ဝစ္ဆဂေါတ္တပရိဗိုဇ်က သူကြားခဲ့တဲ့ စွပ်စွဲချက်တွေကို မြတ်စွာဘုရားကို လျောက်ထားပါတယ်။
“အရှင်ဂေါတမ၊ အရှင်ဂေါတမဟာ ‘ငါနဲ့ ငါ့တပည့်တွေကိုသာ အလှူကို ပေးလှူသင့်တယ်၊ အခြားသော သူတွေကို မပေးလှူသင့်ဘူး။ ငါနဲ့ ငါ့ရဲ့တပည့်တွေကို ပေးလှူတဲ့ အလှူကသာ အကျိုးကြီးတယ်။ အခြားသူတွေကို ပေးလှူတဲ့ အလှူက အကျိုးမကြီးဘူး’ လို့ ဟောပြောလေ့ရှိကြောင်း ကျွန်ုပ် ကြားဖူးပါတယ်။ ထိုစကား မှန်ပါသလား”
ဝစ္ဆဂေါတ္တပရိဗိုဇ်ရဲ့အမေးကို မြတ်စွာဘုရားက “ဝစ္ဆ၊ အဲ့ဒီစကားဟာ မမှန်ပါဘူး။ မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသာ ဖြစ်တယ်” လို့ တုန့်ပြန် ဖြေကြားတော်ပါတယ်။
“ဝစ္ဆ၊ သူတစ်ပါး၏ အလှူကို တားမြစ်သူသည် အလှူရှင်၏ ကုသိုလ်ကောင်းမှု အန္တရာယ်ကို ပြုသည် မည်၏။ အလှူခံ ပုဂ္ဂိုလ်၏ လဒ်လာဘ အန္တရာယ်ကို ပြုသည် မည်၏။ ထိုသူ သည် မိမိကိုယ်ကို တူးဖြိုဖျက်ဆီးအပ်သည်လည်း မည်၏။”
ဝစ္ဆဂေါတ္တသုတ္တန် (အံ၊၃၊၅၇)
No comments:
Post a Comment