- ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။ ဓမ္မကို ပူဇော်တာ။ တရားကြောင့် ဘုရားဖြစ်လာတယ်။ ငါ့ထက် သီလအရာ သာတဲ့သူ၊ သမာဓိအရာ သာတဲ့သူ၊ ပညာအရာ သာတဲ့သူ မရှိဘူးဆိုတော့ ဘယ်သူ့ကို ပူဇော်ရမလဲ စဥ်းစားတဲ့အခါ "တရား" ကို ပူဇော်ရမယ်ဆိုတာ နားလည်လာတယ်။ ဒါ့ကြောင့် မဂ္ဂင်ရှစ်ပါးကို ပွားများခြင်းအားဖြင့် ပူဇော်နေတာ။ (မိုးကုတ်ဆရာတော်ကြီး - ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပူဇော်သည့်အရာ)
- တရားတော်ကိုသာ ဆရာတင်ခြင်း
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်
- “ရဟန်းတို့၊ သရက်သီးများ ပြွတ်သိပ်၍ သီးနေသော သရက်ခိုင်၏ အညှာသည် ပြတ်သွားသည်ရှိသော် ထိုအညှာနှင့် ဆက်စပ်နေသော သရက်သီးအားလုံး တို့သည် ထိုအညှာနှင့်အတူ ပါသွားကုန်သကဲ့သို့ ထို့အတူပင် မြတ်စွာဘုရား၏ ကိုယ်ခန္ဓာသည် ဘဝ တဏှာ ပြတ်ပြီးသည်ဖြစ်၍ တည်ရှိနေပေ၏။” “ထိုခန္ဓာကိုယ် တည်ရှိနေသေးသည့် ကာလပတ်လုံး သာလျှင် နတ်နှင့်လူတို့သည် မြတ်စွာဘုရားကို ဖူးမြင်ကြရလိမ့်မည်။ ထိုခန္ဓာပျက်စီးသွားပြီးနောက်၌ကား မြတ်စွာဘုရား ကို ဖူးမြင်ရတော့မည် မဟုတ်ချေ။” (ဗြဟ္မဇာလသုတ္တံ (ဒီ၊၁၊၄၂)
- “သိယာ ခေါ ပနာနန္ဒ တုမှာကံ ဧဝမဿ ‘အတီတ သတ္ထုကံ ပါဝစနံ၊ နတ္ထိ နော သတ္ထာ’တိ။ န ခေါ ပနေ တံ အာနန္ဒ ဧဝံ ဒဋ္ဌဗ္ဗံ။ “အာနန္ဒ၊ ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သာသနာတော်သည် ဆရာမှ ကင်းကွာလေပြီဟူ၍ သင်တို့ မထင်မှတ်ကြကုန်လင့်။” မဟာပရိနိဗ္ဗာနသုတ္တံ (ဒီ၊၂၊၁၂၆)
- “ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။” “ငါဘုရား ဟောကြားအပ်သော တရားတော်နှင့် ပညတ်အပ်သော ဝိနည်းသိက္ခာပုဒ်များသည် သင်တို့ ဆရာပင် ဖြစ်၏။” (မဟာပရိနိဗ္ဗာနသုတ္တံ (ဒီ၊၂၊၁၂၆)
- တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။ ပဋိပန္နာ ပမောက္ခန္တိ၊ စျာယိနော မာရဗန္ဗနာ။ (ဓမ္မပဒ - ၂၇၅)
No comments:
Post a Comment