Thursday, July 24, 2025

ဘုရားရှင်နှင့် ဆံထုံး

လက်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များ အပါအဝင် ဗုဒ္ဓဘာသာဝင် အများစု ကိုးကွယ်နေသည့် ဗုဒ္ဓရုပ်တုတော်များ၊ ပုံတော်များ၏ ဦးခေါင်းတော်တွင် ဆံထုံးတော်ကို တွေ့နိုင်သည်။ ဘုရားရုပ်တုတော်များ စတင် ပေါ်ထွန်းခဲ့သည့် အေဒီ (၁) ရာစုမှစ၍ ယခုအချိန်အထိ စံထုံးတော်မှာ ဗုဒ္ဓရုပ်ပွားတော်တို့၏ အင်္ဂါရပ်တစ်ခုအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။ သို့သော် ထေရဝါဒ ပါဠိပိဋကတ်တော်၌ ထိုစံထုံးတော် ရှိ၊ မရှိ ဆန်းစစ်နိုင်သည့် အထောက် အထားအချို့ တွေ့နိုင်သည်။ ထို အထောက်အထားတို့အရ မြတ်စွာဘုရားရှင်မှာ သာမန် ရဟန်းတော်များကဲ့သို့ ဆံတော်ပယ်ထားသည့် ခေါင်းတုံးဖြင့်သာ ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ အထောက်အထား အချို့ကို အောက်တွင် ဖော်ပြအပ်ပါသည်။

------------------

  • သမဏော ခလု ဘော ဂေါတမော အကာမကာနံ မာတာပိတူနံ အဿုမုခါနံ ရုဒန္တာနံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော (ဒီ၊၁၊၁၀၈) သောဏဒဏ္ဍသုတ်
  • သော ခေါ အဟံ ဘိက္ခဝေ အပရေန သမယေန ဒဟရောဝ သမာနော သုသုကာဠကေသော ဘဒြေန ယောဗ္ဗနေန သမန္နာဂတော ပဌမေန ဝယသာ အကာမကာနံ မာတာပိတူနံ အဿုမုခါနံ ရုဒန္တာနံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိံ။ (ပါသရာသိ၊ မ၊၁၊၂၁၉) 
  • သုန္ဒရိကသုတ် (သံ၊၁၊၁၆၉) ၌ ဦးခေါင်းခြုံ၍ သစ်ပင်အောက် ထိုင်နေသော မြတ်စွာဘုရားဆီ သုန္ဒရိက ပုဏ္ဏား ရောက်လာချိန် ဦးခေါင်းတော်ကို ဖွင့်ပြတော်မူရာ ပုဏ္ဏားကြီးက "မုဏ္ဍော အဝံ ဘဝံ" စသေသာ စကားကို ဆို၏။ (SN 7:9)

------------------

ဝိနည်းပါဠိတော်တွင် အဝေးမှ လာနေသည့် ညီတော် နန္ဒမင်းသားကို မြတ်စွာဘုရားဟု ထင်နေကြောင်း ပါရှိ၏။ ဤအထောက်အထားကလည်း မြတ်စွာဘုရားမှာ သူလိုငါလို ဆံရိပ်ကြောင်း ထင်ရှား၏။

------------------

သာကီဝင်မင်းသားများဖြစ်သော အရှင်ဘဒ္ဒိယ၊ အရှင်ကိမိလ၊ အရှင်ဘဂု၊ အရှင်အနုရုဒ္ဓါတို့ တောထဲ၌ တရားကျင့်နေစဉ် မြတ်စွာဘုရား သွားတွေ့သည်။ ခြံဝရောက်၍ ၎င်းတို့ ရှိ၊ မရှိမေးရာ အခြားသူစိမ်ဝင်မှာ ကြောက်သော ခြံစောင့်က တား၏။ 

-------------------

၁။ နမော တဿ ကို ရွတ်ဆိုပြီး အချိန်တိုင်း ဘုရားရှိခိုးနေတတ်သည့် အရိယာစာရင်းဝင် ပြီးသော ဓနဉ္စာနီ ပုဏ္ဏေးမကြီး၏ အပြုအမူကို စိတ်ပျက်နေသူ ခင်ပွန်းသည် ဗြဟ္မဏဘာသာဝင် ဘာရဒွါရပုဏ္ဏားကြီး မြတ်စွာဘုရား၏ ဂုဏ်တော်ကို ထိပါး ပြောဆိုရာတွင် "ဦးပြည်းရဟန်း ဂေါတမ" ဟူသော စကားကို ထည့်သွင်း ပြောကြခဲ့သည်။

သဂါထာဝဂ်၊ ဗြာဟ္မဏသံယုတ်၊ စနဉ္စာနီသုတ် ပါဠိတော်နှင့် အဋ္ဌကထာ

အရှင်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း (ပထမတွဲ - ၄၉၀) 

--------------------

သဂါထာဝဂ်၊ ဗြာဟ္မဏသံယုတ်၊ အက္ကေသသုတ်၊ အသုန္ဒရီသုတ်၊ သုန္ဒရိကသုတ်၊ ခေါမဒုဿသုတ်တို့တွင် "ဦးပြည်းရဟန်း ဂေါတမ" ဟူသော အသုံးအနှုန်းကို တွေ့နိုင်သည်။

--------------------

၂။ အမေရိကန်နိုင်ငံ၊ အလိုတော်ပြည့်ကျောင်တိုက်တွင် သီတင်းသုံးနေသည့် ဦးကေလာသ ကတော့ ဗုဒ္ဓရုပ်ပွားတော်နှင့် ဆံထုံးအကြောင်းကို အမေးကို အထောက်အထား အချို့ပြလျှက် ဖြေကြားထားသည်။ စိတ်ဝင်စားစရာ ကောင်းလှသည်။ အထောက်အထားများဖြင့် ဖြေကြားထား၍ အချက်အလက် ခိုင်မာလှသော်လည်း ဆရာတော်က ဘယ်သင်းဘယ်ဟာ ကောင်းသည်၊ ဆိုးသည် ဆုံးဖြတ် မထားပေ။ (Click here)

--------------------------------

သုန္ဒရိကသုတ် (သံ၊၁၊၁၆၉) ၌ ဦးခေါင်းခြုံ၍ သစ်ပင်အောက် ထိုင်နေသော မြတ်စွာဘုရားဆီ သုန္ဒရိက ပုဏ္ဏား ရောက်လာချိန် ဦးခေါင်းတော်ကို ဖွင့်ပြတော်မူရာ ပုဏ္ဏားကြီးက "မုဏ္ဍော အဝံ ဘဝံ" စသေသာ စကားကို ဆို၏။ (SN 7:9)

------------------------------

ဘုရားရှင်၏ ဦးခေါင်းတော် အလယ်တည့်တည့်မှ အဖုတော်သည် ယောင်ထုံး မဟုတ်၊ကေတုမာလာမည်သော ရောင်ခြည်တော်ပုံ ဖြစ်သည်။

(ပါရာဘာဋီ၊၁၊၂၂၁။)

(မိမိမေး၊နောင်တော်ကြီး ဦးစန္ဒသိရီ ဖြေ။)


စိန်ရတနာဆရာတော် Facebook (၁၃၊၀၆၊၂၀၁၆) မှ


--------------------------

ကေတုမာလာနာမ သီသတော နိက္ခမိတွာ ဥပဓိမုဒ္ဓနိ ပုေဉ္ဖာ ဟုတွာ ဒဿမာနရသ္မိရာသီတိ ဝဒန္တိ (ပါရာဇိကဏ်၊ ဘာဋီ ၁၊ ၂၂၁)

-------------------------

ဘုရားဆင်းတုတော်သမိုင်း လေ့လာရန်။ ပထမဆုံး ထုလုပ်သည့် ပုံတော်ကို အပိုလို နတ်ဘုရားကို နည်းမှီ၍ ထုလုပ်ခဲ့သည်။ ဂရိအနုပညာကို လေ့လာရန်

No comments:

Post a Comment