အများပြောတဲ့အတိုင်း "တရားထိုင်ခြင်း" လို့ သုံးလိုက်ပေမဲ့ "တရားမှတ်ခြင်း" လို့ ပြောရင် ပိုပြီး ပြည့်စုံမယ် ထင်တယ်။ တရားထိုင်တယ်လို့ ပြောလိုက်တိုင်း လူအများစုက တင်ပလ္လင်ခွေပြီး ထိုင်နေမှ တရားထိုင်တယ်လို့ ထင်နေကြလို့ပါ။ တရားထိုင်တယ်ဆိုတာ အာရုံတွေအေပါ်မှာ သတိလေးကပ်ပြီး မှတ်နေတဲ့ သဘော ဖြစ်ပါတယ်။ ဝင်လေထွက်လေလေးမှာ သတိလေး ကပ်ထားတာ၊ ဘုရားဂုဏ်တော်တွေကို အာရုံစူးစိုက်ပြီး ပွားများနေတာဟာ တရားထိုင်တာပါပဲ။ သတိလေးနဲ့ သွားတာနေထိုင်တာ၊ သတိလေးနဲ့ ပြောဆိုတာ၊ နားထောင်တာ၊ သတိလေးနဲ့ ချက်ပြုတ်ပြင်ဆင်တာကအစ နောက်ဆုံး သတိလေးနဲ့ အိပ်သာသွားတာတွေအထိ တရားရှုမှတ်ခြင်းသဘောကို နားလည်သင့်ပါတယ်။ မဟာသတိပဋ္ဌာနသုတ်တစ်ခုကိုပဲ ဖတ်လိုက်ရင် ဒီသဘောကို နားလည်သွားပါလိမ့်မယ်။
တရားထိုင်တဲ့ အကျိုးတရားတွေကတော့ အများကြီးပါပဲ။ ဒီမှာပြောချင်တာက မဟာသတိပဋ္ဌာနသုတ် (ဒီ၊၂၊၂၃၁) မှာ မြတ်စွာဘုရားကိုယ်တိုင် ဟောကြားခဲ့တဲ့ အကျိုးတရားတွေကို ပြောချင်တာပါ။
၁။ သတ္တာနံ ဝိသုဒ္ဓိယာ = စိတ်စင်ကြယ်ဖို့
No comments:
Post a Comment