နိဗ္ဗာန်ဘုံ၊ ဝက်နိဗ္ဗာန်
နာမည်ကြီး ဆရာတော်တစ်ပါးနဲ့ ကျောင်းသူကျောင်းသားလေးတွေ အမေးအဖြကဏ္ဍတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က နိဗ္ဗာန်အကြောင်းမေးတာ ကြည့်လိုက်ရတယ်။ "ဆရာတော်ဘုရား၊ တပည့်တော် နိဗ္ဗာန််ကို မတော်တဆ ရောက်သွားရင်် နိဗ္ဗာန်ကနေ ပြန်ထွက်လာလို့ ရလားဘုရား" တဲ့။ နိဗ္ဗာန်မှာ ဘာမှမရှိဘူးဆိုတဲ့အသိရယ်၊ နိဗ္ဗာန်ဟာ ဘုံဌာနတစ်ခု ဖြစ်တယ်ဆိုတာရယ်လို့ နားလည်ထားတော့ ကျောင်းသားလေးက နိဗ္ဗာန်ကို ရောက်သွားမှာ ကြောက်နေတယ်ထင်ပါရဲ့။
တက္ကသိုလ်ကျောင်းသားတွေလုပ်ကြတဲ့ စကားရည်လုပွဲတစ်ခုမှာ ကျောင်းသူလေးတစ်ယောက်က သူ့ရဲ့အဆို ခိုင်မာဖို့အတွက် ဇာတ်မင်းသား မောင်သိန်းဇော်ရဲ့ ကဗျာလေးကို ကိုးကားပြီး ပြောသွားခဲ့တယ်။ "ပန်းကလေးရေ ... လမ်းထိပ် မုန့်ဟင်းခါးဆိုင်လေးကနေ နိဗ္ဗာန်အထိ မင်းနဲ့အတူ သွားချင်တယ်" ဆိုတဲ့ ကဗျာလေးပါ။ အဲ့ဒီအပိုင််းလေးက ဆိုရှယ်မီဒီယာမှာ အတော်နာမည််ကြီးသွားပါတယ်။ လူငယ်တွေ အရမ်းသဘောကျကြတာပေါ့။ မောင်သိန်းဇော်ရဲ့ ကဗျာမှာ နိဗ္ဗာန်ကို ခြေထောက်နဲ့ သွားလို့ရတဲ့ ဘုံဌာနတစ်ခုအနေနဲ့ ပုံဖော်ထားတယ်။
အဆိုတော် ဆိုင်းထီးဆိုင်ရဲ့ "ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ" ဆိုတဲ့ သီချင်းကလည်း လူတွေအကြားမှာ နာမည်ကြီးတယ်။ လူကြီးဖြစ်လာအချိန် အခက်အခဲ အကြပ်အတည်းတွေနဲ့ တွေ့ကြုံတိုင်း အပူအပင်ကင်းတဲ့ ကလေးဘဝကို ပြန်လည်တောင်းတတဲ့ သီချင်းပါ။ ဒီလိုသီချင်းတွေကလည်း နိဗ္ဗာန်ကို သွားလို့ရတဲ့ ဘုံတစ်ခုအနေနဲ့ အထင်မှားစေပါတယ်။
ဗုဒ္ဓဘာသာဝင် အများစုက နိဗ္ဗာန်ဟာ သွားလို့ရတဲ့ ဘုံဌာနတစ်ခုလိုမျိုး မြင်နေကြတယ်။ ဒါဆိုရင် သူတို့သိနေတဲ့နိဗ္ဗာန်က ဘာသာခြားတွေ ပြောနေတဲ့ ကောင်ကင်ဘုံနဲ့ ဘာများထူးဦးမလဲ။ ကိုယ့်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေတင် ဒီလို ဖြစ်နေတာလားဆိုတော့လည်း အဲ့လို မဟုတ်ပြန်ဘူး။ အခြားဗုဒ္ဓသာသနာကို ကိုးကွယ်ကြတဲ့ နိုင်ငံကလူတွေလည်း ဒီလိုပဲ မှားယွင်းယူဆနေကြကြောင်း သီရိလင်္ကာနိုင်ငံသား ပညာရှင်ကြီးနှစ်ယောက်ရေးတာ ဖတ်ခဲ့ရဖူးတယ်။
ဘုန်းကြီးတချို့ကလည်း နိဗ္ဗာန်ကို သွားလို့ရတဲ့ ဘုံဌာနတစ်ခုလို အသိမှားစေတဲ့ အသုံးအနှုန်းတွေ သုံးစွဲနေကြတာ တွေ့နေရတယ်။ အဲ့ဒီအထဲက ဥပမာ အနည်းငယ် ထုတ်ပြချင်ပါတယ်။ "သူတော်ကောင်းတို့ စံပျော်ရာ မြတ်နိဗ္ဗာန်ကို ရောက်ကြရကြပါစေကုန်သတည်း။" "ပရိနိဗ္ဗာန်စံဝင်တော်မူ၏ " "entering Nibbāna" "ပရိနိဗ္ဗာန်စံပြီးနောက် အာရုံပြုအပ်သော နိဗ္ဗာန်် (၂၀၁၄ - ခုနှစ်၊ သာသနာရေးဝန်ကြီးဌာန အဘိဓမ္မာစာမေးပွဲမေးခွန်း)။"
နိဗ္ဗာန်ဆိုတာ သွားရတဲ့ နေရာတစ်ခုအဖြစ် ဘုရားကိုယ်တိုင် တင်စားသုံးနှုံးခဲ့တာ ရှိပါတယ်။ တင်စားသုံးစွဲခဲ့တာကို တိုက်ရိုက်အနေနဲ့ ယူလိုက်တဲ့အခါကျတော့ နားလည်မှုတွေ လွှဲသွားကြခြင်း ဖြစ်ပါတယ်။ ဒီအထဲက တချို့ကို ရှင်းပြချင်ပါတယ်။
နိဗ္ဗာန်ဟာ သွားလို့ရတဲ့ ဘုံဌာနတစ်ခုမဟုတ်ပါဘူး။ စိတ်နဲ့ အာရုံပြုပြီး ဉာဏ်နဲ့ သိရတဲ့ "ငြိမ်းအေးမှု" ပါ။ ဒါကို ပါဠိတော်အထောက်အထား၊ အဘိဓမ္မာအထောက်အထားတချို့နဲ့ ရှင်းပြချင်ပါတယ်။
၁။ ဂတိငါးပါးနှင့် နိဗ္ဗာန်
၈။ မဂ္ဂဖလမာရမ္မဏဘူတံ
၉။ နိဗ္ဗာန်ဟာ ဓမ္မာရုံဖြစ်တယ်။
၁၀။ ဌာနဘုံနဲ့ အဝတ္ထာဘုံ
No comments:
Post a Comment