Showing posts with label နိဗ္ဗာနကထာ. Show all posts
Showing posts with label နိဗ္ဗာနကထာ. Show all posts

Friday, September 19, 2025

တဒင်္ဂနိဗ္ဗာန်

"တဒင်္ဂနိဗ္ဗာန်" လို့ ပြောလိုက်တာနဲ့ တဒင်္ဂ,တခဏ ရအပ်တဲ့ နိဗ္ဗာန်လို့ သဘောပေါက်သွားနိုင်တယ်။ အဲ့ဒီလို သဘောပေါက်တာလည်း မှားတယ်လို့ ပြောလို့ မရဘူး။ သဘောသွား နီးစပ်မှု ရှိပါတယ်။ အမှန်တကယ်တော့ "တဒင်္ဂနိဗ္ဗန" ဆိုတဲ့ ပါဠိပုဒ်ကို တံ+အင်္ဂ+နိဗ္ဗာန လို့ ပုဒ်ခွဲရမှာပါ။ "ထိုအင်္ဂါရပ်ဖြင့် (ထိုအချက်ဖြင့်) ကိလေသာအပူများ ငြိမ်းအေးခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဆိုရင် ကိလေသာအပူ ငြိမ်းအေးကြောင်း အင်္ဂါရပ်တွေကို သိရပါမယ်။ သုတ္တန်အချို့ကို ထောက်ဆပြီး ပြောရရင် အကြမ်းဖျင်းအားဖြင့် သုံးမျိုး ခွဲခြားလို့ ရပါတယ်။

၁။ ရူပစျာန်၊ အရူပစျာန်များ ရရှိနေချိန်

၂။ သညာဝေဒယိတနိရောဓ (နိရောဓသမာပတ်) ဝင်စားနေချိန်

၃။ ဝိပဿနာ ပွားများနေချိန်

တဒင်္ဂနိဗ္ဗာနသုတ် (အံ၊၃၊၂၄၆) 


  • တဒင်္ဂနိဗ္ဗုတ (တံ + အင်္ဂ + နိဗ္ဗုတ) ထို (ဝိပဿနာ) ဂုဏ်-အစိတ်-အဖို့-ဖြင့် (ကိလေသာတို့မှ) ငြိမ်းအေးပြီးသော၊သူ။ တဒင်္ဂနိဗ္ဗုတော (သံ၊၂၊၃၅)တိ တေန ဝိပဿနင်္ဂေန ကိလေသာနံ နိဗ္ဗုတတ္တာ တဒင်္ဂနိဗ္ဗုတော။ သံ၊ဋ္ဌ၊၂။၂၄၇။ (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄)
  • တဒင်္ဂနိဗ္ဗာနသုတ် [တဒင်္ဂ+နိဗ္ဗာန] ထိုထို ပဋ္ဌမစျာန်စသော ၉ ပါးသော ဝိဟာရသမာပတ် ဂုဏ်အစိတ်ဖြင့် ကိလေသာ ငြိမ်းအေးနိုင်ပုံကို အရှင်ဥဒါယီအား အရှင်အာနန္ဒာ ဟောပြရာသုတ်။ (အံ၊၃၊၂၄၆) (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄) တဒင်္ဂနိရောဓ၊ တဒင်္ဂသန္တိ၊ တဒင်္ဂဝိမုတ္တိ တို့ကိုလည်း ကြည့်ပါ။

Wednesday, September 10, 2025

ဘုရားရဟန္တာ ပရိနိဗ္ဗာန်စံပြီးနောက် ဘာဖြစ်လဲ

ဘု ရားရဟန္တာ ပနိဗ္ဗာန်စံပြီးနောက် ဘာဖြစ်သေးလဲ? နိဗ္ဗာန်ဆိုတဲ့ အသင်္ခတ အငြိမ်းဓာတ်ကြီးကို အာရုံပြုပြီး ခံစားနေသေးလား? 

ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောကဉ္စ ပညာပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ။

နိဗ္ဗာန်ဟူသည် (၁)

 နိဗ္ဗာန်အကြောင်း သိချင်တယ်ဆိုရင် "နိဗ္ဗာန" ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကို သိရမယ်။ နိဗ္ဗာနရဲ့ အဓိပ္ပါယ်ကို ပြောတဲ့အခါ ပါဠိတော်လာ အဓိပ္ပါယ်နဲ့ အဋ္ဌကထာလာ အဓိပ္ပါယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ 

ပါဠိတော်လာ "နိဗ္ဗာန"


အဋ္ဌကထာလာ "နိဗ္ဗာန"

တဏှာနိရောဓော နိဗ္ဗာနံ

ကာမတဏှာ

သံသရာဝဋ်ထဲ၊ မကျွတ်ဘဲနေနေ 
ဇွတ်ဆွဲလို့ တပေပေငယ်၊ သေပစေခင်ရဲ့

နိဗ္ဗာန်မြို့ အမြိုက်ခွင်ကို၊ မလိုက်ချင် ရုန်းကန်လို့ဖဲ့။ 
(စလေဦးပုည)

လူအများစုကလည်း စလေဦးပုညရဲ့ "တူတူပုန်း" ကဗျာထဲကလို နိဗ္ဗာန်ကို တကယ်လိုချင်တဲ့သူက ခပ်ရှားရှား ဖြစ်မယ်ထင်ပါတယ်။ နိဗ္ဗာန်အကြောင်း မသိလို့ မလိုချင်ကြတာပါ။ 

Tuesday, August 5, 2025

နိဗ္ဗာနသုခ

 မြတ်စွာဘုရားက "နိဗ္ဗာနံ ပရမံ သုခံ" လို့ ခေါ်ခဲ့တယ်။ နိဗ္ဗာန်ဟာ အချမ်းသာဆုံးပဲတဲ့။ 

ဝေဒယိတသုခ၊ အဝေဒယိတသုခ နှစ်မျိုးရှိမယ်။

လူတွေခံစားနေရတာက ချမ်းသာ (သုခ)၊ နိဗ္ဗာန်ချမ်းသာဆိုတာက ငြိမ်းအေးမှု (သန္တိသုခ) လို့ ဒီလို ခွဲပြောလို့ ရှိကြတယ်။ နိဗ္ဗာနသုခသုတ်ကို ကြည့်ရင်တော့ မမှန်ဘူးပေါ့။ နိဗ္ဗာန်လည်း ချမ်းသာတာပဲ။ သူ့ချမ်းသာတက လောဘ၊ ဒေါသ၊ မောဟတွေ မရှိလို့ ချမ်းသာတာ။

  • လယ်တီဆရာတော်ကတော့ ချမ်းသာဆိုတာ ဝေဒယိတသုခနဲ့ သန္တိသုခ ဆိုပြီး နှစ်မျိုးရှိကြောင်း ပြဆိုထားတယ် (ပရမတ္ထဒီပနီ - ၃၂၈)။ အဝေဒယိတသုခ လို့ ပြောရမှာ သတ္တိမရှိသလိုပဲ။ သီဟိုဠ်ဆရာတော် အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်မှာလည်း အဲ့ဒီအကြောင်းလေး ပါတယ်။

Thursday, February 13, 2025

နိဗ္ဗာန်သည် ဘုံဌာနမဟုတ်

နိဗ္ဗာန်ဘုံ၊ ဝက်နိဗ္ဗာန်


နာမည်ကြီး ဆရာတော်တစ်ပါးနဲ့ ကျောင်းသူကျောင်းသားလေးတွေ အမေးအဖြကဏ္ဍတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က နိဗ္ဗာန်အကြောင်းမေးတာ ကြည့်လိုက်ရတယ်။ "ဆရာတော်ဘုရား၊ တပည့်တော် နိဗ္ဗာန််ကို မတော်တဆ ရောက်သွားရင်် နိဗ္ဗာန်ကနေ ပြန်ထွက်လာလို့ ရလားဘုရား" တဲ့။ နိဗ္ဗာန်မှာ ဘာမှမရှိဘူးဆိုတဲ့အသိရယ်၊ နိဗ္ဗာန်ဟာ ဘုံဌာနတစ်ခု ဖြစ်တယ်ဆိုတာရယ်လို့ နားလည်ထားတော့ ကျောင်းသားလေးက နိဗ္ဗာန်ကို ရောက်သွားမှာ ကြောက်နေတယ်ထင်ပါရဲ့။ 


တက္ကသိုလ်ကျောင်းသားတွေလုပ်ကြတဲ့ စကားရည်လုပွဲတစ်ခုမှာ ကျောင်းသူလေးတစ်ယောက်က သူ့ရဲ့အဆို ခိုင်မာဖို့အတွက် ဇာတ်မင်းသား မောင်သိန်းဇော်ရဲ့ ကဗျာလေးကို ကိုးကားပြီး ပြောသွားခဲ့တယ်။ "ပန်းကလေးရေ ... လမ်းထိပ် မုန့်ဟင်းခါးဆိုင်လေးကနေ နိဗ္ဗာန်အထိ မင်းနဲ့အတူ သွားချင်တယ်" ဆိုတဲ့ ကဗျာလေးပါ။ အဲ့ဒီအပိုင််းလေးက ဆိုရှယ်မီဒီယာမှာ အတော်နာမည််ကြီးသွားပါတယ်။​ လူငယ်တွေ အရမ်းသဘောကျကြတာပေါ့။ မောင်သိန်းဇော်ရဲ့ ကဗျာမှာ နိဗ္ဗာန်ကို ခြေထောက်နဲ့ သွားလို့ရတဲ့ ဘုံဌာနတစ်ခုအနေနဲ့ ပုံဖော်ထားတယ်။ 

အဆိုတော် ဆိုင်းထီးဆိုင်ရဲ့ "ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ" ဆိုတဲ့ သီချင်းကလည်း လူတွေအကြားမှာ နာမည်ကြီးတယ်။ လူကြီးဖြစ်လာအချိန် အခက်အခဲ အကြပ်အတည်းတွေနဲ့ တွေ့ကြုံတိုင်း အပူအပင်ကင်းတဲ့ ကလေးဘဝကို ပြန်လည်တောင်းတတဲ့ သီချင်းပါ။ ဒီလိုသီချင်းတွေကလည်း နိဗ္ဗာန်ကို သွားလို့ရတဲ့ ဘုံတစ်ခုအနေနဲ့ အထင်မှားစေပါတယ်။

ဗုဒ္ဓဘာသာဝင် အများစုက နိဗ္ဗာန်ဟာ သွားလို့ရတဲ့ ဘုံဌာနတစ်ခုလိုမျိုး မြင်နေကြတယ်။ ဒါဆိုရင် သူတို့သိနေတဲ့နိဗ္ဗာန်က ဘာသာခြားတွေ ပြောနေတဲ့ ကောင်ကင်ဘုံနဲ့ ဘာများထူးဦးမလဲ။ ကိုယ့်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေတင် ဒီလို ဖြစ်နေတာလားဆိုတော့လည်း အဲ့လို မဟုတ်ပြန်ဘူး။ အခြားဗုဒ္ဓသာသနာကို ကိုးကွယ်ကြတဲ့ နိုင်ငံကလူတွေလည်း ဒီလိုပဲ မှားယွင်းယူဆနေကြကြောင်း သီရိလင်္ကာနိုင်ငံသား ပညာရှင်ကြီးနှစ်ယောက်ရေးတာ ဖတ်ခဲ့ရဖူးတယ်။

ဘုန်းကြီးတချို့ကလည်း နိဗ္ဗာန်ကို သွားလို့ရတဲ့ ဘုံဌာနတစ်ခုလို အသိမှားစေတဲ့ အသုံးအနှုန်းတွေ သုံးစွဲနေကြတာ တွေ့နေရတယ်။ အဲ့ဒီအထဲက ဥပမာ အနည်းငယ် ထုတ်ပြချင်ပါတယ်။ "သူတော်ကောင်းတို့ စံပျော်ရာ မြတ်နိဗ္ဗာန်ကို ရောက်ကြရကြပါစေကုန်သတည်း။" "ပရိနိဗ္ဗာန်စံဝင်တော်မူ၏ " "entering Nibbāna" "ပရိနိဗ္ဗာန်စံပြီးနောက် အာရုံပြုအပ်သော နိဗ္ဗာန်် (၂၀၁၄ - ခုနှစ်၊ သာသနာရေးဝန်ကြီးဌာန အဘိဓမ္မာစာမေးပွဲမေးခွန်း)။" 

နိဗ္ဗာန်ဆိုတာ သွားရတဲ့ နေရာတစ်ခုအဖြစ် ဘုရားကိုယ်တိုင် တင်စားသုံးနှုံးခဲ့တာ ရှိပါတယ်။ တင်စားသုံးစွဲခဲ့တာကို တိုက်ရိုက်အနေနဲ့ ယူလိုက်တဲ့အခါကျတော့ နားလည်မှုတွေ လွှဲသွားကြခြင်း ဖြစ်ပါတယ်။ ဒီအထဲက တချို့ကို ရှင်းပြချင်ပါတယ်။

နိဗ္ဗာန်ဟာ သွားလို့ရတဲ့ ဘုံဌာနတစ်ခုမဟုတ်ပါဘူး။ စိတ်နဲ့ အာရုံပြုပြီး ဉာဏ်နဲ့ သိရတဲ့ "ငြိမ်းအေးမှု" ပါ။ ဒါကို ပါဠိတော်အထောက်အထား၊ အဘိဓမ္မာအထောက်အထားတချို့နဲ့ ရှင်းပြချင်ပါတယ်။ 

၁။ ဂတိငါးပါးနှင့် နိဗ္ဗာန်

၈။ မဂ္ဂဖလမာရမ္မဏဘူတံ

၉။ နိဗ္ဗာန်ဟာ ဓမ္မာရုံဖြစ်တယ်။

၁၀။ ဌာနဘုံနဲ့ အဝတ္ထာဘုံ







နိဗ္ဗာန်ကို မလိုချင်ကြသူများ / မင်္ဂလသုတ်လာ နိဗ္ဗာန်

နိဗ္ဗာန်အကြောင်း ပြောတိုင်း ကိုရင်ငယ်ဘဝက ဦးဇင််းတစ်ပါး ပြောတာလေး ခေါင်းထဲ ချက်ချင်းပေါ်လာတတ်တယ်။ "ငါတို့ကတော့ နိဗ္ဗာန် မလိုချင်သေးဘူးဗျာ" တဲ့။ ဘာလို့လဲမေးတော့ နိဗ္ဗာန်မှာ TV မှ မရှိတာတဲ့။ အဲ့ဒီတုန်းက (၁၉၉၃ ဝန်းကျင်) မြန်မာပြည်မှာ ကာလာတီဗွီတွေ ပေါ်ကာစပဲ ရှိသေးတယ်ထင်တယ်။ MRTV နဲ့ မြဝတီက တရုတ်ဇာတ်လမ်းတွဲတွေ၊ ရွှေဓူဝံ၊ ဝမ်ချိုင်းတို့ရဲ့ လက်ဝှေ့ပွဲတွေ လာတယ်။ ထက်ထက်မိုးဦးနဲ့ ဒွေးတို့ရဲ့ ကြော်ငြာတွေကို အရသာခံ ကြည့်ရတဲ့အချိန်ပေါ့။ ကျောင်းက TV ထားခွင့်မရှိတော့ တခြားကျောင်းကို သွားသွား ကြည့်ရတယ်။ အဲ့လိုပြောခဲ့တဲ့ ဦးဇင်းလည်း လူထွက်သွားပါပြီ။ သူကြိုက်တဲ့ ကာမဂုဏ်တွေနောက် လိုက်ရင်း အပူတောမှာ ရုန်းကန်် လှုပ်ရှားနေလေရဲ့။ ကြုံရင် နိဗ္ဗာန်လိုချင်သေးလား ထပ်မေးရဦးမယ်။

နာမည်ကြီး စာတတ်ပေတတ် ဓမ္မကထိကဆရာတော်ကြီးတစ်ပါးက ပြောတယ်။ "ဘုန်းကြီးတို့ကတော့ နိဗ္ဗာန်် မလိုချင်သေးဘူး၊ အများအကျိုးအတွက် ပရဟိတလုပ်ငန်းတွေ အများကြီး လုပ်ချင်သေးတယ်"တဲ့။ ဒါကို ကြားတော့ ကိုယ့်နားကိုတောင် မယုံနိုင်အောင် ဖြစ်ရတယ်။ နိဗ္ဗာန်ရပြီးရင်ကော ပရဟိတဖြစ်တဲ့ အများအကျိုးဆောင်လုပ်ငန်းတွေ လုပ်လို့ မရဘူးလား။ ကိုယ်လုပ်တဲ့ ပရဟိတက ပိုပြီးတောင် သန့်ရှင်းဖြူစင်သွားမယ်မို့လား။ မြတ်စွာဘုရားနဲ့ ရဟန္တာအရှင်မြတ်တွေလည်း နိဗ္ဗာန်ရပြီးမှ အမျိုးအကျိုးအတွက် အလုပ်လုပ်ခဲ့ကြတာပဲလေ။

နာမည်ကြီး စာသင်တိုက်ကြီးတစ်ခုက ပဓာနနာယကဆရာတော်ကြီးတစ်ပါးကလည်း အမေရိကန်နိုင်ငံမှာလုပ်တဲ့ တရားပွဲတစ်ခုမှာ ဘုန်းဘုန်းတို့ကတော့ နိဗ္ဗာန်မလိုချင်သေးဘူးလို့ ပြောတာ ကြားလိုက်ရတယ်။ သူ့စကားကို ကြားပြီး တော်တော်ကို အံ့ဩသွားခဲ့မိတယ်။ တချိန်တည်းမှာပဲ ဒီဆရာတော်ကြီး သင်နေတဲ့ ပရိယတ္တိပညာသင်ကြားရေးစနစ်ကိုလည်း သံသယဝင်လာမိတယ်။

ဗုဒ္ဓဘာသာဝင်အများစုကလည်း သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်မှု အားနည်းကြတာ တွေ့ရတယ်။ ဒါ့ကြောင့် နိဗ္ဗာန်အကြောင်းကို ဘုရားဟောပါဠိတော်တွေကို အဓိကကိုးကားပြီး ရေးသားဖို့ ကြိုးစားမိပါတယ်။

------------------

မင်္ဂလသုတ်လာ နိဗ္ဗာန်

နိဗ္ဗာန်မလိုချင်တဲ့သူတွေအနေနဲ့ "၃၈ ဖြာ မင်္ဂလာတရား" ထဲက နောက်ဆုံးမင်္ဂလာလေးပါးကို သေချာလေး လေ့လာစေချင်တယ်။ ၃၈ ဖြာ မင်္ဂလာတရားတွေကို သေချာလေ့လာရင် မင်္ဂလာတရားတွေက တဆင့်ပြီးတဆင့် မြင့်မြင့်လာတဲ့သဘောကို တွေ့ရမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးမင်္ဂလာလေးပါးဟာ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ စိတ်နေစိတ်ထားကို ပြတယ်လို့ အဋ္ဌကထာက ဆိုပါတယ်။ ပိုပြီး နားလည်အောင် ပြောရရင် ဒီမင်္ဂလာလေးပါးဟာ နိဗ္ဗာန်ရပြီးသူတွေ ရရှိနိုင်တဲ့ မင်္ဂလာတရားတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဂါထာရဲ့ရှေ့မှာ "အရိယသစ္စာနဒဿနံ" (သစ္စာလေးပါးကို သိမြင်ခြင်း) နဲ့ "နိဗ္ဗာနသစ္ဆိကိရိယာယ" (နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ နိဗ္ဗာန်ကို ဉာဏ်မျက်စိနဲ့ မြင်သွားသူ) ဆိုတဲ့ မင်္ဂလာနှစ်ပါး ဟောထားလို့ပါ။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသူဟာ အောက်က မင်္ဂလလေးပါးနဲ့ ပြည့်စုံတယ်ဆို့ ဆိုလိုပါတယ်။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။

အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။

"အကောင်းအဆိုး လောကဓံတရားတို့နှင့် တွေ့ကြုံရသော အကြင်သူ၏စိတ်သည် တုန်လှုပ်မှုမရှိ၊ စိုးရိမ်ပူဆွေးခြင်းလည်း မရှိ၊ ရာဂစသော မြူအညစ်အကြေးလည်း မရှိ၊​ ဘေးလည်း မရှိ (ငြိမ်းချမ်း၏)။ ဤလေးပါးကား မြတ်သော မင်္ဂလာတရားများပေတည်း။"​

အပေါ်က ဂါထာကို ပိုပြီးပေါ်လွင်အောင် ပြောရရင် အကောင်းအဆိုး လောကဓံရှစ်ပါးနဲ့ တွေ့ကြုံခံစားနေရပေမဲ့ နိဗ္ဗာန်ရပြီးတဲ့သူဟာ 

၁။ အကမ္ပန = မတုန်လှုပ်တော့ဘူး။ 

၂။ အသောက = မစိုးရိမ်တော့ဘူး။

၃။ ဝိရဇ = (ရာဂ၊ ဒေါသ၊ မောဟ ဆိုတဲ့) အညစ်အကြေးတွေ ကင်းနေတယ်။

၄။ ခေမ = ငြိမ်းချမ်းနေတယ်။

အဋ္ဌကထာမှာတော့ အကမ္ပိတစိတ္တ (မတုန်လှုပ်တဲ့စိတ်)၊ အသောကစိတ္တ (မစိုးရိမ်တဲ့စိတ်)၊ ဝိရဇစိတ္တ (အညစ်အကြေးကင်းတဲ့စိတ်)၊ ခေမစိတ္တ (ငြိမ်းချမ်းတဲ့စိတ်) လို့ စိတ်ကို ယူပါတယ်။ ဒီလိုဖွင့်ဆိုတာက ရှင်းတော့ ရှင်းတယ်။ အမှန်တကယ်တော့ အကမ္ပန၊ အသောက၊ ဝိရဇ၊ ခေမ ပါဠိပုဒ်တွေဟာ နိဗ္ဗာန်ရဲ့ ပရိယာယ်ပုဒ်များသာ ဖြစ်ကြပါတယ်။ 

လူအများစုက "အသက်ကြီးလာရင် ဘဝကို အေးအေးချမ်းချမ်းပဲ နေချင်တော့တယ်" လို့ ပြောလေ့ရှိကြပါတယ်။ လူတစ်ဦးအတွက် ဘယ်အချိန်ပဲ ဖြစ်နေပါစေ၊ တွေ့ကြုံလာတဲ့ လောကဓံတရားတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်းဟာ အကြီးမားဆုံး မင်္ဂလာတစ်ပါးပဲမို့လား။ 

နိဗ္ဗာန်မရချင်ဘူးလို့ ပြောတာဟာ ဘဝကို တုန်လှုပ်မှုတွေ၊ စိုးရိမ်မှုတွေ၊ ညစ်နွမ်းတဲ့စိတ်ထားတွေနဲ့ ပူပူလောင်လောင် ဖြတ်သန်းချင်တယ်လို့ ပြောတာနဲ့ အတူတူပါပဲ။ နိဗ္ဗာန်ရဲ့ သဘာဝကို မင်္ဂလသုတ်က ဒီဂါထာလေးမှာ လာတဲ့အတိုင်း ရှင်းရှင်းလင်းလင်း နားလည်မယ်ဆိုရင် "နိဗ္ဗာန်မလိုချင်ဘူး" လို့ ပြောကြတော့မယ် မထင်ဘူး။