

မြတ်စွာဘုရားကကော သဗ္ဗညုတဉာဏ်တော်ရှင်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ခဲ့ပါသလား။ ဒါက စိတ်ဝင်စားစရာ ကောင်းပါတယ်။ သေချာတာကတော့ မြတ်စွာဘုရားဟာ သဗ္ဗညူဆိုတဲ့ အသုံးအနှုန်းကို မနှစ်သက်ဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေကတော့ သဗ္ဗညူဆိုတဲ့ဂုဏ်ပုဒ်ကို အတော်လေး နှစ်သက်ကြတာ တွေ့ရပါတယ်။ 


မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ပြဆိုတဲ့ သုတ္တံတွေမှာ သဗ္ဗညူဆိုတဲ့ ဂုဏ်ပုဒ် မပါပါဘူး။ 


ရှေးဦးမူလဗုဒ္ဓဘာသာ (The Early Buddhism) အဖြစ် သတ်မှတ်ကြတဲ့ ပထမဆုံး နိကာယ်လေးရပ်အလိုအရဆိုရင် မြတ်စွာဘုရားကတော့ သူ့ကိုယ်သူ သဗ္ဗညတဉာဏ်ရှင်အဖြစ် လက်မခံပါဘူး။ လောကဝိဒူ (လောကကို သိသူ) လို့ပဲ ပြောခဲ့ပါတယ်။ နိကာယ်ငါးရပ်မှာ နောက်ဆုံးနိကာယ်ဖြစ်တဲ့ ခုဒ္ဒနိကာယ်လာ ထေရဂါထာ၊ အပါဒါန်နဲ့ မိလိန္ဒပဥှာတို့အလိုအရ တပည့်သာဝကတွေက မြတ်စွာဘုရားကို သဗ္ဗညုတဉာဏ်တော်ရှင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင် အထောက်အထားနဲ့ ရှင်းပြပါရစေ။


တေဝိဇ္ဇဝစ္ဆသုတ် (မ၊၂၊၁၄၈) မှာ မြတ်စွာဘုရားက သူဟာ သဗ္ဗညူ၊ သဗ္ဗဒဿာဝီ မဟုတ်ကြောင်း အတိအလင်း ငြင်းပယ်ထားပါတယ်။ ဒီနေရာမှာ ငြင်းပယ်တဲ့ သဗ္ဗညူ - အားလုံးကို သိတယ်ဆိုတာ ဖန်ဆင်းရှင်တွေလို အချိန်တိုင်း အမြဲ သိနေတာ (သတတံ သမိတံ ဉာဏဒဿနံ)၊ အရာအားလုံးကို တပြိုင်နက်ထဲ သိနေတာ (သကိဒေဝ သဗ္ဗံ ဉဿတိ) ကို ဆိုလိုတာပါ။ မြတ်စွာဘုရားကို သဗ္ဗညူလို့ ပြောရင် သူ့ကို မဟုတ်မမှန် စွပ်စွဲတာ ဖြစ်ကြောင်းလည်း မိန့်တော်မူပါတယ်။ 

တေဝိဇ္ဇဝစ္ဆသုတ်မှာ မြတ်စွာဘုရားကို မှန်မှန်ကန်ကန် ပြောဆိုမယ်ဆိုရင် "ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံသူ (တေဝိဇ္ဇ)" အဖြစ် ခေါ်ဆိုနိုင်ကြောင်း မိန့်တော်မူပါတယ်။ ဝိဇ္ဇာသုံးပါးဆိုတာ မြတ်စွာဘုရား ဘုရားဖြစ်တဲ့အချိန်မှာ ရရှိတော်မူခဲ့တဲ့ ဉာဏ်တော်သုံးပါး ဖြစ်ပါတယ်။ (၁) ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = အတိတ်က ဖြစ်ခဲ့ဖူးတဲ့ ဘဝတွေကို သိတဲ့ဉာဏ်၊ (၂) ဒိဗ္ဗစက္ခုဉာဏ် = သတ္တဝါတွေရဲ့ သေဆုံးခြင်း၊ မွေးဖွားခြင်း၊ ကံနဲ့ ကံ၏အကျိုးတို့ကို သိတဲ့ နတ်မျက်စိနှင့်တူတဲ့ ဉာဏ်၊ (၃) အာသဝက္ခယဉာဏ် = အာသဝတရားသုံးပါး ကုန်ခမ်းခြင်းကို သိတဲ့ဉာဏ် တို့ ဖြစ်ပါတယ်။

လောကာယတိကသုတ်မှာတော့ လောကဆိုတာ ရူပါရုံစတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဆိုခြင်းဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားဟာ ကာမဂုဏ်အာရုံတို့ရဲ့ အကျိုးအပြစ်တို့ကို သိလို့ လောကဝိဒူဂုဏ်နဲ့ ပြည့်စုံသူ ဖြစ်ပါတယ်။ ပဌမစျာန်စတဲ့ လောကီစျာန် (၈) ပါး၊ သညာဝေဒယိတနိရောဓ (သညာ၊ ဝေဒနာစတဲ့ စိတ်၊ စေတသိက်တွေချုပ်ရာ နိရောဓသမာပတ်ဝင်စားချိန်) တို့မှာ ကာမဂုဏ်အာရုံဆိုတဲ့ လောကရဲ့ အဆုံးကို (ကာမဂုဏ်အာရုံတွေနဲ့ ဝေးရာကို) ရောက်နေသူဖြစ်ကြောင်း ဟောတော်မူထားပါသည်။ 


(စူဠဒုက္ခက္ခန္ဓသုတ် - မ၊၁၊၁၃၀)

စူဠနိဒ္ဒေသနဲ့ ပဋိသမ္ဘိဒါမဂ်တို့မှာ သမန္တစက္ခု (ထက်ဝန်းကျင် မြင်နိုင်သော ဉာဏ်မျက်စိ) ဆိုတာ သဗ္ဗညုတဉာဏ် ကိုဆိုခြင်းဖြစ်ကြောင်း အကြိမ်ကြိမ် ဖွင့်ပြထားတာ တွေ့ရပါတယ်။


မိလိန္ဒပဥှာ (၁၀၉၊ ၇၈) မှာ သဗ္ဗညုတဉာဏ်နဲ့ ပတ်သက်တဲ့ အခန်း ပါပါတယ်။ မြတ်စွာဘုရားက သဗ္ဗညူ၊ သဗ္ဗဒဿာဝီလားလို့ မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို မေးပါတယ်။ အရှင်နာဂသေန 

Friday, February 14, 2025

ဗုဒ္ဓသာသနာ အသုံးအနှုန်းများ

  • ဗုဒ္ဓဘာသာရယ်လို့ မရှိ၊ ဗုဒ္ဓဘာသိတ လို့ပဲ ရှိတယ်။
  • ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
  • စိရံ တိဋ္ဌတု သဒ္ဓမ္မော
  • ဣမသ္မိံ ဓမ္မဝိနယေ 
  • အရိယဿ ဝိနယေ  (သိင်္ဂါလောဝါဒသုတ်) (အံ၊၃၊၂၂၇)
  • သတ္ထုသာသနံ (ဆရာ၏ အဆုံးအမကို) [ဥပါလိသုတ်၊ မ - ၂၊ ၃၇] [ဂျိန်းပိဋကတ်၌ အယူဝါဒအမှားများကို ပြရာတွင် ဗုဒ္ဓဘာသာကိုလည်း စာရင်းထဲ ထည့်ထား၏။ ဗုဒ္ဓသာသနံ (Bddhasasanam) ဟု ဆိုထားသည်။ (Indian Literature by Winternitz Volume II - Page - 473) ဤအကြောင်းကို ကိုးကားလိုလျှင် ဂျိန်းစာပေများကို ရေးသားချိန်ကိုလည်း ထည့်သွင်း တွက်ချက်ရမည်။]
  • ဗုဒ္ဓသာသနေ (အံ၊ ၁၊ ၂၉၉) (ပုဗ္ဗဏှသုတ်)
  • ဗုဒ္ဓသာသနေ (သင်္ဂါလသုတ် အဋ္ဌကထာ နောက်ဆုံးပိုဒ်)
  • သမ္မာသမ္ဗုဒ္ဓသာသနေ (ဣတိဝုတ် - ၂၅၇)
  • ဇိနသာသနာ (အပါဒါနပါဠိ ဂါထာနံပါတ် ၂၇၀၊​ နှာ - ၂၆)
  • ယေ သုပ္ပယုတ္တာ မနသာ ဒဠေန၊​ နိက္ကာမိနော ဂေါတမသာသနမှိ။ တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဥ္ဇမာနာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ (ရတနာသုတ် (သုတ္တနိ၊ ၃၁၃)
  • ဝိနယော နာမ သာသနဿသ  အာယု (ပါရာဇိကဏ် အဋ္ဌကထာ)
  • ဗုဒ္ဓဝစန (ပါရာဇိကဏ်၊ သီလက္ခန် အဋ္ဌကထာများ)
  • ဗုဒ္ဓဘာသာ
  • အရိယဿ        ဝိနယေ (အံ၊ ၃၊ ၄၇၂) နှင့် နေရာပေါင်းများစွာ
  • ဗြဟ္မစရိယ
  • သာသနာ [ဒီ၊၂၊ ၂၀၄။  ၂၀၅။  ၂၁၀။  ၂၂၈။];  [မ၊၂၊ ၁၀၂။  ၃၂၃။  ၃၂၆။  ၃၅၄။]  [သံ၊၁၊ ၁၂၂။  ၁၉၅။] [အံ၊၃၊ ၆၈။] [ဥဒါန၊ ၁၃၅။] [ဣတိဝုတ်၊ ၂၆၁။][သုတ္တနိ၊ ၃၇၀။  ၄၂၃။  ၄၂၄။][ဝိမာန၊ ၂၂။] [ပေတ၊ ၁၇၇။  ၁၇၈။  ၁၉၃။  ၂၀၆။][ထေရ၊ ၂၇၆။  ၂၈၃။  ၂၉၁။  ၃၀၃။  ၃၁၂။  ၃၂၁။  ၃၃၁။  ၃၃၆။  ၃၅၉။  ၃၆၅။  ၃၇၁။]  [ထေရီ၊ ၄၀၀။  ၄၀၁။  ၄၃၅။  ]  (အပါဒါန်၊ ဗုဒ္ဓဝံသစသော ကျမ်းများ၌လည်း များစွာ ပါ၏။ ဓမ္မဗိမာန် ပိဋကတ်သုံးပုံတွင် "သာသနေ" ဟူသော စကားလုံးကို ရိုက်၍ ရှာပါလေ။ (မ၊၁၊၁၀၁ - ကကစူပမသုတျ) န မေ သော တနေ သာသနကရော၊
  • ဘဝဂဝတော - မြတ်စွာဘုရား၏၊ သာသနံ - အဆုံးအမတော်ကို၊ နိစ္စကပ္ပံ - ခပ်သိမ်းသော ကာလပတ်လုံး၊ သာဓုကံ မနသိ ကာတဗ္ဗံ။ (သံ၊၂၊၂၈၄)
  • ဣမသ္မိံ သာသနေ (ဝိသုဒ္ဓိ၊၁၊၁၆)
  • A Guide to Buddhism A to Z (S. Dhammika) Page -  တွင်လည်းကြည့် (Buddhism and Buddhist)
  • ဂျိန်းကျမ်းစာတွေကလည်း ဗုဒ္ဓသာသနာလို့ သုံးထားတယ်။ (History of Indian Literature II - 473)

  • ဗုဒ္ဓဘာသာကို ရှေးအခါက သမ္မာဒိဋ္ဌိဟု ခေါ်၏။ “ဗုဒ္ဓဘာသာ” ဟူသော ဝေါဟာရမှာ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်ဘုရားလက်ထက် ဆရာယုဒသန် ခေါ် ဒေါက်တာဂျပ်ဆင် ရောက်လာမှ ပေါ်ပေါက်လာကြောင်း ပညာရှိတို့ မိန့်ကြား၏။ ကုန်းဘောင်ပြင်သစ် (ရွှေစြက်ာ) PDF File (နှာ-၂၀)
  • [The Bibble ကို သမ္မာကျမ်းဟု ဘာသာပြန်ခဲ့သည့်အချက်က ထိုအချက်ကို ထောက်ခံနေသည် ထင်၏] 
  • ဦးကုလားရာဇဝင်၊ မှန်နန်းရာဇဝင်စသော သမိုင်းကျမ်းများနှင့် သာသနဝံသ၊ သာသနာလင်္ကာရစသော သာသနာဝင်ကျမ်းများကို ကြည့်ရှု့ရန်

-----------

  • ဘဝပြဿနာ (မဟာစည်ဆရာတော်) စာအုပ်မှာ "ဗုဒ္ဓဘာသာ" ဆိုတဲ့ အခေါ်အဝေါ် ပေါ်လာတယ်။
  • ကုန်ဘောင်ခေတ်က တော်တည့် မှန်ကန်သူ၊ ဖြောင့်မက်သူကို "လူသမ္မာ" လို့ သုံးပါတယ်။ (သာသနာလင်္ကာရစာတမ်း၊၂၀၀၉၊ - နှာ ၁၉၈)

  • ဗုဒ္ဓဘာသာကို အင်္ဂလိပ်လို Buddhism ဟု အနောက်တိုင်း ပညာရှင်များက (၁၉) ရာစု အစောပိုင်းကာလတွင် စတင် သုံးစွဲခဲ့။ (Steven Batchelor) [Uncertain Mind: How the West Misunderstands Buddhism]
  • Some people describe that Buddhism is not religion but it is Science of Mind. (Dalai Lama; Life of the Budddha - BBC - 2:15); Some describes Buddhism as Philosophy even as Psychotherapy. Unlike other religion, Buddhism was centered on the mind. There is no supreme God. Instead, a great teacher, the Buddha or the Awaken One. (Narrator; Life of the Budddha - BBC - 2:00). It is a therapeutic mean to deal with problems of life. (Life of the Budddha - BBC - 3:00)

ဘုရားနဲ့ ရဟန္တာ ဘာကွာလဲ


မြတ်စွာဘုရားဟာ ရဟန္တာတစ်ပါးဖြစ်တယ်လို့ ပြောရင် အများစုက အံ့ဩကြမယ် ထင်ပါတယ်။ ပါဠိတော်အထောက်အထားအချို့နဲ့ ရှင်းပြပါရစေ။ ဘုရားဟောတရားတော်တွေကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ဖို့က အင်မတန် အရေးကြီးပါတယ်။ ပါဠိတော်မှာပါတဲ့ ရဟန္တာရဲ့သဘောကို နားလည်မယ်ဆိုရင် ထေရဝါဒနဲ့ မဟာယာနဂိုဏ်းတွေရဲ့ အရေးကြီးတဲ့ အယူအဆတစ်ခုကိုလည်း ရှင်းရှင်းလင်းလင်း မြင်သွားမှာ ဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာဝင်တွေ အမြဲတမ်းရွတ်ဆိုနေကြတဲ့ "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဆိုတဲ့ ပါဠိတော်မှာ "အရဟတော" ဆိုတဲ့ ပုဒ်က မြတ်စွာဘုရားဟာ ရဟန္တာဖြစ်အကြောင်း ပြဆိုနေပါတယ်။ မြတ်စွာဘုရား တရားဦးဒေသနာတော်ကို ဟောဖို့ ဗာရာဏသီကို သွားတဲ့အခါ လမ်းမှာ ဥပကတက္ကတွန်းနဲ့ တွေ့ခဲ့ပါတယ်။ ဥပကရဲ့ သင်ဘယ်သူလဲဆိုတဲ့အမေးကို မြတ်စွာဘုရား ပြန်လည်ဖြေကြားခဲ့တဲ့ စကားစုထဲမှာ "အဟံ ဟိ အရဟာ လောကေ" (မ၊၁၊၂၂၇) ဆိုပြီး ပါပါတယ်။ "မှန်တယ်၊ ငါဟာ လောကမှာ ရဟန္တာတစ်ပါး ဖြစ်တယ်" လို့ အဓိပ္ပါယ်ရပါတယ်။

အနတ္တလက္ခဏသုတ်ကို နာကြားပြီး ပဥ္စဝဂ္ဂီငါးဦးလုံး အာသဝေါကုန်ခမ်းပြီး ရဟန္တာဖြစ်သွားကြတယ်။ ဒါကို ဝိနည်း မဟာဝဂ္ဂပါဠိတော် (ဝိ၊၃၊၂၀) မှာ "တေန ခေါ ပန သမယေန ဆ လောကေ အရဟန္တော ဟောန္တိ" လို့ ဆိုထားပါတယ်။  "ထိုအခါ လောက၌ ရဟန္တာခြောက်ပါး ဖြစ်ကုန်၏" လို့ အဓိပ္ပါယ်ရပါတယ်။ ရဟန္တာခြောက်ပါးဆိုတာ မြတ်စွာဘုရားနဲ့ ပဥ္စဝဂ္ဂီငါးဦးတို့ကို ပြောတာပါ။

ဒါဆိုရင် ရဟန္တာဟာ ဘာလဲဆိုတာသိဖို့ အတော် အရေးကြီးသွားပါပြီ။ ရဟန္တာဆိုတာ "အရဟန္တ" ဆိုတဲ့ ပါဠိကနေ လာပါတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပထမတွဲ၊၁၉၂) မှာတော့ အရဟန္တဆိုတဲ့ ပုဒ်ရဲ့အဓိပ္ပါယ်ကို ငါးမျိုး ဖွင့်ပြပါတယ်။ အဲ့ဒီငါးမျိုးလုံးကို တစ်ခုတည်း ခြုံငုံပြီး ပြောရမယ်ဆိုရင် "ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်ပြီးသူ" ဖြစ်ပါတယ်။ ရဟန္တာဖြစ်သွားပြီဆိုရင် စိတ်ကိုညစ်နွမ်းစေတဲ့ ကိလေသာအပူတွေ တစ်ရာရာခိုင်နှုန်း ကင်းစင်သွားပါတယ်။ မြတ်စွာဘုရားအပါအဝင် ရဟန္တာဖြစ်သွားကြတဲ့ သူတွေရဲ့သန္တာန်မှာ ကိလေသာအပူမီးတွေ မရှိတဲ့အတွက် "ဆိတ်ကွယ်ရာမှာတောင် မကောင်းမှုကို မလုပ်ကြသူ" တွေ ဖြစ်သွားပါတယ်။ မကောင်းမှုတွေကို မလုပ်ကြတာကြောင့် ရဟန္တာပုဂ္ဂိုလ်တွေဟာ "ပူဇော်အထူးကို ခံယူထိုက်သူ" တွေ ဖြစ်ကြပါတယ်။

သံယုတ်ပါဠိတော်၊ ပဝါရဏာသုတ္တံ (သံ၊၁၊၁၉၂)၊ သမ္မာသမ္ဗုဒ္ဓသုတ္တံ (သံ၊၂၊၅၄) စတဲ့ သုတ္တံတွေမှာ မြတ်စွာဘုရားနဲ့ တပည့်ဖြစ်သူ ရဟန္တာတို့ရဲ့ ကွဲပြားခြားနားချက်ကို ရိုးရိုးရှင်းရှင်း ပြဆိုထားပါတယ်။ မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါး ကျင့်စဥ်တရားကို ကိုယ်တိုင်ထိုးထွင်းသိမြင်ပြီး ကျင့်သုံးခဲ့သူ၊ စတင်ဟောကြားခဲ့သူ ဖြစ်တယ်။ ဒါ့ကြောင့် မြတ်စွာဘုရားကို "သမ္မာသမ္ဗုဒ္ဓ" "သစ္စာလေးပါးကို ကိုယ်တိုင်ထိုးထွင်းသိမြင်သူ" လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ တပည့်သာဝကဖြစ်သူ ရဟန္တာကတော့ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်တန် တရားမှန်ကို နာယူမှတ်သားပြီး လိုက်နာကျင့်ကြံသူဖြစ်ကြောင်း ဟောကြားထားပါတယ်။ "သာဝက" ဆိုတာ နာယူသူလို့ အဓိပ္ပါယ်ရပါတယ်။ ဘုရားရဟန္တာနဲ့ တပည့်ရဟန္တာတို့ရဲ့ ကွားခြားချက်က မြတ်စွာဘုရားက ဟောကြားသူဖြစ်ပြီး တပည့်သာဝက ရဟန္တာက နာယူသူ ဖြစ်ပါတယ်။ 

ပါဠိတော်မှာ မြတ်စွာဘုရား ဘုရားဖြစ်ပုံကို ပြတဲ့သုတ္တံတွေကို လေ့လာကြည့်မယ်ဆိုရင် ဘုရားဖြစ်တယ်ဆိုတာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး စိတ်က အာသဝတရားတွေကနေ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာပါလိမ့်မယ်။ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေ ရဟန္တာဖြစ်သွားတာကို ပါဠိတော်မှာ ပြဆိုတဲ့အခါမှာလည်း သူတို့စိတ်ဟာ ဘာကိုမှ စွဲလမ်းတွယ်တာမှု မရှိတော့ဘဲ အာသဝတရားတွေကနေ လွတ်မြောက်သွားတယ်လို့ပဲ ဆိုပါတယ်။ 

မြတ်စွာဘုရားအပါအဝင် ရဟန္တာတွေအားလုံးဟာ မဂ္ဂင်ရှစ်ပါးကို ကျင့်ပြီး သစ္စာလေးပါးကို ထိုးထွင်းသိမြင်သွားသူတွေ ဖြစ်ပါတယ်။ သစ္စာလေးပါးကို သိမြင်သွားတဲ့အတွက် ကိလေသာအပူမီး ငြိမ်းအေးသွားကြသူတွေ ဖြစ်ပါတယ်။ မြတ်စွာဘုရားနဲ့ ရဟန္တာပုဂ္ဂိုလ်များအားလုံး မျက်မှောက်ပြုတဲ့ နိဗ္ဗာန်က အတူတူ ဖြစ်ကြောင်းလည်း "အံ့ဖွယ်ရှစ်ဖြာ သာသနာ" ထဲက အံ့ဖွယ်တစ်ခုအနေနဲ့ မြတ်စွာဘုရားကိုယ်တိုင် ဟောတော်မူခဲ့ပါတယ် (ဝိ၊၄၊၄၂၃) (အံ၊၃၊၃၆)။ ဒီလောက်ဆိုရင် ဘုရားနဲ့ ရဟန္တာတို့ရဲ့ သဘာဝကို သိလောက်ပြီ ထင်ပါတယ်။

မဟာယာနတွေဟာ သူတို့ရဲ့ဝါဒကို မဟာယာန (ကြီးကျယ်တဲ့ယာဥ်) လို့ ဆိုပြီး ထေရဝါဒစတဲ့ ဗုဒ္ဓဘာသာဂိုဏ်းတွေကိုတော့ ဟီနယာန (သေးနုပ်တဲ့ယာဥ်) လို့ ရေးသားပြောဟောကြပါတယ်။ ယာန (ယာဥ်) ဆိုတာ နိဗ္ဗာန်အထိရောက်အောင် သယ်ယူပေးမယ့် ယာဥ်ပေါ့။ ၁၉၅၀ ခုနှစ်က သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ကျင်းပခဲ့တဲ့ ဗုဒ္ဓဘာသာဝင်များညီလာခံက ထေရဝါဒဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာအဖြစ် ပုံဖော်တာ၊ သုံးနှုန်းတာ မလုပ်ကြဖို့ အများသဘောတူ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် တချို့မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ ထေရဝါဒကို ခုချိန်အထိ ဟီနယာနဗုဒ္ဓဘာသာအဖြစ် ပုံဖော်ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။ 

မယာယာနရော ထေရဝါဒပါ အစွန်းရောက်နေတဲ့ ယုံကြည်ချက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ဘုရားနဲ့ ရဟန္တာကို ခွဲခြားပြီး တသီးတသန့် မြင်နေကြခြင်း ဖြစ်ပါတယ်။ ဒီရဲ့အကျိုးဆက်က လူသားတွေနဲ့ မြတ်စွာဘုရားရဲ့ကြားမှာ တော်တော်လေး အလှမ်းကွာဝေးသွားခြင်း ဖြစ်ပါတယ်။ ပါဠိတော်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာမယ်ဆိုရင် မြတ်စွာဘုရားကို အနီးကပ် ဖူးမြော်ကြည်ညိူပြီး တရားနာယူနိုင်ကြမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော် (၉) ပါးသည်ပင် ဘုရားကို အတုယူပြီး ကိုယ်တိုင်ကျင့်ကြံ လိုက်နာနိုင်တဲ့ အရည်အချင်းများဖြစ်ကြပါတယ်။ 

ထေရဝါဒ အဋ္ဌကထာတွေက မြတ်စွာဘုရားနဲ့ ရဟန္တာတွေကြားက ကွာဟချက်ကို ကြီးမားအောင်လုပ်လိုက်ကြပါတယ်။ ဒါ့ကြောင့် အများစုက မြတ်စွာဘုရားကိုယ်တိုင် ရဟန္တာပဲဆိုတာကို မေ့သွားကြပါတယ်။ 

မဟာယာနတွေကတော့ သူတို့ဟာ သတ္တဝါအားလုံးကို တစ်ယောက်မကျန် ကယ်တင်ပြီးမှသာ သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ဖို့ ဆုကြီးပန်ကြသူတွေ ဖြစ်တယ်၊ လက်ထဲရောက်နေတဲ့ နိဗ္ဗာန်ကိုတောင် စွန့်လွှတ်ပြီး သတ္တဝါအားလုံးကို ကယ်တင်ဖို့ ဘုရားလောင်း (ဗောဓိသတ္တ) လမ်းစဥ်ကို လိုက်နာကျင့်သုံးသူတွေ ဖြစ်တယ်လို့ ပြောဟောကြပါတယ်။ သူတို့အဆိုအရ ထေရဝါဒတွေဟာ မိမိလွတ်မြောက်မှုအတွက်ပဲ ကြိုးစားအားထုတ်တဲ့ ရဟန္တာလမ်းစဥ် (သို့မဟုတ်) သာဝကလမ်းစဥ်ကို လိုက်သူတွေဖြစ်လို့ မဟာယာနထက် တဆင့်နိမ့်တဲ့ ဟီနယာနဗုဒ္ဓဘာသာ ဖြစ်တယ်လို့ ပြောဟောကြပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကို တကိုယ်ကောင်းဆန်သူတွေအဖြစ်လည်း စွပ်စွဲ တံဆိပ်ကပ်ကြပါတယ်။ ဒီလိုနဲ့ မဟာယာနတွေဟာလည်း ဘုရားနဲ့ ရဟန္တာတို့ရဲ့ အဆင့်အတန်းကို အထက်အောက် ခွဲခြားပြီး ယုံကြည်ကြလို့ အစွန်းတစ်ဖက်ကို နင်းသွားတယ်လို့ ဆိုနိုင်ပါတယ်။

အမှန်တကယ်ကတော့ ယာန (ယာဥ်) ဆိုတာ မဂ္ဂင်ရှစ်ပါးကို ပြောတာပါ။ မဂ္ဂင်ရှစ်ပါးတည်းဟူသော ယာဥ်ရှိသူ ယောက်ျားမိန်းမ မည်သူမဆို နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ကြောင်း သံယုတ်ပါဠိတော်၊ အစ္ဆရာသုတ် (သံ၊၁၊၃၀) မှာ ဘုရားကိုယ်တိုင် ဟောကြားထားပါတယ်။ မဂ္ဂင်ရှစ်ပါးမှာ ကြီးတယ်ငယ်တယ်ဆိုတာ မရှိပါဘူး။ ထေရဝါဒကော မဟာယာနပါ ဒီရှစ်ပါးကိုပဲ လိုက်နာကျင့်သုံးကြပါတယ်။ မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါးကို ဗြဟ္မယာန (မြင့်မြတ်သောယာဥ်)၊ ဓမ္မယာန (တရားယာဥ်) အဖြစ်လည်း သုံးနှုန်းဟောကြားခဲ့ပါသေးတယ် (သံ၊၃၊၅)။ 

မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံပွားများရင် သစ္စာလေးပါးကို ထိုးထွင်းသိမြင်လာပါလိမ့်မယ်။ သစ္စာလေးပါးကို သိသွားသူရဲ့စိတ်ဟာ ဘယ်အရာကိုမှ စွဲလမ်းမှု မရှိတော့ဘဲ လွတ်မြောက်မှုဆိုတဲ့ နိဗ္ဗာန်ကို ရရှိသွားမှာ ဖြစ်ပါတယ်။ သစ္စာလေးပါးကို သိမြင်သွားသူဟာ အာသဝတရားတွေ ကုန်ခမ်းပြီး ရဟန္တာဖြစ်သွားမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာ သစ္စာလေးပါးကို သိမြင်သူဖြစ်ကြောင်း ပဋိသမ္ဘိဒါမဂ်ပါဠိတော် (၁၇၂) နဲ့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပထမတွဲ၊၂၀၃) တို့က ဖွင့်ဆိုကြပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓနဲ့ ရဟန္တာဆိုတာ အတူတူပဲ ဖြစ်တယ်လို့ ဆိုရမှာပါ။ နောက်ပိုင်း အဋ္ဌကထာအချို့က သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကဗုဒ္ဓဆိုပြီး ဗုဒ္ဓသုံးမျိုးရှိကြောင်း ဖွင့်ဆိုလာကြပါတယ်။ 

မြတ်စွာဘုရား အပါအဝင် ရဟန္တာတွေအားလုံး ရဟန္တာဖြစ်သွားတဲ့အကြောင်းကို ဆိုတဲ့အခါတိုင်း ပါဠိတော်မှာ ပုံသေပြဆိုလေ့ရှိတဲ့ စကားစုတစ်ခု ရှိပါတယ်။ "ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယ" ဆိုတဲ့ ပါဠိဖြစ်ပြီး "မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်တယ်၊ ပြုဖွယ်ကိစ္စမှန်သမျှကို လုပ်ဆောင်ပြီး ဖြစ်တယ်။ နောက်ထပ် လုပ်စရာ မရှိတော့ဘူး" လို့ အဓိပ္ပါယ်ရပါတယ်။ 

ထေရဝါဒကော မဟာယာနပါ မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြစ်တယ်ဆိုတာ လက်ခံကြပါတယ်။ ဗြဟ္မယာန၊ ဓမ္မယာနဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံသူတိုင်း သစ္စာလေးပါးကို သိမြင်ပြီး နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံသူတိုင်း အာသဝတရားတွေ ကုန်ခမ်းပြီး ရဟန္တာဖြစ်နိုင်ကြပါတယ်။ ရဟန္တာဖြစ်ခြင်း၊ ဗုဒ္ဓဖြစ်ခြင်း (သို့မဟုတ်) နိဗ္ဗာန်ကို တစ်ရာရာခိုင်နှုန်း မျက်မှောက်ပြုခြင်းဟာ ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ နောက်ဆုံးပန်းတိုင်ပဲ ဖြစ်ပါတယ်။ 

Thursday, February 13, 2025

မိမိကိုယ်ကို စောင့်ရှောက်ခြင်း / The Best Protection (Sedaka Sutta)

ကုသိုလ်တရားမှန်သမျှတို့သည် သတိကိုသာ အခြေခံ၍ ဖြစ်ပေါ်လာကြကြောင်း၊ သတိသည်သာ အခရာ ဖြစ်ကြောင်း မြတ်စွာဘုရား မိန့်တော်မူခဲ့သည်။ ပိဋကတ်သုံးပုံလာ ဘုရားဟောစကားတော်တို့သည် 'အပ္ပမာဒ' ဟူသော 'သတိ' ၌ အကြုံးဝင်ကြောင်း အဋ္ဌကထာက ဆိုသည်။ တရားဘာဝနာပွားများခြင်း (Meditation) ကို ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆိုရလျှင် သတိကို တိုးပွားလာအောင် အားထုတ်ခြင်းပင် ဖြစ်ပါသည်။ 


သေဒကသုတ္တံ (သံ၊၃၊၁၄၆) ၌ မြတ်စွာဘုရားက "သတိဖြင့် နေထိုင်ခြင်း" ၏ အရေးကြီးပုံကို ကျွမ်းဘားကချေသည်နှစ်ဦးပုံဝတ္ထုနှင့်  နှိုင်းယှည်ကာ ဟောကြားတော်မူခဲ့သည်။  

"ရဟန်းတို့၊ ရှေးအခါက ဝါးတိုင်ထိပ်သို့တက်ကာ ကပြဖျော်ဖြေ၍ အသက်မွေးကြသော ကျွမ်းဘားကချေသည် ဆရာတပည့်နှစ်ဦးရှိ၏။ ဆရာက ဝါးတိုင်ကို စိုက်ထူစေပြီး တပည့်ဖြစ်သူ မေဒကထာလိကကို "မေဒကထာလိက၊ သင်သည် ဝါးတိုင်ထိပ်သို့တက်၍ ငါ၏ပခုံးထက်၌ မက်တက်ရပ်လော့" ဟု ပြောဆို၏။ ဆရာဆိုသည့်အတိုင်း တပည့်ဖြစ်သူက ဝါးတိုင်ထိပ်တွင် ရပ်နေသော သူ့ဆရာ၏ပခုံးပေါ်သို့ တက်၍ ရပ်လေသည်။​ 

ထိုအခါ ဆရာက တပည့်ဖြစ်သူကို "အမောင် မေဒကထာလိက၊ သင်သည် ငါ့ကို (အန္တရာယ်မဖြစ်အောင်) စောင့်ရှောက်လော့၊ ငါကလည်း သင့်ကို စောင့်ရှောက်မည်။ ဤသို့အချင်းချင်း စောင့်ရှောက်ကြလျှက် အတတ်ပညာတို့ကို ပြသကြကုန်အံ့။ အဖိုးအခကိုလည်း ရကြကုန်အံ့။ ဝါးတိုင်ထိပ်မှလည်း အန္တရာယ်ကင်းစွာ ပြန်လည်ဆင်းသက်နိုင်ကြကုန်အံ့" ဟု ပြောဆို၏။

ထိုအခါ တပည့်ဖြစ်သူက "ဆရာ၊ ဆရာဆိုသောစကားသည် မသင့်ပါ။ ဆရာက မိမိကိုယ်ကိုပဲ စောင့်ရှောက်ပါ။ ကျွန်ုပ်ကလည်း မိမိကိုယ်ကိုပဲ စောင့်ရှောက်ပါမည်။ ဤသို့ ကျွန်ုပ်တို့နှစ်ဦးစလုံး မိမိကိုယ်ကို (အန္တရာယ်မဖြစ်အောင်) စောင့်ရှောက်ကြလျှက် အတတ်ပညာတို့ကို ပြသကြကုန်အံ့။ အဖိုးအခကိုလည်း ရကြကုန်အံ့။ ဝါးတိုင်ထိပ်မှလည်း အန္တရာယ်စွာ ပြန်လည်ဆင်းသက်နိုင်ကြကုန်အံ့" ဟု ပြောဆို၏။

မြတ်စွာဘုရားက ထိုဆရာတပည့် နှစ်ဦးတို့၏ စကားတို့တွင် တပည့်ဖြစ်သူ၏ စကားက ပို၍ သင့်မြတ်ကြောင်း မိန့်တော်မူသည်။ ထိုနောက် တပည့်ဖြစ်သူပြောစကားကို ဥပမာဆောင်၍ အောက်ပါအတိုင်း မိန့်တော်မူပါသည်။ 

"မိမိကိုယ်ကို စောင့်ရှောက်မည်" ဟု စဥ်းစားသူသည် သတိပဋ္ဌာန်တရားကို (သတိတိုးပွားရေးကျင့်စဥ်ကို) ပွားများအားထုတ်သင့်၏။ "သူတစ်ပါးကို စောင့်ရှောက်မည်" ဟု စဥ်းစားသူသည်လည်း သတိပဋ္ဌာန်တရားကို ပွားများအားထုတ်သင့်၏။ သတိပဋ္ဌာန်တရားကို ပွားများအားထုတ်ခြင်း၊ ကြိမ်ဖန်များစွာပြုလုပ်ခြင်းအားဖြင့် မိမိကိုယ်ကို စောင့်ရှောက်သူသည် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏။ သူတစ်ပါးကို စောင့်ရှောက်သူသည်လည်း မိမိကိုယ်ကို စောင့်ရှောက်ရာ ရောက်၏။" 

မှန်ပါသည်။ အမြဲတမ်း သတိဖြင့် နေထိုင်သူတစ်ဦးသည် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးသားမယားကို ကျူးလွန်ဖောက်ပြားခြင်း၊ လိမ်လည်ပြောဆိုခြင်းစသော သူတစ်ပါးကို ထိခိုက်စေသည့် မကောင်းမှုတို့ကို ပြုလုပ်တော့မည် မဟုတ်ပေ။ မိမိ၏ ကိုယ်နှုတ်စိတ်တို့ကို အသိသတိဖြင့် စောင့်ထိမ်းနေသူသည် မိမိကိုယ်ကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ပြီးသားဖြစ်သလို မိမိနှင့် စပ်ဆက်နေသည့် ပတ်ဝန်းကျင်ကိုလည်း အန္တရာယ်မဖြစ်အောင်၊ အကုသိုလ်မပေးမိအောင် စောင့်ရှောက်ပြီးသား ဖြစ်သွားတော့သည်။

ထို့နောက် မြတ်စွာဘုရားက ကျွမ်းဘားဆရာကြီး၏ "သူတစ်ပါးကို စောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်ရာရောက်၏" ဟူသော အယူအဆကိုလည်း ဥပမာဆောင်၍ ဟောတော်မူပါသည်။ 

"ရဟန်းတို့၊ သည်းခံခြင်း (ခန္တီ)၊ မညှဥ်းဆဲခြင်း (အဝိဟိံသာ)၊ ချစ်ခင်ကြင်နာခြင်း (မေတ္တာ)၊ အစဥ်သနားခြင်း (အနုဒယာ) ဟူသော ကျင့်စဥ်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်ပေ၏။" 

မှန်ပေသည်။ မိမိပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်တို့၏ အပြုအမူနှင့် အပြောအဆိုတို့သည် အမြဲတမ်း ကျေနပ်စရာ၊ နှစ်လိုဖွယ်ရာ ကောင်းနေမည်မဟုတ်ပေ။ အကယ်၍ မကျေနပ်စရာများ တွေ့မြင်ကြားသိရပါက  စိတ်ကိုထိန်း၍ သည်းခံခြင်း (ခန္တီ)၊ အားနည်းသူတို့ကို မညှင်းဆဲ၊ မနှိပ်စက်ခြင်း (အဝိဟိံသာ)၊ သူတစ်ပါးတို့၏အကျိုးစီးပွားကို လိုလားသော မေတ္တာစိတ်ဖြင့် နေထိုင်ပြောဆိုခြင်း (မေတ္တာ)၊ နိမ့်ပါးသူတို့ကို တွေ့လျှင် ကြင်နာသနားစိတ်ဖြင့် စောင့်ရှောက်ခြင်း (အနုဒယာ) အကျင့်တို့သည် သူတစ်ပါးကို စောင့်ရှောက်ခြင်း နည်းလမ်းများပင် ဖြစ်သည်။ သူတစ်ပါးကို ကူညီစောင့်ရှောက်သူသည် လူချစ်လူခင် ပေါများ၍ မိမိအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်နှင့် အခက်အခဲများ ပပျောက်၍ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြီးသားလည်း ဖြစ်သွားတော့သည်။ 


ကျမ်းကိုး။ 
  1. သေဒကသုတ္တံ (သံ၊၃၊၁၄၆)
  2. ပဒသုတ္တံ (သံ၊၃၊၄၀)
  3. ဓမ္မပဒအဋ္ဌကထာ (ပ) - ၁၄၅ 
--------

(က) သတိဖြင့် နေထိုင်ခြင်းသည် လောက၌ အတွင်းရန်၊​ အပြင်ရန်ဟူသော အန္တရာယ်တို့ကို တားမြစ်နိုင်သော အကောင်းဆုံးသော ပရိတ် (The best protection) ပင် ဖြစ်သည်။ တရားဘာဝနာ ပွားများခြင်း (Meditation) ကို ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆိုရလျှင် သမ္မာသတိကို တိုးပွားလာအောင် အားထုတ်ခြင်းပင် ဖြစ်ပါသည်။

(ခ) ခန္တီ၊ အဝိဟိံသာ၊ မေတ္တာ၊ အနုဒယာတို့ကို ကျင့်ကြံအားထုတ်ခြင်းသည် ဒုတိယအကောင်းဆုံးသော ပရိတ် (Protection) ဖြစ်သည်။

(ဂ) ဗုဒ္ဓဘာသာဝင်များ နေ့စဥ်ရွတ်ဖတ်သရဇ္စျယ်နေကြသော ပရိတ်တော်များမှာ တတိယတန်းစားအဆင့်ရှိသော ပရိတ် (Protection) များ ဖြစ်သည်ဟု ဆိုချင်ပါသည်။
================================


"All kinds of wholesome deeds originate from mindfulness (sati), and mindfulness is essential everywhere," the Buddha says. The Dhammapada commentary states that all the teachings of the Buddha, found in the Pali Canon (tipiṭaka), can be incorporated into mindfulness. Meditation can be, in a simplest and easiest way,  defined as a practice to increase mindfulness. Thus, we can understand the crucial role of Mindfulness in our daily life. 


In Sedaka Sutta (SN 47:19), the Buddha highlighted the importance of mindfulness by using a parable of two acrobats.


“Bhikkhus, once upon a time, there were two acrobats, a master and his apprentice,  who earned their living by performing acrobatic skills on the top of a bamboo pole. The master ask to set up a bamboo pole and told his apprentice ‘Medakathālika, climb up the pole and stand on my shoulders.’ As instructed, the apprentice climbed up the pole and stood on the shoulders of his master. 


Then the master said to his apprentice: ‘You protect me, dear Medakathālika, and I'll protect you. Thus, protecting one another, we’ll display our skills, earn our fee, and get down safely from the bamboo pole.’


But the apprentice replied: 'That is not the right way, Master. You protect yourself, and I'll protect myself. Thus, protecting oneself, we’ll display our skills, earn our fee, and get down safely from the bamboo pole.’


The Buddha said that the apprentice’s words were wiser and nicer. He then used this analogy to deliver the sermon. 'If someone think, Bhikkhus: 'I will protect myself,' one should develop mindfulness (sati); If someone think: 'I will protect others,' one should develop mindfulness (sati). Protecting oneself, Bhikkhus, one protects others; protecting others, one protects oneself.' 


Indeed, one who continually lives with mindfulness will not harm others by way of killing, stealing, committing sexual misconduct, telling a lie etc. One who guards his body, speech, and mind with mindfulness naturally avoids causing harm to other people around him. Thus, protecting oneself with mindfulness, one protects others; protecting others with mindfulness, one protects oneself.' 



The Buddha further illustrated the acrobat's teaching with the idea that 'By taking care of others, one also takes care of oneself.' 



================================



At that point, the teacher said to the student, ‘Medakathalika, you must watch over me to ensure that I am safe, and I will watch over you to ensure that you are safe. By watching over each other in this way, we will demonstrate our skills, earn our pay, and safely descend from the bamboo pole.’

The student replied, ‘Teacher, that is not right. You should look after yourself, and I will look after myself. In this way, by each of us safeguarding ourselves, we will demonstrate our skills, earn our pay, and safely descend from the bamboo pole.’

The Buddha declared that the student’s words were more fitting. He then used this story as an example and preached the following:

‘One who has trained themselves to "safeguard themselves" must continually develop mindfulness. One who has trained themselves to "safeguard others" must also continually develop mindfulness. By developing mindfulness, one who safeguards themselves also safeguards others. And one who safeguards others also safeguards themselves.’

Indeed, one who continually lives with mindfulness will not commit harmful actions such as killing, stealing, adultery, or lying, which harm others. A person who diligently guards their body, speech, and mind with mindfulness has already safeguarded themselves from harm and also protected their surroundings from harm.

Furthermore, the Buddha used the example of the teacher’s belief that "by safeguarding others, one also safeguards oneself" to illustrate the following:

‘Monks, through patience (khanti), non-harming (avihimsa), loving-kindness (metta), and compassion (anukampa), when one protects others, one also protects oneself.’

The actions and words of those around us may not always be pleasant. When encountering unpleasant things, if we can exercise patience (khanti), refrain from harming or oppressing others (avihimsa), speak and act with loving-kindness (metta) toward the well-being of others, and show compassion (anukampa) for the suffering of others, these actions constitute protecting others. By protecting others in this way, one gains popularity, and potential dangers and difficulties are dispelled, leading to the safeguarding of oneself.

In the world, the best protection against internal and external dangers is mindfulness. Developing mindfulness is, in itself, meditation (bhavana). The second-best protection is patience, non-harming, loving-kindness, and compassion. The protective verses (paritta) that Buddhists chant daily rank third in terms of protection.”

နိဗ္ဗာန်သည် ဘုံဌာနမဟုတ်

နိဗ္ဗာန်ဘုံ၊ ဝက်နိဗ္ဗာန်


နာမည်ကြီး ဆရာတော်တစ်ပါးနဲ့ ကျောင်းသူကျောင်းသားလေးတွေ အမေးအဖြကဏ္ဍတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က နိဗ္ဗာန်အကြောင်းမေးတာ ကြည့်လိုက်ရတယ်။ "ဆရာတော်ဘုရား၊ တပည့်တော် နိဗ္ဗာန််ကို မတော်တဆ ရောက်သွားရင်် နိဗ္ဗာန်ကနေ ပြန်ထွက်လာလို့ ရလားဘုရား" တဲ့။ နိဗ္ဗာန်မှာ ဘာမှမရှိဘူးဆိုတဲ့အသိရယ်၊ နိဗ္ဗာန်ဟာ ဘုံဌာနတစ်ခု ဖြစ်တယ်ဆိုတာရယ်လို့ နားလည်ထားတော့ ကျောင်းသားလေးက နိဗ္ဗာန်ကို ရောက်သွားမှာ ကြောက်နေတယ်ထင်ပါရဲ့။ 


တက္ကသိုလ်ကျောင်းသားတွေလုပ်ကြတဲ့ စကားရည်လုပွဲတစ်ခုမှာ ကျောင်းသူလေးတစ်ယောက်က သူ့ရဲ့အဆို ခိုင်မာဖို့အတွက် ဇာတ်မင်းသား မောင်သိန်းဇော်ရဲ့ ကဗျာလေးကို ကိုးကားပြီး ပြောသွားခဲ့တယ်။ "ပန်းကလေးရေ ... လမ်းထိပ် မုန့်ဟင်းခါးဆိုင်လေးကနေ နိဗ္ဗာန်အထိ မင်းနဲ့အတူ သွားချင်တယ်" ဆိုတဲ့ ကဗျာလေးပါ။ အဲ့ဒီအပိုင််းလေးက ဆိုရှယ်မီဒီယာမှာ အတော်နာမည််ကြီးသွားပါတယ်။​ လူငယ်တွေ အရမ်းသဘောကျကြတာပေါ့။ မောင်သိန်းဇော်ရဲ့ ကဗျာမှာ နိဗ္ဗာန်ကို ခြေထောက်နဲ့ သွားလို့ရတဲ့ ဘုံဌာနတစ်ခုအနေနဲ့ ပုံဖော်ထားတယ်။ 

အဆိုတော် ဆိုင်းထီးဆိုင်ရဲ့ "ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ" ဆိုတဲ့ သီချင်းကလည်း လူတွေအကြားမှာ နာမည်ကြီးတယ်။ လူကြီးဖြစ်လာအချိန် အခက်အခဲ အကြပ်အတည်းတွေနဲ့ တွေ့ကြုံတိုင်း အပူအပင်ကင်းတဲ့ ကလေးဘဝကို ပြန်လည်တောင်းတတဲ့ သီချင်းပါ။ ဒီလိုသီချင်းတွေကလည်း နိဗ္ဗာန်ကို သွားလို့ရတဲ့ ဘုံတစ်ခုအနေနဲ့ အထင်မှားစေပါတယ်။

ဗုဒ္ဓဘာသာဝင် အများစုက နိဗ္ဗာန်ဟာ သွားလို့ရတဲ့ ဘုံဌာနတစ်ခုလိုမျိုး မြင်နေကြတယ်။ ဒါဆိုရင် သူတို့သိနေတဲ့နိဗ္ဗာန်က ဘာသာခြားတွေ ပြောနေတဲ့ ကောင်ကင်ဘုံနဲ့ ဘာများထူးဦးမလဲ။ ကိုယ့်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေတင် ဒီလို ဖြစ်နေတာလားဆိုတော့လည်း အဲ့လို မဟုတ်ပြန်ဘူး။ အခြားဗုဒ္ဓသာသနာကို ကိုးကွယ်ကြတဲ့ နိုင်ငံကလူတွေလည်း ဒီလိုပဲ မှားယွင်းယူဆနေကြကြောင်း သီရိလင်္ကာနိုင်ငံသား ပညာရှင်ကြီးနှစ်ယောက်ရေးတာ ဖတ်ခဲ့ရဖူးတယ်။

ဘုန်းကြီးတချို့ကလည်း နိဗ္ဗာန်ကို သွားလို့ရတဲ့ ဘုံဌာနတစ်ခုလို အသိမှားစေတဲ့ အသုံးအနှုန်းတွေ သုံးစွဲနေကြတာ တွေ့နေရတယ်။ အဲ့ဒီအထဲက ဥပမာ အနည်းငယ် ထုတ်ပြချင်ပါတယ်။ "သူတော်ကောင်းတို့ စံပျော်ရာ မြတ်နိဗ္ဗာန်ကို ရောက်ကြရကြပါစေကုန်သတည်း။" "ပရိနိဗ္ဗာန်စံဝင်တော်မူ၏ " "entering Nibbāna" "ပရိနိဗ္ဗာန်စံပြီးနောက် အာရုံပြုအပ်သော နိဗ္ဗာန်် (၂၀၁၄ - ခုနှစ်၊ သာသနာရေးဝန်ကြီးဌာန အဘိဓမ္မာစာမေးပွဲမေးခွန်း)။" 

နိဗ္ဗာန်ဆိုတာ သွားရတဲ့ နေရာတစ်ခုအဖြစ် ဘုရားကိုယ်တိုင် တင်စားသုံးနှုံးခဲ့တာ ရှိပါတယ်။ တင်စားသုံးစွဲခဲ့တာကို တိုက်ရိုက်အနေနဲ့ ယူလိုက်တဲ့အခါကျတော့ နားလည်မှုတွေ လွှဲသွားကြခြင်း ဖြစ်ပါတယ်။ ဒီအထဲက တချို့ကို ရှင်းပြချင်ပါတယ်။

နိဗ္ဗာန်ဟာ သွားလို့ရတဲ့ ဘုံဌာနတစ်ခုမဟုတ်ပါဘူး။ စိတ်နဲ့ အာရုံပြုပြီး ဉာဏ်နဲ့ သိရတဲ့ "ငြိမ်းအေးမှု" ပါ။ ဒါကို ပါဠိတော်အထောက်အထား၊ အဘိဓမ္မာအထောက်အထားတချို့နဲ့ ရှင်းပြချင်ပါတယ်။ 

၁။ ဂတိငါးပါးနှင့် နိဗ္ဗာန်

၈။ မဂ္ဂဖလမာရမ္မဏဘူတံ

၉။ နိဗ္ဗာန်ဟာ ဓမ္မာရုံဖြစ်တယ်။

၁၀။ ဌာနဘုံနဲ့ အဝတ္ထာဘုံ







နိဗ္ဗာန်ကို မလိုချင်ကြသူများ / မင်္ဂလသုတ်လာ နိဗ္ဗာန်

နိဗ္ဗာန်အကြောင်း ပြောတိုင်း ကိုရင်ငယ်ဘဝက ဦးဇင််းတစ်ပါး ပြောတာလေး ခေါင်းထဲ ချက်ချင်းပေါ်လာတတ်တယ်။ "ငါတို့ကတော့ နိဗ္ဗာန် မလိုချင်သေးဘူးဗျာ" တဲ့။ ဘာလို့လဲမေးတော့ နိဗ္ဗာန်မှာ TV မှ မရှိတာတဲ့။ အဲ့ဒီတုန်းက (၁၉၉၃ ဝန်းကျင်) မြန်မာပြည်မှာ ကာလာတီဗွီတွေ ပေါ်ကာစပဲ ရှိသေးတယ်ထင်တယ်။ MRTV နဲ့ မြဝတီက တရုတ်ဇာတ်လမ်းတွဲတွေ၊ ရွှေဓူဝံ၊ ဝမ်ချိုင်းတို့ရဲ့ လက်ဝှေ့ပွဲတွေ လာတယ်။ ထက်ထက်မိုးဦးနဲ့ ဒွေးတို့ရဲ့ ကြော်ငြာတွေကို အရသာခံ ကြည့်ရတဲ့အချိန်ပေါ့။ ကျောင်းက TV ထားခွင့်မရှိတော့ တခြားကျောင်းကို သွားသွား ကြည့်ရတယ်။ အဲ့လိုပြောခဲ့တဲ့ ဦးဇင်းလည်း လူထွက်သွားပါပြီ။ သူကြိုက်တဲ့ ကာမဂုဏ်တွေနောက် လိုက်ရင်း အပူတောမှာ ရုန်းကန်် လှုပ်ရှားနေလေရဲ့။ ကြုံရင် နိဗ္ဗာန်လိုချင်သေးလား ထပ်မေးရဦးမယ်။

နာမည်ကြီး စာတတ်ပေတတ် ဓမ္မကထိကဆရာတော်ကြီးတစ်ပါးက ပြောတယ်။ "ဘုန်းကြီးတို့ကတော့ နိဗ္ဗာန်် မလိုချင်သေးဘူး၊ အများအကျိုးအတွက် ပရဟိတလုပ်ငန်းတွေ အများကြီး လုပ်ချင်သေးတယ်"တဲ့။ ဒါကို ကြားတော့ ကိုယ့်နားကိုတောင် မယုံနိုင်အောင် ဖြစ်ရတယ်။ နိဗ္ဗာန်ရပြီးရင်ကော ပရဟိတဖြစ်တဲ့ အများအကျိုးဆောင်လုပ်ငန်းတွေ လုပ်လို့ မရဘူးလား။ ကိုယ်လုပ်တဲ့ ပရဟိတက ပိုပြီးတောင် သန့်ရှင်းဖြူစင်သွားမယ်မို့လား။ မြတ်စွာဘုရားနဲ့ ရဟန္တာအရှင်မြတ်တွေလည်း နိဗ္ဗာန်ရပြီးမှ အမျိုးအကျိုးအတွက် အလုပ်လုပ်ခဲ့ကြတာပဲလေ။

နာမည်ကြီး စာသင်တိုက်ကြီးတစ်ခုက ပဓာနနာယကဆရာတော်ကြီးတစ်ပါးကလည်း အမေရိကန်နိုင်ငံမှာလုပ်တဲ့ တရားပွဲတစ်ခုမှာ ဘုန်းဘုန်းတို့ကတော့ နိဗ္ဗာန်မလိုချင်သေးဘူးလို့ ပြောတာ ကြားလိုက်ရတယ်။ သူ့စကားကို ကြားပြီး တော်တော်ကို အံ့ဩသွားခဲ့မိတယ်။ တချိန်တည်းမှာပဲ ဒီဆရာတော်ကြီး သင်နေတဲ့ ပရိယတ္တိပညာသင်ကြားရေးစနစ်ကိုလည်း သံသယဝင်လာမိတယ်။

ဗုဒ္ဓဘာသာဝင်အများစုကလည်း သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်မှု အားနည်းကြတာ တွေ့ရတယ်။ ဒါ့ကြောင့် နိဗ္ဗာန်အကြောင်းကို ဘုရားဟောပါဠိတော်တွေကို အဓိကကိုးကားပြီး ရေးသားဖို့ ကြိုးစားမိပါတယ်။

------------------

မင်္ဂလသုတ်လာ နိဗ္ဗာန်

နိဗ္ဗာန်မလိုချင်တဲ့သူတွေအနေနဲ့ "၃၈ ဖြာ မင်္ဂလာတရား" ထဲက နောက်ဆုံးမင်္ဂလာလေးပါးကို သေချာလေး လေ့လာစေချင်တယ်။ ၃၈ ဖြာ မင်္ဂလာတရားတွေကို သေချာလေ့လာရင် မင်္ဂလာတရားတွေက တဆင့်ပြီးတဆင့် မြင့်မြင့်လာတဲ့သဘောကို တွေ့ရမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးမင်္ဂလာလေးပါးဟာ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ စိတ်နေစိတ်ထားကို ပြတယ်လို့ အဋ္ဌကထာက ဆိုပါတယ်။ ပိုပြီး နားလည်အောင် ပြောရရင် ဒီမင်္ဂလာလေးပါးဟာ နိဗ္ဗာန်ရပြီးသူတွေ ရရှိနိုင်တဲ့ မင်္ဂလာတရားတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဂါထာရဲ့ရှေ့မှာ "အရိယသစ္စာနဒဿနံ" (သစ္စာလေးပါးကို သိမြင်ခြင်း) နဲ့ "နိဗ္ဗာနသစ္ဆိကိရိယာယ" (နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ နိဗ္ဗာန်ကို ဉာဏ်မျက်စိနဲ့ မြင်သွားသူ) ဆိုတဲ့ မင်္ဂလာနှစ်ပါး ဟောထားလို့ပါ။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသူဟာ အောက်က မင်္ဂလလေးပါးနဲ့ ပြည့်စုံတယ်ဆို့ ဆိုလိုပါတယ်။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။

အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။

"အကောင်းအဆိုး လောကဓံတရားတို့နှင့် တွေ့ကြုံရသော အကြင်သူ၏စိတ်သည် တုန်လှုပ်မှုမရှိ၊ စိုးရိမ်ပူဆွေးခြင်းလည်း မရှိ၊ ရာဂစသော မြူအညစ်အကြေးလည်း မရှိ၊​ ဘေးလည်း မရှိ (ငြိမ်းချမ်း၏)။ ဤလေးပါးကား မြတ်သော မင်္ဂလာတရားများပေတည်း။"​

အပေါ်က ဂါထာကို ပိုပြီးပေါ်လွင်အောင် ပြောရရင် အကောင်းအဆိုး လောကဓံရှစ်ပါးနဲ့ တွေ့ကြုံခံစားနေရပေမဲ့ နိဗ္ဗာန်ရပြီးတဲ့သူဟာ 

၁။ အကမ္ပန = မတုန်လှုပ်တော့ဘူး။ 

၂။ အသောက = မစိုးရိမ်တော့ဘူး။

၃။ ဝိရဇ = (ရာဂ၊ ဒေါသ၊ မောဟ ဆိုတဲ့) အညစ်အကြေးတွေ ကင်းနေတယ်။

၄။ ခေမ = ငြိမ်းချမ်းနေတယ်။

အဋ္ဌကထာမှာတော့ အကမ္ပိတစိတ္တ (မတုန်လှုပ်တဲ့စိတ်)၊ အသောကစိတ္တ (မစိုးရိမ်တဲ့စိတ်)၊ ဝိရဇစိတ္တ (အညစ်အကြေးကင်းတဲ့စိတ်)၊ ခေမစိတ္တ (ငြိမ်းချမ်းတဲ့စိတ်) လို့ စိတ်ကို ယူပါတယ်။ ဒီလိုဖွင့်ဆိုတာက ရှင်းတော့ ရှင်းတယ်။ အမှန်တကယ်တော့ အကမ္ပန၊ အသောက၊ ဝိရဇ၊ ခေမ ပါဠိပုဒ်တွေဟာ နိဗ္ဗာန်ရဲ့ ပရိယာယ်ပုဒ်များသာ ဖြစ်ကြပါတယ်။ 

လူအများစုက "အသက်ကြီးလာရင် ဘဝကို အေးအေးချမ်းချမ်းပဲ နေချင်တော့တယ်" လို့ ပြောလေ့ရှိကြပါတယ်။ လူတစ်ဦးအတွက် ဘယ်အချိန်ပဲ ဖြစ်နေပါစေ၊ တွေ့ကြုံလာတဲ့ လောကဓံတရားတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်းဟာ အကြီးမားဆုံး မင်္ဂလာတစ်ပါးပဲမို့လား။ 

နိဗ္ဗာန်မရချင်ဘူးလို့ ပြောတာဟာ ဘဝကို တုန်လှုပ်မှုတွေ၊ စိုးရိမ်မှုတွေ၊ ညစ်နွမ်းတဲ့စိတ်ထားတွေနဲ့ ပူပူလောင်လောင် ဖြတ်သန်းချင်တယ်လို့ ပြောတာနဲ့ အတူတူပါပဲ။ နိဗ္ဗာန်ရဲ့ သဘာဝကို မင်္ဂလသုတ်က ဒီဂါထာလေးမှာ လာတဲ့အတိုင်း ရှင်းရှင်းလင်းလင်း နားလည်မယ်ဆိုရင် "နိဗ္ဗာန်မလိုချင်ဘူး" လို့ ပြောကြတော့မယ် မထင်ဘူး။

Wednesday, February 12, 2025

ဝိရောဓိများ

ဝိရောဓိ (၁)

အရှေ့တိုင်းသားများက နှစ်သစ်ကူးကာလတွင် သိကြားမင်းကြီး လူ့ပြည်သို့ ဆင်းလာသည်ဟု ယုံကြည်ကြပြီး နှစ်ဟောင်းမှ အညစ်အကြေးဟူသမျှကို ဆေးကြောရန် ရေပတ်ကစားကြသည်။

နော်ဝေ၊ ဆွီဒင်စသော စကင်နေးဗီးယန်းဒေသမှ လူများကမူ () နတ်မင်းကြီးကို တိုင်တည်ကာ မီးပုံပွဲပြုလုပ်ကာ နှစ်သစ်ကို ကျော်ဖြတ်ကြသည်။ (Colorful Myanmar စာအုပ်ကို ကြည့်ရန်)

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ပြည်သူ့ဝန်ထမ်းများကလည်း မြန်မာတို့၏ နှစ်သစ်ကူး အတာရေသဘင်ပွဲကို အေးချမ်းလှသည့် နှင်းများကြားတွင် မီးပုံပွဲ ပြုလုပ်ကာ ဆင်နွှဲကြသည်ဟု ဆိုသည်။

ဝိရောဓိ (၂)

အရှေ့တိုင်းသားများက နေရာသစ်တစ်ခုကို အလည်အပတ်သွားလျှင် ပြင်ပရှု့ခင်းများကို နောက်ခံထားကာ ဓာတ်ပုံရိုက်ကြသည်။ 

အနောက်တိုင်းသားတို့ကား နေရာသစ်တစ်ခုကို ရောက်တိုင်း စေ့စပ်စွာ လေ့လာစူးစမ်းကြပြီး ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ကြသည်။ 

ဝိရောဓိ (၃)

အနောက်တိုင်းသားများက ဖန်ဆင်းရှင်ဘုရားကို ကိုးကွယ်ကြသော်လည်း အလုပ်ကို

ဝိရောဓိ (၄)

လူများက အသက် (၆၅) မှာ ပင်စင်ယူသည်။ အကောင်းဆုံး ပေးဆပ်ပြီး အသက် (၆၀) ရောက်တဲ့အခါ အသက်အရွယ်အရ တာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘူးဆိုတဲ့ လက်တွေ့ကျတဲ့ အမြင်နဲ့ အလုပ်က ထွက်တယ်။ မဟနအဖွဲ့မှာကျတော့ တစ်မျိုး။ အသက် (၆၀) ကျမှ လုပ်ငန်း စလုပ်တယ်။ ပြောင်းပြန်

ဒါနလမ်းညွှန် (၂)

ဝစ္ဆဂေါတ္တပရိဗိုဇ်က သူကြားခဲ့တဲ့ စွပ်စွဲချက်တွေကို မြတ်စွာဘုရားကို လျောက်ထားပါတယ်။ 

 “အရှင်ဂေါတမ၊ အရှင်ဂေါတမဟာ ‘ငါနဲ့ ငါ့တပည့်တွေကိုသာ အလှူကို ပေးလှူသင့်တယ်၊ အခြားသော သူတွေကို မပေးလှူသင့်ဘူး။ ငါနဲ့ ငါ့ရဲ့တပည့်တွေကို ပေးလှူတဲ့ အလှူကသာ အကျိုးကြီးတယ်။ အခြားသူတွေကို ပေးလှူတဲ့ အလှူက အကျိုးမကြီးဘူး’ လို့ ဟောပြောလေ့ရှိကြောင်း ကျွန်ုပ် ကြားဖူးပါတယ်။ ထိုစကား မှန်ပါသလား” 

ဝစ္ဆဂေါတ္တပရိဗိုဇ်ရဲ့အမေးကို မြတ်စွာဘုရားက “ဝစ္ဆ၊ အဲ့ဒီစကားဟာ မမှန်ပါဘူး။ မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသာ ဖြစ်တယ်” လို့ တုန့်ပြန် ဖြေကြားတော်ပါတယ်။ 

“ဝစ္ဆ၊ သူတစ်ပါး၏ အလှူကို တားမြစ်သူသည် အလှူရှင်၏ ကုသိုလ်ကောင်းမှု အန္တရာယ်ကို ပြုသည် မည်၏။ အလှူခံ ပုဂ္ဂိုလ်၏ လဒ်လာဘ အန္တရာယ်ကို ပြုသည် မည်၏။ ထိုသူ သည် မိမိကိုယ်ကို တူးဖြိုဖျက်ဆီးအပ်သည်လည်း မည်၏။”


ဝစ္ဆဂေါတ္တသုတ္တန် (အံ၊၃၊၅၇)

ဒါနလမ်းညွှန် (၁)

 ကောသလမင်းကြီးက မြတ်စွာဘုရားကို ဒါနနဲ့ ပတ်သက်ပြီး မေးတယ်။ 

"အရှင်ဘုရား၊ အဘယ်ပုဂ္ဂိုလ်မျိုးကို လှူထိုက်ပါသလဲဘုရား"
 
မြတ်စွာဘုရားက တိုတိုတုပ်တုပ်ပဲ ပြန်ဖြေပါတယ်။
"ကိုယ့်စိတ်ကို ကြည်လင်စေမယ့် ပုဂ္ဂိုလ်ကို လှူပါ"
(ကိုယ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်၊ ကိုယ်သဘောကျတဲ့ပုဂ္ဂိုလ်ကို လှူပါ)
 
ကောသလမင်းကြီးက ဒုတိယမေးခွန်း ထပ်မေးတယ်။
"အဘယ်ပုဂ္ဂိုလ်ကို လှူရင် အကျိုးများပါသလဲဘုရား"
 
မြတ်စွာဘုရားရဲ့အဖြေက ဒါနလုပ်သူများအတွက် လိုက်နာသင့်တဲ့ လမ်းညွှန်ချက် ဖြစ်ပါတယ်။
"မင်းကြီး၊ အဘယ်ပုဂ္ဂိုလ်ကို လှူထိုက်သလဲဆိုတဲ့ မေးခွန်းနဲ့ အဘယ်ပုဂ္ဂိုလ်ကို လှူရင် အကျိုးများသလဲဆိုတဲ့ မေးခွန်းနှစ်ခုက မတူဘူး။" 
"သီလရှိသူကို လှူတာက ပိုပြီး အကျိုးများပါတယ်။ သီလမရှိသူကို လှူရင်တော့ အကျိုးမများလှဘူး"
 
ဒီနေရာမှာ "သီလရှိသူ" ဆိုတာ အလှူပစ္စည်းတွေကို မခိုးမဝှက်သူ၊ အလွဲသုံးစား မလုပ်သူ၊ စာရင်းဇယားနဲ့ တိတိကျကျလုပ်ပြီး အလှူကို စနစ်တကျ စီမံခန့်ခွဲသူ၊ အလှူရှင်ကို ငဲ့ကွက်ပြီး ချင့်ချိန်ကာ အလှူခံတတ်သူမျိုး ဖြစ်ပါလိမ့်မယ်။ သီလရှိသူကို လှူဒါန်းတဲ့အတွက် နောင်တရဖို့ မဖြစ်နိုင်သလို လှူဒါန်းပြီးချိန်မှာလည်း ဝမ်းမြောက်မှု၊ ကျေနပ်မှုတွေ ခံစားရမှာပါ။ ဒီလိုဒါနရဲ့အကျိုးကို ဒီဘဝတင်မက နောက်ဘဝတွေမှာပါ ခံစားရမှာပါ။
 
ကျမ်းကိုး။ ဣဿတ္တသုတ်၊ ကောသလသံယုတ် (သံ၊၁၊၉၉) 
-----

A BUDDHIST GUIDE TO DONATION (1)


King Kosala once asked the Buddha about giving donations: “Bhante, to whom should I give donations?”  

The Buddha gave a simple yet a profound reply: "Give to someone who brings peace and joy to your mind."  

(Give to someone you feel most inclined to give.)  


The king then posed a second question: "To whom should I give in order to gain the greatest fruit of merit?"  

In response, the Buddha gave an important guiding principle for the donors: "Great King, the question of whom you should give to and the question of whom you should give to in order to gain the greatest fruit of merit are different."

"Great King, giving to a moral person (sīlavato) brings greater merit, while giving to an immoral one yields lesser merit."  


In this teaching, a “moral person” can be someone who does not misuse or misappropriate the donated goods, someone who manages the donation properly and transparently, and someone who accepts the donation with gratitude and consideration for the donor. When we give to such a person, we can feel confident and free from regrets, knowing that our donation is used wisely. Such an offering brings not only immediate happiness and joy in this life but also merit that carries on into future lives. 



Reference: Issatta Sutta (SN 3:24) 

Monday, February 10, 2025

ပရိယတ္တိပညာရေး၊ ပါချုပ်ဆရာတော်ကြီးနှင့် အဆိုတော်ပိုပို




ပရိယတ္တိပညာရေးလို့ ဆိုတဲ့အခါ သံဃမဟာနာယကအဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ သာသနာရေးဝန်ကြီးဌာနက ကျင်းပတဲ့ မူ၊ ငယ်၊ လတ်၊ ကြီး၊​ ဓမ္မာစရိယ အတန်းတွေကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ မဟုတ်ရင် ပုဂ္ဂလိက အသင်းအဖွဲ့တွေက ကျင်းပနေတဲ့ အဘိဝံသစာမေးပွဲ၊ သာမဏေကျော်စာမေးပွဲ စတာတွေနဲ့ ရောမှာစိုးလို့ပါ။

လက်ရှိပရိယတ္တိပညာရေးစနစ်မှာ အားသာချက်တွေ ရှိပါတယ်။ ဆုံးခန်းတိုင်အောင် သွားနိုင်ရင် ဗုဒ္ဓစာပေတွေကို ဖတ်ရှု့ဖို့၊ လေ့လာဖို့ အခြေခံကောင်းကောင်း ခိုင်ခိုင်မာမာ ရသွားမှာပါ။ ပြဿနာက ဆုံးခန်းတိုင် ရောက်အောင်သွားနိုင်သူ အရေအတွက် နည်းခြင်းဖြစ်ပါတယ်။ လမ်းခုလက်မှာ လူထွက်သွားသူတွေ၊ ပညာရေးတစ်ပိုင်းတစနဲ့ သာသနာမှာ ဝေလေလေ ဖြစ်နေသူတွေကသာ များပါတယ်။ ပထမကြီးတန်းပြီးတဲ့အထိ ပါဠိတော်၊ အဋ္ဌကထာတွေနဲ့ ထိတွေ့မှု မရှိတာက အများကြီး စဥ်းစားစရာ ကောင်းပါတယ်။

အားနည်းချက်တွေကတော့ အတော်ကို များပါတယ်။ ဒါ့ကြောင့် ပြင်ဆင်ဖို့၊ ဖြည့်ဆွတ်ဖို့ လိုအပ်တယ်ဆိုတာကို သံဃာအများစုက လက်ခံထားကြတာ ကြာပါပြီ။ အထူးသဖြင့် တတ်သိနားလည်တဲ့ ပညာရှင်တွေက ထောက်ပြကြတာ၊ ဆွေးနွေးအကြံပြုကြတာတွေလည်း ရှိပါတယ်။ ခုချိန်ထိတော့ ပြင်ဆင်ဖို့ မလုပ်နိုင်ကြသေးပါဘူး။  ပြီးခဲ့တဲ့နှစ်က စိတ်မကောင်းစရာ သတင်းလေးတစ်ခု ဖတ်လိုက်ရတယ်။ ပရိယတ္တိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့လိုကြောင်း တစိုက်မက်မက် လုပ်ဆောင်နေတဲ့ ဆရာတော်တစ်ပါးက လက်လျော့အရှုံးပေးတဲ့စာလေး ရေးတင်ခဲ့တာပါ။ ဖတ်ပြီး အတော် စိတ်မကောင်း ဖြစ်ရပါတယ်။ 

လက်ရှိသွားနေတဲ့ ပရိယတ္တိပညာရေးစနစ်အပေါ်မှာ စာချဆရာတော်တွေ၊ စာသင်သားတွေရဲ့ ယုံကြည်မှုက တော်တော်ကို အားနည်းနေတာ တွေ့ရပါတယ်။ ပုဂ္ဂလိကအသင်းတွေက ဦးစီးကျင်းပနေတဲ့ သာမဏေကျော်စာမေးပွဲစနစ်နဲ့သာ ကျားကန်မထားရင် မူ၊ ငယ်၊ လတ်၊ ကြီး ပရိယတ္တိပညာရေးရဲ့ အခြေအနေက ဒီထက် ပိုဆိုးမယ့်သဘော ရှိပါတယ်။ ခုနောက်ပိုင်းမှာ သာမဏေကျော်စာဝါတွေ ပို့ချမပေးနိုင်တဲ့ စာသင်တိုက်တွေဟာ စာသင်တိုက်အဖြစ် ဆက်လက်ရပ်တည်ဖို့တောင် အတော်ကို ခက်ခဲသွားပါပြီ။ စာသင်သားမရှိလို့ ရပ်နားသွားရတဲ့ စာသင်တိုက်တွေလည်း မနည်းတော့ဘူး။ ဆိုလိုတဲ့သဘောက မူ၊ငယ်၊လတ်၊ကြီး၊ ဓမ္မာစရိယဆိုတဲ့ ပရိယတ္တိပညာရေးစနစ်က ခေတ်ကာလအနေအထားအရ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာ အမှန်ပါ။

ပရိယတ္တိပညာရေးစနစ်ကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောတဲ့အခါ စနစ်ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို ရှင်းရှင်းလင်းလင်း သိဖို့ အဓိက စဥ်းစားသင့်ပါတယ်။ လက်ရှိပညာရေးစနစ်အရ (သာမဏေကျော်အတန်းသာ မတတ်ခဲ့ဘူးဆိုရင်) ဓမ္မာစရိယတန်းပြီးဖို့ မလွယ်လှပါဘူး။ ပြီးဖို့ အရမ်းခဲရင်းလို့ပဲ ဓမ္မာစရိယတန်းကို စာသင်သားသင်္ချိုင်းလို့တောင် တင်စားခဲ့ကြတာ ဖြစ်ပါတယ်။ ဓမ္မာစရိယဘွဲ့ ရပြီးရင်ကော တကယ် စာတတ်သွားပြီလား။ အဓိကကျတဲ့ ဘုရားဟောတရားတော်တွေကိုကော ရှင်းရှင်းလင်းလင်း နားလည်သွားပြီလား၊ ကျမ်းစာတွေကော ရေးသားနိုင်ပြီလား။ ဟောရေးပြောရေးနဲ့ သာသနာပြုလုပ်ငန်းတွေကော လုပ်နိုင်သွားပြီလား။​ လားပေါင်းများစွာမေးပြီး သုံးသပ်ရမှာပါ။ 

လက်ရှိပညာရေးစနစ်မှာ ပါဠိသဒ္ဒါနဲ့ အဘိဓမ္မာကို အရေးပေးလွန်းပြီး ဘုရားဟောတရားတော်တွေထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ သုတ္တန်ပိဋကတ်ကို မေ့ထားကြတာ တကယ် အံ့ဩရပါတယ်။ ဓမ္မစက္ကပဝတ္တနသုတ်၊ မဟာသတိပဋ္ဌာနသုတ်၊ မဟာပရိနိဗ္ဗာနသုတ်၊ ခန္ဓသံယုတ်၊ သစ္စသံယုတ် စသဖြင့် အရေးကြီးတာတွေ မပါတာ တွေ့ရပါတယ်။  သုတ္တန်တွေမပါတော့ မြတ်စွာဘုရားနဲ့တွေ့ဖို့ အခွင့်အရေးနည်းသွားတယ်။ ဘုရားနဲ့ မတွေ့ရတော့ စာသင်သားတွေမှာ သဒ္ဓါတရားတွေ နည်းသွားကြတယ်။ သဒ္ဓါတရားအားနည်းတော့ လူထွက်သွားကြတယ်။ 

အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်းစတဲ့ ပါသင့်ပါထိုက်တဲ့ ဘာသာရပ်တွေလည်း မပါဘူး။ ခေတ်စနစ်နဲ့အညီ လေ့လာသင်ယူသင့်တဲ့ သင်္ချာ၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ သုတေသနစတဲ့ အခြားဘာသာရပ်တွေလည်း မလေ့လာရတော့ ဘုန်းကြီးအများစုက ရှုထောင့်စုံကနေ ခြုံငုံသုံးသပ်နိုင်စွမ်း အားနည်းကြတာ တွေ့ရပါတယ်။ အဆိိုးဆုံးကတော့ အဘိဓာန်မှာပါတဲ့ ဂါထာပေါင်း တစ်ထောင်ကျော်ကို အာဂုံဆောင်ကျက်မှတ်ရခြင်းပါပဲ။ ဒီအကြောင်းတွေးမိလိုက်တိုင်း အသက်ရှုကြပ်သလို ခံစားရပါတယ်။ အဘိဓာန်ဆိုတာ လိုအပ်မှသာ လှန်လှောကြည့်ရတဲ့ အကိုးအကားစာလို့ မသိကြတော့ လူပင်ပန်းပြီး စိတ်ပါ နွမ်းကြရပါတယ်။ 

ပရိယတ္တိပညာရေးနဲ့ ပတ်သက်လို့ စာရေးဆရာ ကျော်နန္ဒအောင်က ပါချုပ်ဆရာတော်ကြီးကို အင်တာဗျူးခဲ့တာလေး ဖတ်လိုက်ရတယ်။ အိုင်တီခေတ်မှာ သံဃာတော်များ ပညာရေးကို ပြောင်းသင့်၊ မပြောင်းသင့်ဆိုတဲ့ ခေါင်းစဥ်နဲ့ မေးခဲ့ဖြေခဲ့ကြတာပါ။ အင်တာဗျူးထားတာကတော့ တော်တော်လေး ကြာပါပြီ။ AI ကို တွင်တွင်ကျယ်ကျယ် အသုံးချလာကြတဲ့ ခုလိုချိန်မှာ ပရိယတ္တိပညာရေးစနစ်နဲ့ ပတ်သက်ပြီး ဆရာတော်ကြီးရဲ့ အမြင်တွေ ပြောင်းလဲနေပြီလား မသိရသေးပါဘူး။

ပါချုပ်ဆရာတော်ကြီးကတော့ လက်ရှိပညာရေးစနစ်က ပြောင်းလဲဖို့ မလိုဘူးဆိုတဲ့ဘက်က ဖြေဆိုသွားခဲ့တယ်။ သူတို့လည်း ဒီပညာရေးနဲ့ပဲ ကြီးပြင်းလာခဲ့တာပဲလို့လည်း ပြောသွားတယ်။ ဟုတ်ပါတယ်။ ဆရာတော်ကြီးတို့လို ပါရမီရှင်ပုဂ္ဂိုလ်တွေကတော့ ချွင်းချက်ပါ။ ဆရာတော်ကြီး စာတတ်တာကလည်း သာမဏေကျော်စာမေးပွဲနဲ့ အဘိဝံသစာမေးပွဲတွေကြောင့်လို့ သုံးသပ်နိုင်ပါတယ်။ အများစု သံဃာထုကြီးက မူ၊ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယတန်းတွေကိုသာ တက်ကြတော့ ဆရာတော်ကြီးနဲ့ မတူဘူးပေါ့။

ပညာရေးစနစ်တစ်ခုရဲ့ ရလဒ်တွေကို တွက်ချက်တဲ့အခါ စာတတ်မြောက်မှုရာခိုင်နှုန်းနဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့မူနဲ့ တွက်ချက်မှ နီးစပ်တဲ့အဖြေကို ရနိုင်မှာ ဖြစ်ပါတယ်။ အပေါ်က သုံးသပ်ခဲ့သလို စာသင်သားအများစုက ဓမ္မာစရိယတန်းမှာ တဖုန်းဖုန်းကျနေကြသလို လူထွက်နှုန်းကလည်း အတော်ကို များတာ တွေ့ရမှာပါ။ မိဘတစ်ဦးအနေနဲ့ ကိုယ့်သားကိုယ့်သမီးကို ဒီပညာရေးစနစ်နဲ့ တစ်သက်လုံး ဖြတ်သန်းစေဖို့ ယုံကြည်မှုကော ရှိပါ့မလား။ ဒါက မေးစရာတောင်မလိုတဲ့ အများသိပြီးသားကိစ္စ ဖြစ်ပါတယ်။ အညာက ရွာတွေမှာ ကိုရင်တွေ မရှိတော့တာ ကြာလှပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ပရိယတ္တိပညာရေးစနစ်မှာ အားနည်းချက်တွေ ရှိနေတာ အတော် ထင်ရှားပါတယ်။

ပါချုပ်ဆရာတော်ကြီးက အင်္ဂလိပ်စာကို သင်ရိုးမှာ ထည့်သင်တာကိုလည်း သဘောမကျတဲ့အကြောင်း ဆွေးနွေးသွားတယ်။ အင်္ဂလိပ်စာသင်တဲ့အတွက် ပိဋကတ်စာပေဘက်မှာ အားနည်းသွားနိုင်ကြောင်း အကြောင်းပြပါတယ်။​ ပါချုပ်ဆရာတော်ကြီး ခုလို အောင်မြင်သွားတဲ့အကြောင်းတွေထဲမှာ ပိဋကတ်စာပေ တတ်ကျွမ်းမှုနဲ့ ပညာရှင်တွေ အင်္ဂလိပ်လို ရေးသားထားတဲ့ ဗုဒ္ဓစာပေတွေကို ဖတ်ရှုပြီး ခွဲခြမ်းစိတ်ဖြာ ဝေဖန်နိုင်မှုတို့က အရေးပါမယ် ထင်ပါတယ်။ ဒီသဘောကို ဆရာတော်ကြီးဟောတဲ့ တရားတွေမှာ တွေ့နိုင်ပါတယ်။ 

ဆရာတော်ကြီးက အဲ့ဒီအင်တာဗျူးမှာပဲ သူ့အနေနဲ့ အင်္ဂလိပ်စာကို သင်လိုက်တဲ့အတွက် ပါဠိဘာသာကို ပိုပြီးနားလည်သွားကြောင်း ပြောဆိုခဲ့တာ တွေ့ရတယ်။ ဒီသဘောကို မိမိတို့ အင်္ဂလိပ်စာ စသင်တုန်းကလည်း သတိထားမိခဲ့ပါတယ်။ ဘာသာစကားတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြတယ်။ ဘာသာစကားတစ်ခုကို တတ်သွားရင် အခြားဘာသာစကားတစ်ခုကို သင်တဲ့အခါ အထောက်အကူ အများကြီးပြုပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီး ပြောရရင် ဘုန်းကြီးအများစုက မြန်မာစာညံ့ကြပါတယ်။ ပြဌာန်းကျမ်းစာထဲမှာ မြန်မာစာ မပါခြင်းရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ မြန်မာစာ မကျွမ်းကျင်တော့ ပိဋကတ်ထဲက ကိုယ်လေ့လာထားတဲ့ ဘုရားဟော ဒေသနာတော်တွေကို မြန်မာစာနဲ့ ရှင်းရှင်းလင်းလင်း မရေးနိုင်ကြတော့ဘူး။ 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက နာမည်ကြီးအဆိုတော် ပိုပိုရဲ့ အင်တာဗျူးကြောင့် ဦးဇင်းလေးတချို့ လှုပ်လှုပ်ခပ်ခပ် ဖြစ်သွား သတိထားလိုက်မိတယ်။ ပိုပိုက ယဥ်ကျေးပြီး ဘုရားတရားကိုင်းရှိုင်းတဲ့သူနဲ့ ချစ်သူဖြစ်ချင်ကြောင်း ပြောတော့ သတင်းထောက်က "ဒါဆိုရင် ဘုန်းကြီးလူထွက်ဆိုရင်ကော ယူမလား" လို့ ထောက်မေးလိုက်တယ်။ "ဘုန်းကြီးလူထွက်ဆိုရင် မဖြစ်နိုင်ဘူး၊ ဘာ့ကြောင့်လဲဆိုတော့ ဘုန်းကြီးလူထွက်က အလုပ်မလုပ်တတ်ဘူး" ဆိုပြီး ဖြေလိုက်ပါတယ်။ ဒါကို နားထောင်ပြီး သံဃာငယ်တွေက ကွန်မန့်တွေမှာ မခံချင်စိတ်နဲ့ တုန့်ပြန်ကြတာပေါ့။ တချို့ဆိုရင် သူတို့ဝေါပေါ်မှာတောင် တင်ရေးကြတာ တွေ့လိုက်ရတယ်။ သူတို့ကို ထိခိုက်တယ်လို့ ထင်ကြပုံရပါတယ်။ ကိုယ်လည်း ခပ်ငယ်ငယ်က တခါကြုံခဲ့ဖူးတယ်။ ဒကာမတစ်ယောက်က ကိုယ့်ကို လူမထွက်နဲ့၊ လူထွက်ရင် ဘာမလုပ်တတ်၊ ညာမလုပ်တတ်နဲ့ ဆင်းရဲမယ်လို့ ပြောလို့ စိတ်ဆိုးခဲ့ဖူးတယ်။ ကိုယ့်ကို အထင်သေးလို့ ပြောတဲ့စကားလို့ ထင်လို့ပါ။

ခုတော့ အဆိုတော်ပိုပိုတို့ ပြောတာတွေကို နားထောင်ပြီး စိတ်မကောင်း ဖြစ်မိပေမဲ့ စိတ်တော့ မဆိုးတော့ပါဘူး။ သူတို့ပြောစကားက ယေဘုယျအားဖြင့်လည်း မှန်နေလို့ပါ။ ဘုန်းကြီးလူထွက် အများစုက လူထွက်သွားရင် ဘွဲ့ရပညာတတ် ဖြစ်မလာနိုင်ကြဘဲ ဘဝကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေကြရသူတွေ ဖြစ်သွားပါတယ်။ ဘုန်းကြီးဘဝက ရခဲ့တဲ့ဘွဲ့ကလည်း လူထွက်သွားရင် သုံးစားလို့ မရတော့ဘူး။ သာသနာဝန်ကြီးဌာနမှာ အောက်ခြေဝန်ထမ်းလုပ်ဖို့တောင် အာမခံချက်က ရှိမနေပါဘူး။ ဒီလိုဖြစ်ရတာဟာ ဘုန်းကြီးပညာရေးစနစ်ကြောင့်လို့သာ လက်ညှိုးထိုးချင်ပါတယ်။ 

ကောင်းမွန်တဲ့ ပရိယတ္တိပညာရေးစနစ်ဆိုတာ ပိဋကတ်စာပေတတ်ကျွမ်းရုံသာမက သာသနာတော်နဲ့ နိုင်ငံတော်ကို အကျိုးပြုနိုင်တဲ့ သံဃာတော်တွေကို မွေးထုတ်ပေးနိုင်ရပါမယ်။ လူထွက်သွားခဲ့ရင်တောင် ဒီပညာရေးစနစ်က သူ့တို့ရဲ့ဘဝရပ်တည်ရေးအတွက် ကြီးကြီးမားမား အထောက်အကူပြုနိုင်ရပါမယ်။ ဒီလိုဖြစ်အောင်လည်း လိုအပ်တဲ့ ဘာသာရပ်တွေကို ပြဌာန်းကျမ်းစာမှာ ထည့်သွင်းပြဌာန်းပေးရမှာ ဖြစ်ပါတယ်။ ပရိယတ္တိပညာရေးစနစ်သာ ကောင်းခဲ့မယ်ဆိုရင် မိဘတွေကိုယ်တိုင် သူတို့သားသမီးတွေကို သာသနာ့ဘောင်ကို ယုံယုံကြည်ကြည်နဲ့ ဝင်ခိုင်းကြပါလိမ့်မယ်။ သာသနာ့ကုန်ကြမ်း ကိုရင်လေးတွေ ရှားပါးတယ်ဆိုတဲ့ ငြီးညူသံတွေလည်း တိတ်ဆိတ်သွားပါလိမ့်မယ်။

မှတ်ချက်။        ။ ပါချုပ်ဆရာတော်ကြီးဆိုတာ မိမိတို့ အမှန်တကယ် လေးစားကြည်ညိူ အားကျရတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ ဆရာတော်ကြီး လက်ရှိသွားနေတဲ့ သုတဓမ္မစာမေးပွဲပုံစံကို သဘောကျပါတယ်။ လူတွေအတွက် လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနိုင်လို့ပါ။ အထူးသဖြင့် ဆရာတော်ကြီးရဲ့ ဟောတရားတွေက ဘုရားဟောသုတ္တန်တွေကို အဓိကအခြေခံထားတာ ဖြစ်လို့ အကျိုးများပါတယ်။ ကိုယ့်တပည့်တွေကိုလည်း ဒီစာမေးပွဲကို ဝင်ဖြေဖို့ မကြာမကြာ တိုက်တွန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာတော်ကြီးရဲ့ ပရိယတ္တိပညာရေးအပေါ် ထားရှိတဲ့အမြင်ကတော့ အငြင်းပွားစရာရှိတယ်ဆိုတာ ထောက်ပြရင်း ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ ဆရာတော်ကြီးကို ပုပ်ခက်စော်ကားလိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း သိစေချင်ပါတယ်။

အရှင်စက္ကပါလ
၁၁/၀၂/၂၀၂၅

Thursday, February 6, 2025

ငါးပါးသီလနှင့် အိမ်ထောင်ရေး

ပါဠိ၊ အဋ္ဌကထာဖတ်နည်း

  1.  ကိုယ်သိလိုသော သုတ္တံ၊ ကိုယ်သိချင်သော အကြောင်းအရာကို ရှာလိုလျှင် မာတိကာကို အရင်ကြည့်ပါ။
  2. ကိုယ်သိလိုသော ပုဂ္ဂိုလ်တစ်ဦးအကြောင်း ရေးထားသည်ကို ရှာလိုလျှင် စာအုပ်နောက်ကျောရှိ "နာမာနံ အနုက္ကမဏိကာ" တွင် ရှာရမည်။
  3. ကိုယ်သိသော ဂါထာကို ရှာလိုလျှင် "ဂါထာသူစိ" တွင် ရှာနိုင်သည်။ ဂါထာ၏ 
  4. အင်္ဂုတ္ထုရ်ကို ညွှန်းတဲ့အခါ စာအုပ်အတွဲကို မညွှန်းဘဲ နိပါတ် (Chapter) အလိုက် ညွှန်းသည်မှာ အများနည်းနှင့် မတူ။