Wednesday, July 23, 2025

ဆုတောင်းခြင်းဟူသည် / The role of Prayer in Buddhism

"ဆုတောင်းခြင်း" သည် ကမ္ဘာ့ဘာသာကြီးများ မပေါ်ခင်ကတည်းကပင် ရှိခဲ့သည်။ လူတို့သည် မိမိတို့ လိုချင်တောင်းတသော အရာများ ရရှိခံစားနိုင်ဖို့ နတ်ဒေဝတာများထံ အသနားခံ၍ ဆုတောင်းကြသလို မလိုချင်သော အရာများ မိမိတို့ဘဝထဲ ဝင်မလာစေဖို့လည်း ဆုတောင်းခဲ့ကြသည်။ တောတောင်သစ်ပင် မြစ်ချောင်းအင်းအိုင်စသော သက်မဲ့အရာဝတ္ထုတို့ကို တိုင်တည်၍ ဆုတောင်းခဲ့ကြသည်။ ဖန်ဆင်းရှင်ဘာသာကြီးများ ပေါ်လာသောအခါ ဆုတောင်းခြင်းသည် ပို၍ အရေးပါလာခဲ့သည်။​ ဖန်ဆင်းရှင် နတ်ဘုရားတို့ကို တိုင်တည်၍ ဆုတောင်းကြသည်။ တန်ခိုးရှင်များက သူတို့တောင်းသောဆုများကို ပေးစွမ်းနိုင်သည်ဟုလည်း ယုံကြည်ကြသည်။ 

ဗုဒ္ဓသာသနာအလိုအရ "ဆုတောင်းခြင်း" ဟူသည် မိမိဖြစ်ချင်သောဆန္ဒကို နှုတ်ဖြင့် ထုတ်ဖော်ပြောကြားခြင်း (အာယာစန)၊ စိတ်ဖြင့် ကြံစည်ခြင်း (ပတ္ထနာ) ဖြစ်သည်။ "နိဗ္ဗာန်မဂ်ဖိုလ် ရရပါလို၏" ဟု ဆုတောင်းရုံသက်သက်ဖြင့် နိဗ္ဗာန်မရနိုင်ပေ။ ထိုသို့ဆုတောင်းခြင်းမှာ နိဗ္ဗာန်ရရန် ဆန္ဒပြုခြင်းသာဖြစ်၍ အမှန်တကယ် နိဗ္ဗာန်ရရန်မှာ နိဗ္ဗာန်ရကြောင်း အကျင့်တို့ကို ကျင့်ကြံပွားများ အားထုတ်ရမည်ဖြစ်သည်။ လုပ်ဆောင်ချက် (ကံ) မပါသော ဆုတောင်းခြင်းများသည် အကောင်အထည် ပေါ်မလာနိုင်ဘဲ လေထဲတွင်သာ ပျောက်ကွယ်သွားမည် ဖြစ်သည်။ 

မြန်မာနိုင်ငံ၌ ဆုတောင်းပြည့်ဘုရား၊ ဆုတောင်းရဘုရား၊ ချမ်းသာရဘုရား၊​ ဝဋ်ကြွေးတော်ပြေဘုရားစသဖြင့် ဆုတောင်းခြင်းနှင့်စပ်၍ မှည့်ခေါ်ထားသော တန်ခိုးကြီးဘုရားများစွာရှိသည်။ မည်သည့်ဘုရားထံမှာပဲ ဆုတောင်းဆုတောင်း ဆုတောင်းရုံသက်သက်ဖြင့် မိမိဖြစ်ချင်သောဆန္ဒများ အကောင်အထည် ပေါ်လာနိုင်မည် မဟုတ်ပေ။ မိမိတောင်းသည့်ဆုကိုလည်း ဘုရားက ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။ ဆုတောင်းပြည့်ရန် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ 

ဘုရားလောင်း သုမေဓာရှင်ရသေ့သည် မိမိဖြစ်ချင်သော ဘုရားဆုကို ဒီပင်္ကရာဘုရားရှင်ရှေ့၌ တောင်းဆုပြုခဲ့သည်။ ဘုရားဖြစ်ရန်အတွက်ကား လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီး မိမိကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရခြင်း ဖြစ်သည်။ "ပရမာနံ ကမ္မံ ပါရမီ" ဟု ဆိုသည့်အတိုင်း ပါရမီဟူသည် မြင့်မြတ်သူတို့၏ "အလုပ်" ပင် ဖြစ်သည်။ ပါရမီဖြည့်ကျင့်ခြင်းဟူသည် ဘုရားဖြစ်ရန် ကရုဏာနှင့် ပညာတို့ကို အခြေခံ၍ အများကောင်းကျိုးအတွက် အလုပ်လုပ်ခြင်း ဖြစ်ပါသည်။

မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိမုတ္တမံ။ (မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှါ အလုံးစုံသော ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့၏။) (ပုဗ္ဗဏှသုတ်ပရိတ်တော်)

မြတ်စွာဘုရားသည် ဆုတောင်းတိုင်း ပြည့်စေဟု ဆုပေးသည့် ဘုရားမဟုတ်၊ မိမိကိုယ်တိုင် ကျင့်ကြံပွားများအားထုတ်ကြဖို့၊ မိမိကိုယ်သာ အားကိုးရာဟု သတိချပ်ကြဖို့ မကြာခဏ ထုတ်ဖော်ဟောကြားလေ့ရှိသည်။ 

"တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။" (သင်တို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို (ကိုယ်တိုင်) အားထုတ်ကြကုန်လော့။ ဘုရားရှင်တို့မည်သည် (လမ်းမှန်ကို) ဟောဖော်ညွှန်ပြသူများသာ ဖြစ်၏။) (ဓမ္မပဒ ၂၇၆)

"အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။" (မိမိသည်သာ မိမိ ကိုးကွယ်ရာဖြစ်၏။ အခြားမည်သူသည် မိမိကိုးကွယ်ရာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။) (ဓမ္မပဒ ၁၆၀)

"အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ။ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ။" (ရဟန်းတို့၊ မိမိကိုယ်သာ မှီခိုကြလျက်၊ မိမိကိုယ်သာ အားထားကြလျက်၊ အခြားတစ်ပါးကို အားမကိုးဘဲ နေကြကုန်လော့။ တရားကိုသာ မှီခိုကြလျက်၊ တရားကိုသာ အားထားကြလျက်၊ အခြားတစ်ပါးကို အားမကိုးဘဲ နေကြကုန်လော့။) (သံ၊၂၊၃၅) (ဒီ၊၂၊၈၅)

အင်္ဂုတ္ထုရ်ပါဠိတော်၊ ပဥ္စကနိပါတ်၊ ပထမပတ္ထနာသုတ် (အံ၊၂၊၁၃၄) ကို လေ့လာပါက မြတ်စွာဘုရားရှင် ဆိုလိုသည့် "ဆုတောင်းခြင်း" သဘောကို မှန်မှန်ကန်ကန် နားလည်နိုင်မည် ဖြစ်သည်။ 

"ရဟန်းတို့၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော အဘိသိက်ခံ ပြည့်ရှင်မင်း၏ အကြီးဆုံးသားသည် မင်းဖြစ်ရန် မျှော်လင့် "တောင့်တ" နိုင်၏ (ပတ္ထေတိ)။ ဆုတောင်းနိုင်၏။ ထိုအင်္ဂါငါးပါးတို့ဟူသည် (၁) မိဘနှစ်ဘက်လုံးမှ စင်ကြယ်သော မျိုးရိုးရှိခြင်း၊ (၂) ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်း၊ (၃) မိဘနှစ်ပါးလုံးက ချစ်မြတ်နိုးခြင်း၊ (၄) တိုင်းသူပြည်သားတို့က ချစ်မြတ်နိုးခြင်း (၅) မင်းတို့ တတ်အပ်သော အတတ်ပညာတို့ကို တတ်ကျွမ်းခြင်း" တို့ ဖြစ်၏။ 

"ထို့အတူ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အာသဝေါကုန်ခမ်း၍ ရဟန္တာဖြစ်ရန် မျှော်လင့် "တောင့်တ" နိုင်၏။ ဆုတောင်းနိုင်၏။ ထိုငါးပါးတို့ဟူသည် (၁) သဒ္ဓါတရားရှိခြင်း၊ (၂) အနာရောဂါ နည်းပါးခြင်း၊ (၃) ရိုးသားပွင့်လင်းခြင်း၊ (၄) ဝီရိယရှိခြင်း၊ (၅) ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို သိသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်၏။"

ဤသုတ္တန်အလိုအရ လိုအပ်သော အရည်အချင်းများကို ဖြည့်ဆည်းထားပြီးပါက မိမိဖြစ်ချင်သောအရာများကို မျှော်လင့်တောင့်တနိုင်သည်။ မိမိလိုချင်သော တောင်းဆုများလည်း ပြည့်နိုင်သည်။ တစ်နည်းအားဖြင့် မိမိဖြစ်ချင်သောဆန္ဒကို အလုပ်ဖြင့် အထောက်အထည်ဖော်ရခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာအလိုအရ "ဆုတောင်း" ရုံမျှဖြင့် မိမိလိုချင်သည့်အရာများ မရနိုင်ကြောင်းကို အောက်ပါ သုတ္တန်နှစ်ခုကို ထောက်ထား၍ ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။ 

ဇေတဝန်ကျောင်းတော်သို့ ရောက်လာသော အနာထပိဏ်သူဋ္ဌေးကို မြတ်စွာဘုရားက "ဆုတောင်းခြင်း" နှင့် ပတ်သက်၍ အောက်ပါအတိုင်း မိန့်တော်မူခဲ့သည်။ (ဣဋ္ဌသုတ် - အံ၊၂၊၄၁)

“သူကြွယ်၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြံအရံများခြင်း၊ နတ်ပြည်တည်းဟူသော ဤငါးမျိုးတို့သည် နှစ်သက်မြတ်နိုးဖွယ်ကောင်း၍ ရခဲလှ၏။ အကယ်၍ ထိုငါးမျိုးသော တရားတို့ကို နှုတ်ဖြင့် ဆုတောင်းရုံ (အာယာစန)၊​ စိတ်ဖြင့် တောင့်တရုံ (ပတ္ထနာ) ဖြင့် ရခဲ့ရိုးမှန်လျှင် အဘယ်သူသည် အဘယ်သို့သောအရာမှ ယုတ်လျော့နိုင်ပါတော့မည်နည်း။” [လူတိုင်း ဆုတောင်းတိုင်း ပြည့်၍ အရာအားလုံး ပြည့်စုံနေလိမ့်မည်ဟူလို] 

မြတ်စွာဘုရားက ဆက်လက်၍ နှစ်သက်မြတ်နိုးဖွယ်ငါးမျိုးတို့ကို ဖြစ်စေနိုင်သောအကျင့်ကို ကျင့်ခြင်းဖြင့်သာ ထိုငါးမျိုးတို့ကို ရနိုင်မည်ဖြစ်ကြောင်း ဟောတော်မူခဲ့ပါသည်။ (အာယုသံဝတ္တနိကာ ပဋိပဒါ ပဋိပဇ္ဇိတဗ္ဗာ။ ဝဏ္ဏ၊ သုခ၊ ယသ၊ သဂ္ဂသံဝတ္တနိကာ ပဋိပဒါ ပဋိပဇ္ဇိတဗ္ဗာ။)

အခါတစ်ပါး၌ မြတ်စွာဘုရားရှင် နာလန္ဒာမြို့၌ နေတော်မူစဥ် အသိဗန္ဓကပုတ္တမည်သော ရွာသူကြီးသည် မြတ်စွာဘုရားထံ ချည်းကပ်၍ အောက်ပါအတိုင်း လျှောက်ထားပါသည်။ (အသိဗန္ဓကပုတ္တသုတ် - သံ၊၂၊၄၉၈)

“အရှင်ဘုရား၊ ပစ္ဆာဘူမိအရပ်၌နေသော ပုဏ္ဏားတို့သည် သေလွန်သူကို ဗြဟ္မာ့ပြည်၊ နတ်ပြည်သို့ ရောက်စေနိုင်ပါကုန်၏။” [အဋ္ဌကထာ: “ဂစ္ဆ, ဘော, ဗြဟ္မလောကံ, ဂစ္ဆ, ဘော, ဗြဟ္မလောက”န္တိ ဝဒန္တာ သဂ္ဂံ ပဝေသေန္တိ။ “အမောင် ယောက်ျား၊​ ဗြဟ္မပြည်သို့ သွားလေလော့၊ ဗြဟ္မပြည်သို့ သွားလေလော့ဟုဆိုလျက် ဗြဟ္မာ့ပြည်သို့ ဝင်စေကုန်၏။”]

“မြတ်စွာဘုရား၊ အရှင်ဘုရားသည် တစ်လောကလုံးကို သေလွန်သောအခါ နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်အောင် ပို့ဆောင်ခြင်းငှါ စွမ်းနိုင်ပါသလော”

ထိုအမေးကို မြတ်စွာဘုရားက ဥပမာဖြင့် ဖြေကြားတော်မူသည်။ 

"ရွာသူကြီး၊ နက်သော ရေအိုင်ကြီးထဲ၌ ပစ်ချထားအပ်သော “ကျောက်တုံးကြီး” ကို ရေပေါ် ပေါ်လာစေရန်နှင့် ကုန်းပေါ်သို့ တက်လာစေရန် လူအများက ရေအိုင်ကြီးဘေးထိုင်ပြီး လက်အုပ်ချီမိုး ရှိခိုးကာ အဖန်ဖန်တလဲလဲ ဆုတောင်းကြ၏။ “ကျောက်တုံးကြီး၊ ထပါလော့။ ကျောက်တုံးကြီး၊ ရေပေါ်ပေါ် ပါလော့။ ကျောက်တုံးကြီး၊ ကုန်းပေါ်သို့ တက်ပါလော့။” 

“ရွာသူကြီး၊ ထိုသို့ဆုတောင်းရုံဖြင့် ကျောက်တုံးကြီးသည် ရေပေါ်သို့ ပေါ်လာနိုင်ပါမည်လား၊ ကျောက်တုံးကြီးသည်  ကုန်းပေါ်သို့ တက်လာနိုင်ပါမည်လား”

“အရှင်ဘုရား၊ ကျောက်တုံးကြီးဟာ ရေပေါ် မပေါ် လာနိုင်သလို ကုန်းပေါ်ကိုလည်း တက်မလာနိုင်ပါ”

“ရွာသူကြီး၊ ထို့အတူပင် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးသားမယားကို ပြစ်မှားခြင်း၊ လိမ်လည်ပြောဆိုခြင်းစသော မကောင်းမှုဒုစရိုက်တို့ကို ကျူးလွန်ထားသောသူတစ်ဦး ကွယ်လွန်သောအခါ ထိုသူ၏ အလောင်းဘေး၌ လူသူအများ စုဝေး၍ လက်အုပ်ချီမိုး ရှိခိုးကာ “ဤသူသည် နတ်ပြည်သို့ ရောက်ပါစေသတည်း၊ ဤသူသည် နတ်ပြည်သို့ ရောက်ပါစေသတည်း” ဟူ၍ ဝိုင်းဝန်းဆုတောင်းကြ၏။ ဤသို့ လူအများ စုပေါင်း၍ တောင်းအပ်သောဆုသည် ပြည့်နိုင်ပါမည်လား”

“မပြည့်နိုင်ပါ အရှင်ဘုရား။”

"ရွာသူကြီး၊ ယောက်ျားတစ်ယောက်သည် ထောပတ်အိုးကိုလည်းကောင်း၊ ဆီအိုးကိုလည်းကောင်း နက်သော ရေအိုင်အောက်သို့ ယူဆောင်၍ ခွဲရာ၏။ ထိုသို့ခွဲရာ၌ ကျောက်စရစ်နှင့်အိုးခြမ်းကွဲတို့သည် အောက်သို့ကျ၍ ထောပတ်နှင့် ဆီတို့သည် အထက်သို့ တက်ကြ၏။ ထိုအခါ လူအများက ရေကန်ကြီးဘေးတွင် စုပေါင်းထိုင်၍ လက်အုပ်ချီမိုး ရှိခိုးကာ "အို, ထောပတ်နှင့်ဆီတို့၊ သင်တို့သည် ရေအောက်သို့ သက်ဆင်းကြလော့။ ရေအာက်သို့ နစ်မြုတ်သွားကြလော့" ဟု ဆုတောင်းကြ၏။  ရွာသူကြီး၊ ထိုသို့ဆုတောင်းရုံဖြင့် ထောပတ်နှင့်ဆီတို့သည် ရေအောက်သို့ သက်ဆင်း၍ နစ်မြုတ်သွားကြပါမည်လား” 

“အရှင်ဘုရား၊ ရေအောက်သို့ သက်ဆင်း၍ မနစ်မြုတ်နိုင်ကြပါ။”

"ရွာသူကြီး၊ ဤအတူသာလျှင် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်းစသော မကောင်းမှုဒုစရိုက်တို့မှ ရှောင်ကြဥ်၍ ကောင်းမှုသုစရိုက်တို့ကို ပြုလုပ်ထားသောသူတစ်ဦး ကွယ်လွန်သောအခါ လူအများက ထိုသူ၏ဘေး၌ စုပေါင်းထိုင်ကာ “ဤသူသည် အပယ်ငရဲသို့ ကျပါစေသတည်း၊ ဤသူသည် အပယ်ငရဲသို့ ကျပါစေသတည်း” ဟူ၍ ဝိုင်းဝန်းဆုတောင်းကြ၏။
“ဤသို့ လူအများ စုပေါင်း၍ တောင်းအပ်သောဆုသည် ပြည့်နိုင်ပါမည်လား”
“မပြည့်နိုင်ပါ အရှင်ဘုရား။”

အထက်ပါဒေသနာတော်တို့ကို အထောက်အထားပြု၍ ဆိုရလျှင် ဗုဒ္ဓသာသနာအလိုအရ "ဆုတောင်းခြင်း" သည် အခြားသော ဘာသာကြီးတို့၏ ဆုတောင်းခြင်းသဘောနှင့် သိသိသာသာ ကွဲပြားပါသည်။ ဘာသာကြီးအများစုက ကယ်တင်ခြင်းရဖို့၊ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတွေရဖို့ ဖန်ဆင်းရှင်နှင့် နတ်ဘုရားအဆူဆူတို့ထံတွင် ဆုတောင်းကြသည်။ ဆုတောင်းရုံဖြင့် တောင်းသည့်ဆုများ ပြည့်သည်ဟုလည်း ယုံကြည်ကြသည်။ ဗုဒ္ဓသာသနာအလိုအရမူ ဆုတောင်းခြင်းသည် မိမိဖြစ်ချင်သောဆန္ဒကို ထုတ်ဖော်ပြောကြားခြင်းသာ ဖြစ်သည်။ ဆုမတောင်းခင်ဖြစ်စေ၊ ဆုတောင်းပြီးဖြစ်စေ မိမိလိုချင်သောအရာများ အမှန်တကယ်ဖြစ်လာစေဖို့ လုပ်ဆောင်ချက် (ကံ) ရှိရမည် ဖြစ်သည်။ သို့မှသာ မိမိတို့၏ ဆုတောင်းများ ပြည့်စုံနိုင်မည် ဖြစ်ပါသည်။


https://www.buddhistdoor.net/features/the-role-of-prayer/


The Role of Prayer in Buddhism

updated on 2024/08/25


Prayer is a request or petition to an external being, be it the God or a god or a goddess, to solve their problems or to do something for them. It is a human nature to yearn for an assistance when they are weak and in need. In most religions, prayer is a way to seek comfort, hope, and a sense of connection with the divine powers. It provides psychological help for some people. Therefore, prayer plays an important role in almost all the religions. 

There is the element of prayers even in Buddhism which is said to be non-theistic religion. Externally, the ways of Buddhists in front of the Buddha image are not different from that of other religions. Therefore, it is important to know the meaning and the role of prayer in Buddhism. 

Most religions use "say the prayers" while worshiping to their God and goddess. They talk to their divine beings to hear their prayers. In Buddhism, we do not use "say our prayers" to the Budda. The Buddha will not hear our prayers. We just express our desire and wishes in front of the Buddha. Prayer (wishes/desire) alone is not enough. There has to be actions (Kamma). Without actions, our prayers will not work at all. 

The purpose of chanting in Buddhism is different from that of other religions. When we chant in front of the Buddha image, we are not asking for any help from the Buddha. We just pay respect and homage to the Buddha because we are grateful to Him for giving us the path to liberation from suffering and showing us the ways to good destinations. Therefore we use our chanting as 'Pūjā' which means 'veneration and homage'. We recite and recollect the virtues of the Buddha in order to emulate his qualities so as to follow his footstep. While reciting, defilements in our mind are subsided. Thus, Buddhist chanting is a way to generate positive thoughts and to focus the mind. 

The closest terms to prayer in Pāli are āyācana (verbal prayer) and patthanā (mental prayer). Thus, prayers is verbal expression (āyācana) and praying in the mind (patthanā) to express our desires and wishes. It is not a request or petition to the Buddha to give what we want. The Buddha will not answer your prayers and will not give you anything. You have to make an effort on your own in order to make your prayers come true. 

Bodhisatta Sumedha wanted to become the Buddha and expressed his desire (said the prayers) in front of the Dīpaṅkarā Buddha. the Dīpaṅkarā Buddha examined possibility and uttered the prediction that hermit Sumedha will become Gotama Buddha in the future. Even though Sumedha obtained the Prophecy from a Buddha, he has to work hard and need to fulfil ten perfections (pāramī) throughout the four incalculables (asaṅkhyeyyas) and one hundred thousand aeons (kappas).  The literal meaning of the word 'Pāramī' is "the action (Kamma) of noble people". Fulfilling perfection means performing meritorious actions based on compassion and wisdom. 

If we observe following Buddhist teachings, we will realise that the role of prayers in Buddhism is negligible. The Buddha often urge his disciples to strive for one's own liberation and to rely on oneself.

1/ You yourselves should make the effort; The Buddha are the Ones who only show the way ((tumhehi kiccamātappaṁ; akkhātāro tathāgatā.). (Dhp Verse 276)

2/ One indeed is one's own refuge; how can others be a refuge to one (attāhi attano nātho, ko hi nātho paro siyā)? (Dhp verse 160)

3/ Bhikkhus, dwell yourselves as an island, with yourselves as a refuge, with no other refuge; with the Dhamma as an island, with the Dhamma as a refuge, with no other refuge. (SN 22:43) (DN 16:2.26) 

If we study Pathamapatthanā Sutta (AN 5:135) carefully, we will have a clear picture of the role of prayers in Buddhism.

“Bhikkhus, possessing five factors, the eldest son of a head-anointed king yearns for (pray for) kingship. What five? (1) He is well born on both sides. (2) He is handsome and graceful. (3) He is pleasing to his parents. (4) He is pleasing to citizens. (5) He is proficient in the arts of head-anointed kings."

“So too, bhikkhus, possessing five qualities, a bhikkhu yearns for the destruction of the taints (becoming an arahant). What five? (1) Faith in the Enlightenment of the Buddha (2) a good health (3) Honesty and openness to his teachers and Dhamma brothers (4) mental energy (5) Wisdom to know arising and passing away of mind and matter." 

As mentioned in this Sutta, after we have acquired the necessary qualifications, we can expect and desire what we want to be. In other words, this Sutta clearly shows that the manifestation of our prayers is due to our own actions. Prayers alone will not work. We have to make an effort to make them into reality. 

Following two Suttas perfectly explain that the prayers without actions will not come true. In Iṭṭha Sutta (AN 5:43), the Buddha explained it to Anāthapiṇḍika, the donor of Jetavana monastery. 

“Householder, there are these five things that are wished for, desired, agreeable, and rarely gained in the world. What five? Long life, Beauty, Happiness, Fame, and The heavens. These five things, householder, I say, are not obtained by means of prayers (āyācana) or aspirations (patthanā). If these five things could be obtained by means of prayers or aspirations, who here would be lacking in anything?" (i.e. If the prayers without actions are fulfilled, everyone will live in a utopian society.)

“Householder, the noble disciple who desires long life ought not to pray for long life or delight in it or [passively] yearn for it. A noble disciple who desires long life should practice the way conducive to long life. For when he practices the way conducive to long life, it leads to obtaining long life, and he gains long life either celestial or human."

The Buddha continues to explain that beauty, happiness, fame and heavens will not be obtained by means of mere prayers and it requires practical actions (Kamma) conducive to them.

Asibandhakaputta Sutta (SN 42:6) beautifully depicts a clear statement on the role of prayers in Buddhism. While the Buddha was staying in Nalanda, a headman named Asibandhakaputta approached the Buddha and made the following request.

“Venerable sir, the brahmins of the western region are said to direct a dead person upwards, to guide him along, and conduct him to heaven. [Commentary says: “They stand around him saying, ‘Go, sir, to the brahma world; go, sir, to the brahma world,’ and thus make him enter heaven.”] But the Blessed One is able to bring it about that with the breakup of the body, after death, the entire world might be reborn in a good destination, in a heavenly world.”

The Buddha replied it with a counter question. 

“Suppose, headman, a person would hurl a huge boulder into a deep pool of water. Then a great crowd of people would assemble around it, and they would send up prayers, saying: ‘Emerge, good boulder! Rise up, good boulder! Come up on to high ground, good boulder!’ What do you think, headman? Because of the prayers of the great crowd of people, would that boulder emerge, rise up, and come up on to high ground?” 

“No, venerable sir.”

“So, too, headman, if a person is one who destroys life, takes what is not given, engages in sexual misconduct, speaks falsely, speaks divisively, speaks harshly, uses destructive talks, one who is covetous, full of ill will, and holds wrong view, even though a great crowd of people would assemble around him and they would send up prayers … still, with the breakup of the body, after death, that person will be reborn in a state of misery, in a bad destination, in the nether world, in hell.

“Suppose, headman, a man submerges a pot of ghee or a pot of oil in a deep pool of water and breaks it. Any of its shards or fragments there would sink downwards, but the ghee or oil would rise upwards. Then a great crowd of people would assemble around it, and they would send up prayers, saying: ‘Sink down, good ghee or oil! Settle, good ghee or oil! Go downwards, good ghee or oil!’ What do you think, headman? Because of the prayers of the great crowd of people, would that ghee or oil sink down or settle or go downwards?”

“No, venerable sir.”

“So, too, headman, if a person is one who abstains from the destruction of life ... one who holds right view, even though a great crowd of people would assemble around him and they would send up prayers ... still, with the breakup of the body, after death, that person will be reborn in a good destination, in a heavenly world.”

If we study all these suttas, we can make a following solid conclusion. 

Empty prayers will not generate any outcomes. Only prayers followed by actions (Kamma) will produce the desired results. This is the role prayers in Buddhism. 

[ChatGPT: Overall, prayer in Buddhism is a practice that supports spiritual development, ethical living, and the cultivation of compassion and wisdom, rather than a means of petitioning a divine being for intervention.]


Bhante Cakkapala

25/08/2024





No comments:

Post a Comment