သဗ္ဗညုတဉာဏ် ဆိုတာ "အားလုံးကို သိတဲ့ဉာဏ်" လို့ အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်လိုဆိုရင် All-knowing Knowledge (သို့မဟုတ်) Ominiscience ပေါ့။ ဖန်ဆင်းရှင် ဘာသာတရားတွေကတော့ သူတို့ God တွေဟာ Ominiscience ကို ပိုင်ဆိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အချိန်တိုင်း၊ နေရာတိုင်းမှာ အသေးအဖွဲလေးကအစ အားလုံးကို တပြိုက်နက်တည်း သိနိုင်သူတွေလို့ လက်ခံထားကြပါတယ်။ လူတိုင်းရဲ့စိတ်ကို အချိန်တိုင်းသိနေတယ်လို့လည်း ယုံကြည်ကြပါတယ်။
ဘုရားနဲ့ ခေတ်ပြိုင် ဘာသာရေးဂိုဏ်းဆရာကြီး ခြောက်ပါးထဲက ပုရာဏကဿပနဲ့ ဂျိမ်းဘာသာကို တည်ထောင်ခဲ့သူ မဟာဝီရ (နိဂဏ္ဌနာဋပုတ္တ) တို့ကလည်း သူတို့ကိုယ်သူတို့ သဗ္ဗညူ (အားလုံးကို သိသူ)၊ သဗ္ဗဒဿာဝီ (အားလုံးကို သိမြင်သူ) တွေလို့ ဆိုကြပါတယ်။ အချိန်တိုင်းမှာ အရာအားလုံးကို အကြွင်းမဲ့ သိတဲ့ဉာဏ်နဲ့ ပြည့်စုံတယ်၊ အိပ်ပျော်နေစဥ်မှာတောင် သိနေတယ်လို့ ဆိုကြပါတယ် (လောကာယတိကသုတ်။ အံ၊၃၊၂၂၅)။ အရှင်အာနန္ဒာကတော့ ထိုသဗ္ဗညုတဉာဏ်ပိုင်ရှင်ဆိုသူတွေရဲ့ အဖြစ်သနစ်ကို ဟာသလေးနှောပြီး ပြောထားတယ်။ သူတို့ဟာ လူမရှိတဲ့အိမ်ကို ဆွမ်းခံဝင်ကြတယ်၊ လမ်းမှားပြီး ဝင်ကြတယ်၊ ဆွမ်းခံသွားစဉ်မှာ ခွေးကိုက်ခံရ၊ နွားခွေ့ခံရ၊ ဆင်အလိုက်ခံကြရတယ်၊ လူနာမည်နဲ့ မြို့ရွာနာမည်တွေကိုလည်း မှားယွင်းခေါ်ဆိုမိကြတယ်လို့ ဆိုပါတယ်။ (သန္ဒကသုတ်။ မ၊၂၊၁၈၈)
မြတ်စွာဘုရားကကော သဗ္ဗညုတဉာဏ်တော်ရှင်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ခဲ့ပါသလား။ ဒါက စိတ်ဝင်စားစရာ ကောင်းပါတယ်။ သေချာတာကတော့ မြတ်စွာဘုရားဟာ သဗ္ဗညူဆိုတဲ့ အသုံးအနှုန်းကို မနှစ်သက်ဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေကတော့ သဗ္ဗညူဆိုတဲ့ဂုဏ်ပုဒ်ကို အတော်လေး နှစ်သက်ကြတာ တွေ့ရပါတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ပြဆိုတဲ့ သုတ္တံတွေမှာ သဗ္ဗညူဆိုတဲ့ ဂုဏ်ပုဒ် မပါပါဘူး။
ရှေးဦးမူလဗုဒ္ဓဘာသာ (The Early Buddhism) အဖြစ် သတ်မှတ်ကြတဲ့ ပထမဆုံး နိကာယ်လေးရပ်အလိုအရဆိုရင် မြတ်စွာဘုရားကတော့ သူ့ကိုယ်သူ သဗ္ဗညတဉာဏ်ရှင်အဖြစ် လက်မခံပါဘူး။ လောကဝိဒူ (လောကကို သိသူ) လို့ပဲ ပြောခဲ့ပါတယ်။ နိကာယ်ငါးရပ်မှာ နောက်ဆုံးနိကာယ်ဖြစ်တဲ့ ခုဒ္ဒနိကာယ်လာ ထေရဂါထာ၊ အပါဒါန်နဲ့ မိလိန္ဒပဥှာတို့အလိုအရ တပည့်သာဝကတွေက မြတ်စွာဘုရားကို သဗ္ဗညုတဉာဏ်တော်ရှင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင် အထောက်အထားနဲ့ ရှင်းပြပါရစေ။
တေဝိဇ္ဇဝစ္ဆသုတ် (မ၊၂၊၁၄၈) မှာ မြတ်စွာဘုရားက သူဟာ သဗ္ဗညူ၊ သဗ္ဗဒဿာဝီ မဟုတ်ကြောင်း အတိအလင်း ငြင်းပယ်ထားပါတယ်။ ဒီနေရာမှာ ငြင်းပယ်တဲ့ သဗ္ဗညူ - အားလုံးကို သိတယ်ဆိုတာ ဖန်ဆင်းရှင်တွေလို အချိန်တိုင်း အမြဲ သိနေတာ (သတတံ သမိတံ ဉာဏဒဿနံ)၊ အရာအားလုံးကို တပြိုင်နက်ထဲ သိနေတာ (သကိဒေဝ သဗ္ဗံ ဉဿတိ) ကို ဆိုလိုတာပါ။ မြတ်စွာဘုရားကို သဗ္ဗညူလို့ ပြောရင် သူ့ကို မဟုတ်မမှန် စွပ်စွဲတာ ဖြစ်ကြောင်းလည်း မိန့်တော်မူပါတယ်။
တေဝိဇ္ဇဝစ္ဆသုတ်မှာ မြတ်စွာဘုရားကို မှန်မှန်ကန်ကန် ပြောဆိုမယ်ဆိုရင် "ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံသူ (တေဝိဇ္ဇ)" အဖြစ် ခေါ်ဆိုနိုင်ကြောင်း မိန့်တော်မူပါတယ်။ ဝိဇ္ဇာသုံးပါးဆိုတာ မြတ်စွာဘုရား ဘုရားဖြစ်တဲ့အချိန်မှာ ရရှိတော်မူခဲ့တဲ့ ဉာဏ်တော်သုံးပါး ဖြစ်ပါတယ်။ (၁) ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = အတိတ်က ဖြစ်ခဲ့ဖူးတဲ့ ဘဝတွေကို သိတဲ့ဉာဏ်၊ (၂) ဒိဗ္ဗစက္ခုဉာဏ် = သတ္တဝါတွေရဲ့ သေဆုံးခြင်း၊ မွေးဖွားခြင်း၊ ကံနဲ့ ကံ၏အကျိုးတို့ကို သိတဲ့ နတ်မျက်စိနှင့်တူတဲ့ ဉာဏ်၊ (၃) အာသဝက္ခယဉာဏ် = အာသဝတရားသုံးပါး ကုန်ခမ်းခြင်းကို သိတဲ့ဉာဏ် တို့ ဖြစ်ပါတယ်။
လောကာယတိကသုတ်မှာတော့ လောကဆိုတာ ရူပါရုံစတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ဆိုခြင်းဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားဟာ ကာမဂုဏ်အာရုံတို့ရဲ့ အကျိုးအပြစ်တို့ကို သိလို့ လောကဝိဒူဂုဏ်နဲ့ ပြည့်စုံသူ ဖြစ်ပါတယ်။ ပဌမစျာန်စတဲ့ လောကီစျာန် (၈) ပါး၊ သညာဝေဒယိတနိရောဓ (သညာ၊ ဝေဒနာစတဲ့ စိတ်၊ စေတသိက်တွေချုပ်ရာ နိရောဓသမာပတ်ဝင်စားချိန်) တို့မှာ ကာမဂုဏ်အာရုံဆိုတဲ့ လောကရဲ့ အဆုံးကို (ကာမဂုဏ်အာရုံတွေနဲ့ ဝေးရာကို) ရောက်နေသူဖြစ်ကြောင်း ဟောတော်မူထားပါသည်။
(စူဠဒုက္ခက္ခန္ဓသုတ် - မ၊၁၊၁၃၀)
စူဠနိဒ္ဒေသနဲ့ ပဋိသမ္ဘိဒါမဂ်တို့မှာ သမန္တစက္ခု (ထက်ဝန်းကျင် မြင်နိုင်သော ဉာဏ်မျက်စိ) ဆိုတာ သဗ္ဗညုတဉာဏ် ကိုဆိုခြင်းဖြစ်ကြောင်း အကြိမ်ကြိမ် ဖွင့်ပြထားတာ တွေ့ရပါတယ်။
မိလိန္ဒပဥှာ (၁၀၉၊ ၇၈) မှာ သဗ္ဗညုတဉာဏ်နဲ့ ပတ်သက်တဲ့ အခန်း ပါပါတယ်။ မြတ်စွာဘုရားက သဗ္ဗညူ၊ သဗ္ဗဒဿာဝီလားလို့ မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို မေးပါတယ်။ အရှင်နာဂသေန
No comments:
Post a Comment