Showing posts with label လောဘ၊ ဒေါသ၊ မောဟ. Show all posts
Showing posts with label လောဘ၊ ဒေါသ၊ မောဟ. Show all posts

Wednesday, July 22, 2026

လောဘနှင့် ရာဂ အထူး

  • (ဘာရဒွါဇသုတ္တံ - သံ၊၂၊၃၂၉ ကို ကြည့်ပါ။ ‘‘လောလံ ခေါ, ဘော ဘာရဒွါဇ, စိတ္တံ။ အပ္ပေကဒါ မာတုမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ, ဘဂိနိမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ, ဓီတုမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ။)

Wednesday, August 6, 2025

အကုသလမူလ

  • အကုလသမူလသုတ် (အံ၊၁၊၂၀၂)၊ ကေသမုတ္တိသုတ် (အံ၊၁၊၁၈၉) စတဲ့ သုတ္တံတွေမှာ ပါဏာတိပါတရဲ့ မူလဇစ်မြစ်ဟာ လောဘ၊ ဒေါသ၊ မောဟ သုံးပါးထဲက တစ်ပါးပါးကြောင့်ဖြစ်နိုင်ကြောင်း ဟောထားပါတယ်။ အဒိန္နဒါနစတဲ့ တခြားဒုစရိုက်တွေရဲ့ မူလဇစ်မြစ်ကိုလည်း လောဘ၊ ဒေါသ၊ မောဟ သုံးနဲ့ပဲ ပြဆိုထားပါတယ်။ ဆိုလိုတာကတော့ ဒုစရိုက် (၁၀) ပါးထဲက ဘယ်ဒုစရိုက်ပဲဖြစ်ဖြစ် အရင်းခံက သုံးမျိုးလုံးကြောင့် ဖြစ်နိုင်ကြောင်း နားလည်ရမှာပါ။

အဘိဓမ္မာမှာတော့ ဒုစရိုက် (၁၀) ပါးတို့ရဲ့ အရင်းခံအကြောင်း (မူလ) ကို တမျိုးခွဲခြားလိုက်ပါတယ်။

၁။ ပါဏာတိပါတ၊ ပိသုဏဝါစာ၊ ဖရုသဝါစာနဲ့ ဗျာပါဒတွေဟာ ဒေါသကြောင့် ဖြစ်တယ်။ 

၂။ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒနဲ့ အဘိဇ္စျာတွေဟာ လောဘကြောင့် ဖြစ်တယ်။

၃။ သမ္ဖပ္ပလာပဟာ မောဟကြောင့် ဖြစ်တယ်။

၄။ ကျန်တဲ့ မုသာဝါဒ၊ မိစ္ဆာဒိဋ္ဌိ


နေတ္တိပ္ပကရဏ (နှာ - ၃၇)

လောကီ နဲ့ လောကုတ္တရာ

  •  ပုညကိရိယဝတ္ထုသုတ် (အံ၊၃၊၇၂) မှာ မေတ္တာဘာဝနာက လောကီကုသိုလ်တွေထဲမှာ အမြင့်ဆုံးပဲလို့ ဆိုတယ်။ ဝေလာမသုတ် (အံ၊၃၊၁၉၇) မှာတော့ မေတ္တာဘာဝနာ ပွားများတာထက် အနိစ္စသညာကို ပွားများခြင်းက ပိုပြီး အကျိုးများကြောင်း ဆိုထားပါတယ်။ ဒါဆိုရင် အနိစ္စသညာကို ပွားများတာက လောကီအဆင့် မဟုတ်တော့ဘဲ လောကုတ္တရာအဆင့် ဖြစ်သွားပြီလို့ ကောက်ချက်ချလို့ ရတယ်။ ဘာ့ကြောင့်လဲ? အနိစ္စသညာ ပွားနေတဲ့ အခိုက်အတန့်မှာ လောဘ၊ ဒေါသ၊ မောဟတွေ ရှိမနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မပါဘဲ လုပ်တဲ့ အလုပ်မှန်သမျှက လောကုတ္တရာ ဖြစ်တယ်လို့ သက်မှတ်ရမှာ ဖြစ်ပါတယ်။
  • တဒင်္ဂနိဗ္ဗုတ (တံ + အင်္ဂ + နိဗ္ဗုတ) ထို (ဝိပဿနာ) ဂုဏ်-အစိတ်-အဖို့-ဖြင့် (ကိလေသာတို့မှ) ငြိမ်းအေးပြီးသော၊သူ။ တဒင်္ဂနိဗ္ဗုတော (သံ၊၂၊၃၅)တိ တေန ဝိပဿနင်္ဂေန ကိလေသာနံ နိဗ္ဗုတတ္တာ တဒင်္ဂနိဗ္ဗုတော။ သံ၊ဋ္ဌ၊၂။၂၄၇။ (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄)
  • တဒင်္ဂနိဗ္ဗာနသုတ် [တဒင်္ဂ+နိဗ္ဗာန] ထိုထို ပဋ္ဌမစျာန်စသော ၉ ပါးသော ဝိဟာရသမာပတ် ဂုဏ်အစိတ်ဖြင့် ကိလေသာ ငြိမ်းအေးနိုင်ပုံကို အရှင်ဥဒါယီအား အရှင်အာနန္ဒာ ဟောပြရာသုတ်။ (အံ၊၃၊၂၄၆) (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄) တဒင်္ဂနိရောဓ ကိုလည်း ကြည့်ပါ။
  • အာသဝတရားတို့၏ အာရုံဖြစ်သော ဝေဒနာသည် လောကီမည်၍ အာသဝတရားတို့၏ အာရုံမဟုတ်သော ဝေဒနာတို့သည် လောကုတ္တရာမည်၏။  သာသဝါ ဝေဒနာ လောကိယာ။ သာ (အနာသဝါ) ဝိပရိယာယေန သာသဝါယ သုခုမာ။ (ဝိသုဒ္ဓိ၊၂၊၁၀၅)
  • (ဝိဘင်းပါဠိတော် (အဘိ၊၂၊၁၁၈) = တတ္ထ ကတမော ဒုက္ခသမုဒယော? တဏှာ စ, အဝသေသာ စ ကိလေသာ, အဝသေသာ စ အကုသလာ ဓမ္မာ, တီဏိ စ ကုသလမူလာနိ သာသဝါနိ, အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ – အယံ ဝုစ္စတိ ‘‘ဒုက္ခသမုဒယော’’။)
  • မဟာစတုစတ္တာရီသကသုတ်

Friday, August 1, 2025

စိတ်အမျိုးအစား (၃) မျိုး

ပံသုဓောဝကသုတ် (အံ၊၁၊၂၅၅) မှာ တရားအလုပ် အားထုတ်နေတဲ့ ရဟန်းတစ်ပါးအတွက် စိတ်အညစ်အကြေးတွေအကြောင်းကို ပြတဲ့အခါ (၁) အကြမ်းစား စိတ်အညစ်အကြေး (သြဠာရိက ဥပက္ကိလေ)၊ (၂) အလယ် အလတ်တန်းစား စိတ်အညစ်အကြေး (မဇ္စျိမ ဥပက္ကိလေသ) နဲ့ (၃) အနုစား စိတ်အညစ်အကြေး (သုခုမ ဥပက္ကိလေသ) ဆိုပြီး သုံးမျိုးခွဲပြထားတယ်။

၁/ အကြမ်းစား စိတ်အညစ်အကြေးဆိုတာ ကာယဒုစရိုက် ၃ ပါး၊ ဝစီဒုစရိုက် ၄ ပါး၊ မနောဒုစရိုက် ၃ ပါးနဲ့ ဆက်စပ်တဲ့ အတွေးအကြံတွေ ဖြစ်တယ်။

၂/ အလယ်အလတ်တန်းစား စိတ်အညစ်အကြေးဆိုတာ (က) ကာမဂုဏ်အရုံတွေကို ကြံစည်စဥ်းစားတာ၊ (ခ) ဒေါသနဲ့ယှည်တဲ့ အကြံအစည်နဲ့ (ဂ) ညှင်းဆဲနှိပ်စက်အနိုင်ကျင့်ချင်တဲ့ အတွေးတွေ ဖြစ်တယ်။

၃/ အနုစား စိတ်အညစ်အကြေးဆိုတာ (က) ဉာတိဝိတက္က = ဆွေမျိုးတွေအကြောင်း တွေးတောစဥ်းစားနေတာ (ခ) ဇနပဒဝိတက္က = (တိုင်းနိုင်ငံ) ရပ်ရွာ ဇနပုဒ်အကြောင်း ကြံစည်စဥ်းစားနေတာနဲ့ (ဂ) အနဝညတ္တိပဋိသံယုတ္တဝိတက္က = သူများ အထင်အမြင်သေးတာ မခံလိုတဲ့အတွေး (အထင်ကြီးခံလိုတဲ့အတွေး) တွေ ဖြစ်ပါတယ်။

ဝိသမလောဘ နှင့် သမလောဘ

  • ဝိသမလောဘ ဆိုတဲ့စကားကို အများစု ကြားဖူးကြမှာပါ။ ဝိသမလောဘသား စီးပွားရေးသမားစတဲ့ နေရာတွေမှာ သုံးလို့ မြန်မာစကားတစ်ခုတောင် ဖြစ်နေပါပြီ၊  အင်္ဂုတ္ထိုရ်ဋီကာ (ဒု - ၃၀၉) ကတော့ ဝိသမလောဘဆိုတာကို "အားကြီးတဲ့လောဘ" (ဗလဝလောဘ) လို့ ဖွင့်ဆိုပါတယ်။ 
  • မဟာနာမသုတ်မှာ ပါတယ်။
  • ဒုစရိုက်တရား (၁၀) ပါးကို အခြေခံတဲ့ လောဘကို ဝိသမလောဘလို့ ခေါ်နိုင်တယ်။  ဝိသမလောဘ၊ သမလောဘ (သာလေယျကသုတ် (မ၊၁၊၃၅၄) လာ သမစရိယဟူသော အသုံးအနှုန်းကိုလည်း ဆက်စပ် ရေးသားနိုင်သည်။)
  • သမဝါယမ = 
  • မင်္ဂလသုတ်မှာ ဓမ္မစရိယာ စ လို့ မင်္ဂလာတစ်ပါး ပါပါတယ်။

Wednesday, July 23, 2025

ဒေါသမှတ်စု

  • အာဃာတပယ်ခြင်း (ပဌမ၊ဒုတိယအာဃာတပဋိဝိနယသုတ် - အံ၊၂၊၁၆၃, ၁၆၄) (အာဃာတဝတ္ထုသုတ် - အံ၊၃၊၂၀၈) (လေခသုတ် - အံ၊၁၊၂၈၆) (သတိနဲ့ ပယ်တာကတော့ အမြင့်ဆုံးဖြစ်မယ်။ စိတ္တာနုပဿနာ)
  • အမျက်ဒေါသ၏အပြစ် ၇ မျိုး = ကောဓနသုတ် - အံ၊၂၊၄၆၉။  AN 7.64)
  • ဒေါသဟူသည် (တည်တောဆရာတော်)

Sunday, June 22, 2025

လောဘ မှတ်စု

  • နိဗ္ဗာန်ဟူသည် ရာဂ၊ ဒေါသ၊ မောဟတို့ ကုန်ရာတည်း။
  • ရာဂ၊ တဏှာ၊ လောဘ၊ ဆန္ဒ အထူး
  • လောဘော အတ္ထံ န ဇာနာတိ။​ လောဘော ဓမ္မံ န ပဿတိ။
  • လောဘကြောင့် ပြိတ္တာဖြစ်၊ ဒေါသကြောင့် ငရဲရောက်၊ မောဟကြောင့် တိရစ္ဆာန်ဖြစ်တယ်ဆိုတဲ့ ကောက်ချက်က မမှန်ဘူး။ ကာလာမသုတ်၊ စုန္ဒသုတ်ရဲ့ အရှေ့ဘက်က သုတ်တို့ကို ကိုးကားရန်
  • ဝိသမလောဘ၊ သမလောဘ (သာလေယျကသုတ် (မ၊၁၊၃၅၄) လာ သမစရိယဟူသော အသုံးအနှုန်းကိုလည်း ဆက်စပ် ရေးသားနိုင်သည်။) အဓမ္မသုတ်များ (အံ၊၃၊၄၃၇)


ကိုးကားစရာ သုတ္တန်များ
  • အကုသလမူလသုတ်
  • ကာလာမသုတ်ကို ထည့်သွင်းရေးသားရန်
  • ပဌမ နဲ့ ဒုတိယ နိဒါနသုတ် (အံ၊၁၊၂၆၆)
  • နိဒါနသုတ် (အံ၊၁၊၁၃၃)
  • သမ္မာဒိဋ္ဌိသုတ်
  • သတိပဋ္ဌာန်သုတ်
  • သာလေယျကသုတ် (မ၊၁၊၃၅၄) [ဒုစရိုက် ၁၀ ပါးအကျင့်ကို အဓမ္မစရိယ၊ ဝိသမစရိယ လို့ ဟောခဲ့]

Tuesday, May 13, 2025

လူသားဘုရားနှင့် ဖန်ဆင်းရှင်နတ်ဘုရား

ဖန်ဆင်းရှင် နတ်ဘုရား (Divine Being) ကို ကိုးကွယ်တဲ့ ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဗုဒ္ဓဆိုတဲ့ လူသားဘုရားဆိုတာကို လက်ခံဖို့ တော်တော်လေး ခက်ကြတာ တွေ့ရတယ်။ လူသားဘုရားကို ကိုးကွယ်နေကြတာကိုလည်း ကောင်းကောင်း နားမလည်ကြဘူး။ ဘာ့ကြောင့်လဲဆိုတာ အဖြေရှာကြည့်တော့ လူသားတွေဟာ ပြီးပြည့်စုံသူတွေ မဟုတ်ဘူး၊ သူတို့ နတ်ဘုရားတွေကသာ အရာရာ ပြည့်စုံသူဖြစ်တယ်လို့ ယူဆကြလို့ ဖြစ်ပါတယ်။ သူတို့အကြောင်းပြတဲ့အထဲမှာ ခဏခဏ ကြားရတာက ဗုဒ္ဓဟာ သေသွားပြီ၊ မရှိတော့ဘူး။ သူတို့ဘုရားကသာ "အသက်ရှင်သောဘုရား" ဖြစ်တယ်လို့ ပြောဆိုတတ်ကြပါတယ်။ 

မရှိတော့တဲ့ဘုရားကို ဘာလို့ ကိုးကွယ်နေကြတာလဲလို့လည်း မေးခွန်းထုတ်တတ်ကြတယ်။ ပြီးတော့ အသက်ရှင်တယ်၊ ရှိနေတယ်ဆိုတဲ့ သူတို့ဖန်ဆင်းရှင်ဘုရားကို ကိုးကွယ်ဖို့ ဆွယ်တရားဟောကြတော့တာပဲ။ 

ပထမဆုံး မြတ်စွာဘုရားနဲ့ သူတို့ ဖန်ဆင်းရှင်ဘုရားကို အချက်သုံးချက်စီနဲ့ နှိုင်းယှည်ကြည့်ရအောင်။ 

(၁) မြတ်စွာဘုရားဟာ သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ လူသားတစ်ယောက်ဖြစ်တယ်။ ဒါဟာ သမိုင်းအရ အငြင်းပွားစရာ မရှိတဲ့အချက်ပဲ ဖြစ်ပါတယ်။

(၂) မြတ်စွာဘုရားဟာ ခန္ဓာကိုယ်ကြီးရှိနေသေးတဲ့အတွက် ကာယိကဒုက္ခလို့ ဆိုတဲ့ ကိုယ်ဆင်းရဲမှုတွေ ရှိနေသေးတယ်။ ရာသီဥတုကြောင့် အအေးဒဏ်၊ အပူဒဏ် ခံရတယ်။ ဆွမ်းမစားရရင် ဗိုက်စာတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝကို မလွန်ဆန်နိုင်ဘူး။ သုတ္တံတွေမှာ မြတ်စွာဘုရား ခါးနားတဲ့အကြောင်း၊ ဝမ်းချုပ်တဲ့အကြောင်း၊ ဝမ်းသွားတဲ့အကြောင်းတွေကို ရိုးရိုးသားသား မှတ်တမ်းတင်ထားတယ်။ လူသားဖြစ်တဲ့အတွက် ကိုယ်ကာယအားဖြင့် အားနည်းချက်တွေ ရှိတယ်ဆိုတာ အမှန်တရားပဲလေ။ 

(၃) မြတ်စွာဘုရားရဲ့သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတ၊ မာန်မာနစတဲ့ စိတ်အညစ်အကြေးတွေ မရှိတဲ့အတွက် စိတ်ထားဖြူစင်မွန်မြတ်တယ်။ မေတ္တာကရုဏာတရား ကြီးမားပြီး စိတ်သဘောထား ပြည့်ဝတော်မူတယ်။ ပြောရရင် ဘာသာတရားတည်ထောင်သူအားလုံးထဲမှာ မြတ်စွာဘုရားဟာ စိတ်ထားအဖြူစင်ဆုံး၊ စိတ်သဘောထား အပြည့်ဝဆုံးသူ ဖြစ်တယ်ဆိုတာ မငြင်းနိုင်ဘူး။ မြတ်စွာဘုရားရဲ့ စိတ်နေစိတ်ထားကို သူဟောခဲ့တဲ့ တရားတော်တွေကို လေ့လာကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ 

မြတ်စွာဘုရားဟာ ဘီစီ ၆၂၃ မှာ လူသားတစ်ယောက်အနေနဲ့ မွေးဖွားခဲ့တယ်။ ဘီစီ ၅၄၃ မှာ လူသားတစ်ယောက်အနေနဲ့ပဲ ဘဝတစ်ခုကို အဆုံးသတ်ခဲ့တယ်။ မြတ်စွာဘုရားရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတွေကို ကြည့်ရင် လူသားတစ်ယောက်ရဲ့ ဘဝဖြစ်စဥ်အတိုင်းပဲ ရိုးရိုးရှင်းရှင်း တွေ့ရပါလိမ့်မယ်။ 

ဒါဆိုရင် လူသားဖြစ်တဲ့ မြတ်စွာဘုရားကို ဘာ့ကြောင့် ကိုးကွယ်နေကြတာလဲ၊ မြတ်စွာဘုရားရဲ့ ထူးခြားချက်က ဘာလဲလို့ မေးစရာ ရှိလာတယ်။ 

မြတ်စွာဘုရားဟာ သက်တော် (၃၅) နှစ်မှာ ဘုရားဖြစ်တော်မူခဲ့တယ်။ အဋ္ဌကထာဆရာတွေက မဟာဗောဓိပင်အောက်မှာ ဘုရားဖြစ်တော်မူခြင်းကို "ကိလေသာပရိနိဗ္ဗာန" လို့ သုံးခဲ့ပါတယ်။ ကိလေသာဆိုတဲ့ ပူပန်စရာတွေ၊ စိတ်အညစ်အကြေးတွေ ငြိမ်းသွားခြင်းလို့ အဓိပ္ပါယ်ရတယ်။ တစ်နည်းအားဖြင့် စေတသိကဒုက္ခလို့ဆိုတဲ့ စိတ်ဒုက္ခတွေ အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်း ဖြစ်ပါတယ်။ ဘုရားဂုဏ်တော်ကိုးပါးထဲမှာ ပထမဆုံးဖြစ်တဲ့ "အရဟံ" ဂုဏ်တော်ဟာ ကိလေသာအပူ ကင်းဝေးတော်မူခြင်းဖြစ်ပါတယ်။ မြတ်ဘုရားသန္တာန်မှာ စိတ်ပုပ်စိတ်ယုတ်တွေ မရှိဘူး။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တစ်ခုခုကို ယူသုံးပြီး အကြမ်းဖတ်တာ၊ စစ်ပွဲတွေ ဖြစ်ပွားလာတာ မရှိဘူး။ ဒါ့ကြောင့်သာ လူသားဘုရားဖြစ်တဲ့ မြတ်စွာဘုရားကို ကိုးကွယ်နေကြခြင်း ဖြစ်ပါတယ်။

ဒါဆိုရင် ကမ္ဘာလောကကြီးနဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှကို ဖန်ဆင်းခဲ့ပါတယ်ဆိုတဲ့ ဖန်ဆင်းရှင်ဘုရားကို ကြည့်ကြရအောင်။

(၁) ဖန်ဆင်းရှင်ဘုရားဆိုတာ သမိုင်းအရ တကယ် မရှိခဲ့ဘူး။ အသက်ရှင်သောဘုရားလို့ ပြောပေမဲ့ လက်ရှိမှာ သက်ရှိထင်ရှားရှိနေကြောင်း သက်သေလည်း မပြနိုင်ဘူး။ ခရစ်ယာန်သီလရှင်လူထွက် သမိုင်းဆရာမကြီး အမ်စရောင်းကတော့ "အစပိုင်းမှာ လူသားတွေက ဖန်ဆင်းရှင်ဘုရား (God) ကို ဖန်ဆင်းခဲ့တယ်။ ဘုရားရုပ်တု၊ ဘုရားကျောင်းနဲ့ ဓမ္မဆရာတွေလည်း မရှိခဲ့ဘူး" လို့ ပြောခဲ့တယ်။ (A History of God - p. 3)

(၂) ဖန်ဆင်းရှင်ဘုရားက အသက်ရှင်သော ဘုရားဖြစ်တယ်လို့ ဆိုတယ်။ သူတို့ပြောသလို မှန်ခဲ့ရင်တော့ အိုခြင်း၊​နာခြင်း၊ သေခြင်းတွေ မရှိဘူး။ ကိုယ်ကာယအားဖြင့် အားနည်းချက်မရှိဘဲ အားလုံးပြည့်စုံတယ်ပေါ့။

(၃) သူတို့ကျမ်းစာအရဆိုရင် ဖန်ဆင်းရှင်ဆိုတဲ့ ဘုရားတွေဟာ ဒေါသအာဃာတကြီးကြတယ်။ သူမကြိုက်ရင် ကမ္ဘာကြီးကို ရေလွှမ်းစေပြီး လူတွေကို သတ်တယ်။ ငလျင်တွေလည်း လှုပ်စေတယ်။ ရန်သူတွေကို အမြစ်ပြတ် ချေမှုန်းဖို့ တိုက်တွန်းတယ်။ သူတစ်ဦးတည်းကိုပဲ​ ကိုးကွယ်ရမယ်ဆိုတဲ့ သံမဏိစည်းမျည်းကို ချမှတ်ထားပြီး ကျန်တဲ့ကိုးကွယ်ယုံကြည်မှုတွေကို အကုန်ဖျက်ဆီးခိုင်းတယ်။ ယုံကြည်သူ တိုးပွားဖို့အတွက်ဆိုရင် အနုနည်း၊ အကြမ်းနည်း အကုန်သုံးခိုင်းတယ်။ ဘာသာရေးစစ်ပွဲကြီးတွေဟာ ကျမ်းစာထဲက သွင်သင်ချက်တွေကြောင့် ဖြစ်တယ်ဆိုတာ ငြင်းမရဘူး။ ဒါဆိုရင် ကောက်ချက်ဆွဲလို့ ရပြီ။ ဖန်ဆင်းရှင်ဘုရားဟာ စိတ်ပုပ်တယ်၊ စိတ်ယုတ်တယ်၊ စိတ်ထား မဖြူစင်ဘူး။ ဒေါသအာဃာတ ကြီးတယ်။ သဘောထား သေးသိမ်တယ်။ လူသားအားလုံးကို သူ့ကိုပဲ ယုံကြည်စေချင်တဲ့ ဝိသမလောဘလည်း ကြီးတယ်။ 

နောက်ဆုံး အနှစ်ချုပ်ရရင် ဗုဒ္ဓဘာသာဝင်တွေဟာ လူသားဘုရားဖြစ်တဲ့ မြတ်စွာဘုရားကို စိတ်ထားမြင့်မြတ် ဖြူစင်လို့ ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။ သူကိုယ်တိုင် စိတ်ထားကောင်းသလို သူ့ကို ကိုးကွယ်ယုံကြည်သူတွေကိုလည်း စိတ်ထားကောင်းအောင် လမ်းညွှန်ပြသတော်မူခဲ့တယ်။ "မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား" လို့ ဟောတော်မူခဲ့တယ်မို့လား။ 

မြတ်စွာဘုရားက သူပရိနိဗ္ဗာန်မစံခင်လေးမှာ "သူကွယ်လွန်တဲ့အခါ သူပညတ်ခဲ့တဲ့ ဝိနည်းနဲ့ ဟောကြားခဲ့တဲ့ ဓမ္မတွေဟာ သင်တို့ရဲ့ဆရာ ဖြစ်လိမ့်မယ်"လို့ မှာကြားခဲ့တယ်။ မြတ်စွာဘုရား မရှိတော့ပေမဲ့ သူဟောကြားခဲ့တဲ့ တရားတွေဟာ မြတ်စွာဘုရားကိုယ်စား ကိုးကွယ်ယုံကြည်၊ အားထားစရာအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ မြတ်စွာဘုရားကို ကိုးကွယ်ကြတယ်ဆိုတာ ဒုက္ခကနေ လွတ်မြောက်ရာလမ်းကို ညွှန်ပြခဲ့သူအဖြစ် ကျေးဇူးတင်လို့ ဖြစ်ပါတယ်။  ကိုယ့်အပေါ် ကျေးဇူးများခဲ့တဲ့ ကိုယ့်မိဘတွေရဲ့ဓာတ်ပုံကို အမြတ်တနိုး ချိတ်ဆွဲပြီး ပူဇော်ကြသလို ကိုယ့်လွတ်မြောက်ရာလမ်းကို ညွှန်ပြခဲ့တဲ့ မြတ်စွာဘုရားကို ရုပ်တုတွေ ထုလုပ်ပြီး ပူဇော်ကြခြင်း ဖြစ်ပါတယ်။


In the beginning, human beings created a God who was the First Cause of all things and Ruler of heaven and earth. 

He was not represented by images and had no temple or priests in his service. 

A History of God 

by Karen Armstrong - p. 3)