- ဗုဒ္ဓဘာသာရယ်လို့ မရှိ၊ ဗုဒ္ဓဘာသိတ လို့ပဲ ရှိတယ်။
- ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
- စိရံ တိဋ္ဌတု သဒ္ဓမ္မော
- ဣမသ္မိံ ဓမ္မဝိနယေ
- အရိယဿ ဝိနယေ (သိင်္ဂါလောဝါဒသုတ်) (အံ၊၃၊၂၂၇)
- သတ္ထုသာသနံ (ဆရာ၏ အဆုံးအမကို) [ဥပါလိသုတ်၊ မ - ၂၊ ၃၇] [ဂျိန်းပိဋကတ်၌ အယူဝါဒအမှားများကို ပြရာတွင် ဗုဒ္ဓဘာသာကိုလည်း စာရင်းထဲ ထည့်ထား၏။ ဗုဒ္ဓသာသနံ (Bddhasasanam) ဟု ဆိုထားသည်။ (Indian Literature by Winternitz Volume II - Page - 473) ဤအကြောင်းကို ကိုးကားလိုလျှင် ဂျိန်းစာပေများကို ရေးသားချိန်ကိုလည်း ထည့်သွင်း တွက်ချက်ရမည်။]
- ဗုဒ္ဓသာသနေ (အံ၊ ၁၊ ၂၉၉) (ပုဗ္ဗဏှသုတ်)
- ဗုဒ္ဓသာသနေ (သင်္ဂါလသုတ် အဋ္ဌကထာ နောက်ဆုံးပိုဒ်)
- သမ္မာသမ္ဗုဒ္ဓသာသနေ (ဣတိဝုတ် - ၂၅၇)
- ဇိနသာသနာ (အပါဒါနပါဠိ ဂါထာနံပါတ် ၂၇၀၊ နှာ - ၂၆)
- ယေ သုပ္ပယုတ္တာ မနသာ ဒဠေန၊ နိက္ကာမိနော ဂေါတမသာသနမှိ။ တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဥ္ဇမာနာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ (ရတနာသုတ် (သုတ္တနိ၊ ၃၁၃)
- ဝိနယော နာမ သာသနဿသ အာယု (ပါရာဇိကဏ် အဋ္ဌကထာ)
- ဗုဒ္ဓဝစန (ပါရာဇိကဏ်၊ သီလက္ခန် အဋ္ဌကထာများ)
- ဗုဒ္ဓဘာသာ
- အရိယဿ ဝိနယေ (အံ၊ ၃၊ ၄၇၂) နှင့် နေရာပေါင်းများစွာ
- ဗြဟ္မစရိယ
- သာသနာ [ဒီ၊၂၊ ၂၀၄။ ၂၀၅။ ၂၁၀။ ၂၂၈။]; [မ၊၂၊ ၁၀၂။ ၃၂၃။ ၃၂၆။ ၃၅၄။] [သံ၊၁၊ ၁၂၂။ ၁၉၅။] [အံ၊၃၊ ၆၈။] [ဥဒါန၊ ၁၃၅။] [ဣတိဝုတ်၊ ၂၆၁။][သုတ္တနိ၊ ၃၇၀။ ၄၂၃။ ၄၂၄။][ဝိမာန၊ ၂၂။] [ပေတ၊ ၁၇၇။ ၁၇၈။ ၁၉၃။ ၂၀၆။][ထေရ၊ ၂၇၆။ ၂၈၃။ ၂၉၁။ ၃၀၃။ ၃၁၂။ ၃၂၁။ ၃၃၁။ ၃၃၆။ ၃၅၉။ ၃၆၅။ ၃၇၁။] [ထေရီ၊ ၄၀၀။ ၄၀၁။ ၄၃၅။ ] (အပါဒါန်၊ ဗုဒ္ဓဝံသစသော ကျမ်းများ၌လည်း များစွာ ပါ၏။ ဓမ္မဗိမာန် ပိဋကတ်သုံးပုံတွင် "သာသနေ" ဟူသော စကားလုံးကို ရိုက်၍ ရှာပါလေ။ (မ၊၁၊၁၀၁ - ကကစူပမသုတျ) န မေ သော တနေ သာသနကရော၊
- ဘဝဂဝတော - မြတ်စွာဘုရား၏၊ သာသနံ - အဆုံးအမတော်ကို၊ နိစ္စကပ္ပံ - ခပ်သိမ်းသော ကာလပတ်လုံး၊ သာဓုကံ မနသိ ကာတဗ္ဗံ။ (သံ၊၂၊၂၈၄)
- ဣမသ္မိံ သာသနေ (ဝိသုဒ္ဓိ၊၁၊၁၆)
- A Guide to Buddhism A to Z (S. Dhammika) Page - တွင်လည်းကြည့် (Buddhism and Buddhist)
- ဂျိန်းကျမ်းစာတွေကလည်း ဗုဒ္ဓသာသနာလို့ သုံးထားတယ်။ (History of Indian Literature II - 473)
- ဗုဒ္ဓဘာသာကို ရှေးအခါက သမ္မာဒိဋ္ဌိဟု ခေါ်၏။ “ဗုဒ္ဓဘာသာ” ဟူသော ဝေါဟာရမှာ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်ဘုရားလက်ထက် ဆရာယုဒသန် ခေါ် ဒေါက်တာဂျပ်ဆင် ရောက်လာမှ ပေါ်ပေါက်လာကြောင်း ပညာရှိတို့ မိန့်ကြား၏။ ကုန်းဘောင်ပြင်သစ် (ရွှေစြက်ာ) PDF File (နှာ-၂၀)
- [The Bibble ကို သမ္မာကျမ်းဟု ဘာသာပြန်ခဲ့သည့်အချက်က ထိုအချက်ကို ထောက်ခံနေသည် ထင်၏]
- ဦးကုလားရာဇဝင်၊ မှန်နန်းရာဇဝင်စသော သမိုင်းကျမ်းများနှင့် သာသနဝံသ၊ သာသနာလင်္ကာရစသော သာသနာဝင်ကျမ်းများကို ကြည့်ရှု့ရန်
-----------
- ဘဝပြဿနာ (မဟာစည်ဆရာတော်) စာအုပ်မှာ "ဗုဒ္ဓဘာသာ" ဆိုတဲ့ အခေါ်အဝေါ် ပေါ်လာတယ်။
- ကုန်ဘောင်ခေတ်က တော်တည့် မှန်ကန်သူ၊ ဖြောင့်မက်သူကို "လူသမ္မာ" လို့ သုံးပါတယ်။ (သာသနာလင်္ကာရစာတမ်း၊၂၀၀၉၊ - နှာ ၁၉၈)
- ဗုဒ္ဓဘာသာကို အင်္ဂလိပ်လို Buddhism ဟု အနောက်တိုင်း ပညာရှင်များက (၁၉) ရာစု အစောပိုင်းကာလတွင် စတင် သုံးစွဲခဲ့။ (Steven Batchelor) [Uncertain Mind: How the West Misunderstands Buddhism]
- Some people describe that Buddhism is not religion but it is Science of Mind. (Dalai Lama; Life of the Budddha - BBC - 2:15); Some describes Buddhism as Philosophy even as Psychotherapy. Unlike other religion, Buddhism was centered on the mind. There is no supreme God. Instead, a great teacher, the Buddha or the Awaken One. (Narrator; Life of the Budddha - BBC - 2:00). It is a therapeutic mean to deal with problems of life. (Life of the Budddha - BBC - 3:00)
No comments:
Post a Comment