Thursday, February 13, 2025

မိမိကိုယ်ကို စောင့်ရှောက်ခြင်း / The Best Protection (Sedaka Sutta)

ကုသိုလ်တရားမှန်သမျှတို့သည် သတိကိုသာ အခြေခံ၍ ဖြစ်ပေါ်လာကြကြောင်း၊ သတိသည်သာ အခရာ ဖြစ်ကြောင်း မြတ်စွာဘုရား မိန့်တော်မူခဲ့သည်။ ပိဋကတ်သုံးပုံလာ ဘုရားဟောစကားတော်တို့သည် 'အပ္ပမာဒ' ဟူသော 'သတိ' ၌ အကြုံးဝင်ကြောင်း အဋ္ဌကထာက ဆိုသည်။ တရားဘာဝနာပွားများခြင်း (Meditation) ကို ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆိုရလျှင် သတိကို တိုးပွားလာအောင် အားထုတ်ခြင်းပင် ဖြစ်ပါသည်။ 


သေဒကသုတ္တံ (သံ၊၃၊၁၄၆) ၌ မြတ်စွာဘုရားက "သတိဖြင့် နေထိုင်ခြင်း" ၏ အရေးကြီးပုံကို ကျွမ်းဘားကချေသည်နှစ်ဦးပုံဝတ္ထုနှင့်  နှိုင်းယှည်ကာ ဟောကြားတော်မူခဲ့သည်။  

"ရဟန်းတို့၊ ရှေးအခါက ဝါးတိုင်ထိပ်သို့တက်ကာ ကပြဖျော်ဖြေ၍ အသက်မွေးကြသော ကျွမ်းဘားကချေသည် ဆရာတပည့်နှစ်ဦးရှိ၏။ ဆရာက ဝါးတိုင်ကို စိုက်ထူစေပြီး တပည့်ဖြစ်သူ မေဒကထာလိကကို "မေဒကထာလိက၊ သင်သည် ဝါးတိုင်ထိပ်သို့တက်၍ ငါ၏ပခုံးထက်၌ မက်တက်ရပ်လော့" ဟု ပြောဆို၏။ ဆရာဆိုသည့်အတိုင်း တပည့်ဖြစ်သူက ဝါးတိုင်ထိပ်တွင် ရပ်နေသော သူ့ဆရာ၏ပခုံးပေါ်သို့ တက်၍ ရပ်လေသည်။​ 

ထိုအခါ ဆရာက တပည့်ဖြစ်သူကို "အမောင် မေဒကထာလိက၊ သင်သည် ငါ့ကို (အန္တရာယ်မဖြစ်အောင်) စောင့်ရှောက်လော့၊ ငါကလည်း သင့်ကို စောင့်ရှောက်မည်။ ဤသို့အချင်းချင်း စောင့်ရှောက်ကြလျှက် အတတ်ပညာတို့ကို ပြသကြကုန်အံ့။ အဖိုးအခကိုလည်း ရကြကုန်အံ့။ ဝါးတိုင်ထိပ်မှလည်း အန္တရာယ်ကင်းစွာ ပြန်လည်ဆင်းသက်နိုင်ကြကုန်အံ့" ဟု ပြောဆို၏။

ထိုအခါ တပည့်ဖြစ်သူက "ဆရာ၊ ဆရာဆိုသောစကားသည် မသင့်ပါ။ ဆရာက မိမိကိုယ်ကိုပဲ စောင့်ရှောက်ပါ။ ကျွန်ုပ်ကလည်း မိမိကိုယ်ကိုပဲ စောင့်ရှောက်ပါမည်။ ဤသို့ ကျွန်ုပ်တို့နှစ်ဦးစလုံး မိမိကိုယ်ကို (အန္တရာယ်မဖြစ်အောင်) စောင့်ရှောက်ကြလျှက် အတတ်ပညာတို့ကို ပြသကြကုန်အံ့။ အဖိုးအခကိုလည်း ရကြကုန်အံ့။ ဝါးတိုင်ထိပ်မှလည်း အန္တရာယ်စွာ ပြန်လည်ဆင်းသက်နိုင်ကြကုန်အံ့" ဟု ပြောဆို၏။

မြတ်စွာဘုရားက ထိုဆရာတပည့် နှစ်ဦးတို့၏ စကားတို့တွင် တပည့်ဖြစ်သူ၏ စကားက ပို၍ သင့်မြတ်ကြောင်း မိန့်တော်မူသည်။ ထိုနောက် တပည့်ဖြစ်သူပြောစကားကို ဥပမာဆောင်၍ အောက်ပါအတိုင်း မိန့်တော်မူပါသည်။ 

"မိမိကိုယ်ကို စောင့်ရှောက်မည်" ဟု စဥ်းစားသူသည် သတိပဋ္ဌာန်တရားကို (သတိတိုးပွားရေးကျင့်စဥ်ကို) ပွားများအားထုတ်သင့်၏။ "သူတစ်ပါးကို စောင့်ရှောက်မည်" ဟု စဥ်းစားသူသည်လည်း သတိပဋ္ဌာန်တရားကို ပွားများအားထုတ်သင့်၏။ သတိပဋ္ဌာန်တရားကို ပွားများအားထုတ်ခြင်း၊ ကြိမ်ဖန်များစွာပြုလုပ်ခြင်းအားဖြင့် မိမိကိုယ်ကို စောင့်ရှောက်သူသည် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏။ သူတစ်ပါးကို စောင့်ရှောက်သူသည်လည်း မိမိကိုယ်ကို စောင့်ရှောက်ရာ ရောက်၏။" 

မှန်ပါသည်။ အမြဲတမ်း သတိဖြင့် နေထိုင်သူတစ်ဦးသည် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူတစ်ပါးသားမယားကို ကျူးလွန်ဖောက်ပြားခြင်း၊ လိမ်လည်ပြောဆိုခြင်းစသော သူတစ်ပါးကို ထိခိုက်စေသည့် မကောင်းမှုတို့ကို ပြုလုပ်တော့မည် မဟုတ်ပေ။ မိမိ၏ ကိုယ်နှုတ်စိတ်တို့ကို အသိသတိဖြင့် စောင့်ထိမ်းနေသူသည် မိမိကိုယ်ကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ပြီးသားဖြစ်သလို မိမိနှင့် စပ်ဆက်နေသည့် ပတ်ဝန်းကျင်ကိုလည်း အန္တရာယ်မဖြစ်အောင်၊ အကုသိုလ်မပေးမိအောင် စောင့်ရှောက်ပြီးသား ဖြစ်သွားတော့သည်။

ထို့နောက် မြတ်စွာဘုရားက ကျွမ်းဘားဆရာကြီး၏ "သူတစ်ပါးကို စောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်ရာရောက်၏" ဟူသော အယူအဆကိုလည်း ဥပမာဆောင်၍ ဟောတော်မူပါသည်။ 

"ရဟန်းတို့၊ သည်းခံခြင်း (ခန္တီ)၊ မညှဥ်းဆဲခြင်း (အဝိဟိံသာ)၊ ချစ်ခင်ကြင်နာခြင်း (မေတ္တာ)၊ အစဥ်သနားခြင်း (အနုဒယာ) ဟူသော ကျင့်စဥ်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်ပေ၏။" 

မှန်ပေသည်။ မိမိပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်တို့၏ အပြုအမူနှင့် အပြောအဆိုတို့သည် အမြဲတမ်း ကျေနပ်စရာ၊ နှစ်လိုဖွယ်ရာ ကောင်းနေမည်မဟုတ်ပေ။ အကယ်၍ မကျေနပ်စရာများ တွေ့မြင်ကြားသိရပါက  စိတ်ကိုထိန်း၍ သည်းခံခြင်း (ခန္တီ)၊ အားနည်းသူတို့ကို မညှင်းဆဲ၊ မနှိပ်စက်ခြင်း (အဝိဟိံသာ)၊ သူတစ်ပါးတို့၏အကျိုးစီးပွားကို လိုလားသော မေတ္တာစိတ်ဖြင့် နေထိုင်ပြောဆိုခြင်း (မေတ္တာ)၊ နိမ့်ပါးသူတို့ကို တွေ့လျှင် ကြင်နာသနားစိတ်ဖြင့် စောင့်ရှောက်ခြင်း (အနုဒယာ) အကျင့်တို့သည် သူတစ်ပါးကို စောင့်ရှောက်ခြင်း နည်းလမ်းများပင် ဖြစ်သည်။ သူတစ်ပါးကို ကူညီစောင့်ရှောက်သူသည် လူချစ်လူခင် ပေါများ၍ မိမိအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်နှင့် အခက်အခဲများ ပပျောက်၍ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြီးသားလည်း ဖြစ်သွားတော့သည်။ 


ကျမ်းကိုး။ 
  1. သေဒကသုတ္တံ (သံ၊၃၊၁၄၆)
  2. ပဒသုတ္တံ (သံ၊၃၊၄၀)
  3. ဓမ္မပဒအဋ္ဌကထာ (ပ) - ၁၄၅ 
--------

(က) သတိဖြင့် နေထိုင်ခြင်းသည် လောက၌ အတွင်းရန်၊​ အပြင်ရန်ဟူသော အန္တရာယ်တို့ကို တားမြစ်နိုင်သော အကောင်းဆုံးသော ပရိတ် (The best protection) ပင် ဖြစ်သည်။ တရားဘာဝနာ ပွားများခြင်း (Meditation) ကို ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆိုရလျှင် သမ္မာသတိကို တိုးပွားလာအောင် အားထုတ်ခြင်းပင် ဖြစ်ပါသည်။

(ခ) ခန္တီ၊ အဝိဟိံသာ၊ မေတ္တာ၊ အနုဒယာတို့ကို ကျင့်ကြံအားထုတ်ခြင်းသည် ဒုတိယအကောင်းဆုံးသော ပရိတ် (Protection) ဖြစ်သည်။

(ဂ) ဗုဒ္ဓဘာသာဝင်များ နေ့စဥ်ရွတ်ဖတ်သရဇ္စျယ်နေကြသော ပရိတ်တော်များမှာ တတိယတန်းစားအဆင့်ရှိသော ပရိတ် (Protection) များ ဖြစ်သည်ဟု ဆိုချင်ပါသည်။
================================


"All kinds of wholesome deeds originate from mindfulness (sati), and mindfulness is essential everywhere," the Buddha says. The Dhammapada commentary states that all the teachings of the Buddha, found in the Pali Canon (tipiṭaka), can be incorporated into mindfulness. Meditation can be, in a simplest and easiest way,  defined as a practice to increase mindfulness. Thus, we can understand the crucial role of Mindfulness in our daily life. 


In Sedaka Sutta (SN 47:19), the Buddha highlighted the importance of mindfulness by using a parable of two acrobats.


“Bhikkhus, once upon a time, there were two acrobats, a master and his apprentice,  who earned their living by performing acrobatic skills on the top of a bamboo pole. The master ask to set up a bamboo pole and told his apprentice ‘Medakathālika, climb up the pole and stand on my shoulders.’ As instructed, the apprentice climbed up the pole and stood on the shoulders of his master. 


Then the master said to his apprentice: ‘You protect me, dear Medakathālika, and I'll protect you. Thus, protecting one another, we’ll display our skills, earn our fee, and get down safely from the bamboo pole.’


But the apprentice replied: 'That is not the right way, Master. You protect yourself, and I'll protect myself. Thus, protecting oneself, we’ll display our skills, earn our fee, and get down safely from the bamboo pole.’


The Buddha said that the apprentice’s words were wiser and nicer. He then used this analogy to deliver the sermon. 'If someone think, Bhikkhus: 'I will protect myself,' one should develop mindfulness (sati); If someone think: 'I will protect others,' one should develop mindfulness (sati). Protecting oneself, Bhikkhus, one protects others; protecting others, one protects oneself.' 


Indeed, one who continually lives with mindfulness will not harm others by way of killing, stealing, committing sexual misconduct, telling a lie etc. One who guards his body, speech, and mind with mindfulness naturally avoids causing harm to other people around him. Thus, protecting oneself with mindfulness, one protects others; protecting others with mindfulness, one protects oneself.' 



The Buddha further illustrated the acrobat's teaching with the idea that 'By taking care of others, one also takes care of oneself.' 



================================



At that point, the teacher said to the student, ‘Medakathalika, you must watch over me to ensure that I am safe, and I will watch over you to ensure that you are safe. By watching over each other in this way, we will demonstrate our skills, earn our pay, and safely descend from the bamboo pole.’

The student replied, ‘Teacher, that is not right. You should look after yourself, and I will look after myself. In this way, by each of us safeguarding ourselves, we will demonstrate our skills, earn our pay, and safely descend from the bamboo pole.’

The Buddha declared that the student’s words were more fitting. He then used this story as an example and preached the following:

‘One who has trained themselves to "safeguard themselves" must continually develop mindfulness. One who has trained themselves to "safeguard others" must also continually develop mindfulness. By developing mindfulness, one who safeguards themselves also safeguards others. And one who safeguards others also safeguards themselves.’

Indeed, one who continually lives with mindfulness will not commit harmful actions such as killing, stealing, adultery, or lying, which harm others. A person who diligently guards their body, speech, and mind with mindfulness has already safeguarded themselves from harm and also protected their surroundings from harm.

Furthermore, the Buddha used the example of the teacher’s belief that "by safeguarding others, one also safeguards oneself" to illustrate the following:

‘Monks, through patience (khanti), non-harming (avihimsa), loving-kindness (metta), and compassion (anukampa), when one protects others, one also protects oneself.’

The actions and words of those around us may not always be pleasant. When encountering unpleasant things, if we can exercise patience (khanti), refrain from harming or oppressing others (avihimsa), speak and act with loving-kindness (metta) toward the well-being of others, and show compassion (anukampa) for the suffering of others, these actions constitute protecting others. By protecting others in this way, one gains popularity, and potential dangers and difficulties are dispelled, leading to the safeguarding of oneself.

In the world, the best protection against internal and external dangers is mindfulness. Developing mindfulness is, in itself, meditation (bhavana). The second-best protection is patience, non-harming, loving-kindness, and compassion. The protective verses (paritta) that Buddhists chant daily rank third in terms of protection.”

No comments:

Post a Comment