Friday, August 1, 2025

စိတ်အမျိုးအစား (၃) မျိုး

ပံသုဓောဝကသုတ် (အံ၊၁၊၂၅၅) မှာ တရားအလုပ် အားထုတ်နေတဲ့ ရဟန်းတစ်ပါးအတွက် စိတ်အညစ်အကြေးတွေအကြောင်းကို ပြတဲ့အခါ (၁) အကြမ်းစား စိတ်အညစ်အကြေး (သြဠာရိက ဥပက္ကိလေ)၊ (၂) အလယ် အလတ်တန်းစား စိတ်အညစ်အကြေး (မဇ္စျိမ ဥပက္ကိလေသ) နဲ့ (၃) အနုစား စိတ်အညစ်အကြေး (သုခုမ ဥပက္ကိလေသ) ဆိုပြီး သုံးမျိုးခွဲပြထားတယ်။

၁/ အကြမ်းစား စိတ်အညစ်အကြေးဆိုတာ ကာယဒုစရိုက် ၃ ပါး၊ ဝစီဒုစရိုက် ၄ ပါး၊ မနောဒုစရိုက် ၃ ပါးနဲ့ ဆက်စပ်တဲ့ အတွေးအကြံတွေ ဖြစ်တယ်။

၂/ အလယ်အလတ်တန်းစား စိတ်အညစ်အကြေးဆိုတာ (က) ကာမဂုဏ်အရုံတွေကို ကြံစည်စဥ်းစားတာ၊ (ခ) ဒေါသနဲ့ယှည်တဲ့ အကြံအစည်နဲ့ (ဂ) ညှင်းဆဲနှိပ်စက်အနိုင်ကျင့်ချင်တဲ့ အတွေးတွေ ဖြစ်တယ်။

၃/ အနုစား စိတ်အညစ်အကြေးဆိုတာ (က) ဉာတိဝိတက္က = ဆွေမျိုးတွေအကြောင်း တွေးတောစဥ်းစားနေတာ (ခ) ဇနပဒဝိတက္က = (တိုင်းနိုင်ငံ) ရပ်ရွာ ဇနပုဒ်အကြောင်း ကြံစည်စဥ်းစားနေတာနဲ့ (ဂ) အနဝညတ္တိပဋိသံယုတ္တဝိတက္က = သူများ အထင်အမြင်သေးတာ မခံလိုတဲ့အတွေး (အထင်ကြီးခံလိုတဲ့အတွေး) တွေ ဖြစ်ပါတယ်။

No comments:

Post a Comment