အကုလသမူလသုတ် (အံ၊၁၊၂၀၂)၊ ကေသမုတ္တိသုတ် (အံ၊၁၊၁၈၉) စတဲ့ သုတ္တံတွေမှာ ပါဏာတိပါတရဲ့ မူလဇစ်မြစ်ဟာ လောဘ၊ ဒေါသ၊ မောဟ သုံးပါးထဲက တစ်ပါးပါးကြောင့်ဖြစ်နိုင်ကြောင်း ဟောထားပါတယ်။ အဒိန္နဒါနစတဲ့ တခြားဒုစရိုက်တွေရဲ့ မူလဇစ်မြစ်ကိုလည်း လောဘ၊ ဒေါသ၊ မောဟ သုံးနဲ့ပဲ ပြဆိုထားပါတယ်။ ဆိုလိုတာကတော့ ဒုစရိုက် (၁၀) ပါးထဲက ဘယ်ဒုစရိုက်ပဲဖြစ်ဖြစ် အရင်းခံက သုံးမျိုးလုံးကြောင့် ဖြစ်နိုင်ကြောင်း နားလည်ရမှာပါ။
အဘိဓမ္မာမှာတော့ ဒုစရိုက် (၁၀) ပါးတို့ရဲ့ အရင်းခံအကြောင်း (မူလ) ကို တမျိုးခွဲခြားလိုက်ပါတယ်။
၁။ ပါဏာတိပါတ၊ ပိသုဏဝါစာ၊ ဖရုသဝါစာနဲ့ ဗျာပါဒတွေဟာ ဒေါသကြောင့် ဖြစ်တယ်။
၂။ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒနဲ့ အဘိဇ္စျာတွေဟာ လောဘကြောင့် ဖြစ်တယ်။
၃။ သမ္ဖပ္ပလာပဟာ မောဟကြောင့် ဖြစ်တယ်။
၄။ ကျန်တဲ့ မုသာဝါဒ၊ မိစ္ဆာဒိဋ္ဌိ
နေတ္တိပ္ပကရဏ (နှာ - ၃၇)
No comments:
Post a Comment