Wednesday, July 23, 2025

ပုညနှင့် ကုသလ အထူး

  • ပုညသည် လောကီဖြစ်၍ ကုသလသည် လောကီ၊ လောကုတ္တရာနှစ်မျိုးလုံး ဖြစ်နိုင်သည်။ ကောင်းမှု (ပုည) ကို ပြုလုပ်လျှင်  လူ၊ နတ်၊ ဗြဟ္မာစည်းစိမ်နှင့် လောကီကောင်းကျိုးချမ်းသာတို့ကို ရနိုင်သည်။ ကောင်းမှုကုသိုလ် (ကုသလ) ကို ပြုလုပ်လျှင် လောကီကောင်းကျိုးချမ်းသာ သာမက မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ အကျိုးထူးတရားတို့ကိုပါ ရရှိခံစားနိုင်သည်။ 
  • ပုညသည် အာသဝတရားတို့နှင့် ရောယှက်နေ၍ ကုသလသည် တခါတရံ အာသဝတရားတို့နှင့်အတူဖြစ်၍ တခါတရံ အာသဝတရားတို့ ကုန်ကြောင်း အကျင့်ကောင်း ဖြစ်ပေသည်။
  • ပုညဘာဂိယ၊ ပုညာဘိသင်္ခါရ (ပဋိစ္စသမုပ္ပါဒ်)
  • အနုတ္တရံ ပုညခေတ္တံ လောကဿ
  • ပုညကြိယာဝတ္ထုသုတ် (အံ၊၃၊၇၂) 
  • ဣဋ္ဌသုတ် (အံ၊၂၊၄၂) ၏ အဆုံးပိတ် ဂါထာတို့၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြံအရံများခြင်း၊ နတ်ပြည်တို့ကို ပုညကိရိယာ = ကောင်းမှုတို့ကို ပြုခြင်းဖြင့် ရောက်နိုင်ကြောင်း ဆိုထားသည်။ ဆိုလိုသည်မှာ ထိုလောကီကောင်းကျိုးတို့ကို ရလျှင်လို ပုညဟု ခေါ်ဆိုသော ကောင်းမှုတို့ကို ပြုလုပ်ရမည် ဖြစ်သည်။
  • ပုညာနိ ပရလောကသ္မိံ၊ ပတိဋ္ဌာ ဟောန္တိ ပါဏိနံ။ သတ္တဝါတို့အတွက် ကောင်းမှု (ပုည) တို့သည် နောက်ဘဝ၌ ထောက်တည်ရာ ဖြစ်ကုန်၏။ 
  • မေတ္တသုတ် (အံ၊၂၊၄၆၅) ၌ ကောင်းမှု (ပုည) တို့ကို မကြောက်ဖို့၊ ကောင်းမှုဟူသည် ချမ်းသာသုခ၏ အမည်ဖြစ်ကြောင်း ဟောကြားတော်မူသည်။ မေတ္တာကို ခုနှစ်နှစ်ပတ်လုံး စီးဖြန်းပွားများ၍ ခုနှစ်ကမ္ဘာကာလပတ်လုံး ဗြဟ္မာပြည်၌ မဟာဗြဟ္မာကြီးအဖြစ် ဖြစ်ခဲ့ပုံ၊​ နတ်ပြည်၌ သိကြားမင်းအဖြစ် ၃၆ ကြိမ် ကျင်လည်ခဲ့ပုံ၊ စကြာဝတေးမင်းအဖြစ် ဘဝပေါင်း မရေမတွက်နိုင်အောင်ဖြစ်ခဲ့ပုံတို့ကို ဟောတော်မူခဲ့သည်။ ပုညဟူသော ကောင်းမှုသည် လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့၌ ဖြစ်နိုင်ခြင်းတည်းဟူသော လောကီအကျိုးကို ပေးပါသည်။
  • မေတ္တာဘာဝနာသုတ် (ဣတိ - ၂၀၈) ၌ ခန္ဓာငါးပါးကို ရစေနိုင်သော  ပုညကိရိယဝတ္ထုတို့တွင် မေတ္တာဖြင့် နေထိုင်ခြင်းသည် အမြတ်ဆုံးဖြစ်၏" ဟု ဟောတော်မူခဲ့သည်။ ခန္ဓာငါးပါးကို ရစေနိုင်သော (ဩပဓိကာနိ) ဟူသော ပါဠိကို ထောက်လျှင် လောကီကောင်းမှုကို ဆိုလိုခြင်း ဖြစ်ကြောင်း သိသာသည်။ 
  • မဟာဟတ္ထိပဒေါပမသုတ် (မ၊၁၊၂၄၂) ၌ အရှင်သာရိပုတ္တရာ ဟောကြားခဲ့သည့် နာမည်ကျော် စကားတစ်ခု ရှိသည်။ "ကုသိုလ်မှန်သမျှသည် သစ္စာလေးပါး၌ အကြုံးဝင်ကုန်၏ (ယေကေစိ ကုသလာ ဓမ္မာ၊ သဗ္ဗေ တေ စတူသု အရိယသစ္စေသု သင်္ဂဟံ ဂစ္ဆန္တိ)" သစ္စာလေးပါးသည် လောကုတ္တရာလမ်းကြောင်းသို့ ရောက်ကြောင်းတရားများ ဖြစ်သည်။ ထို့ကြောင့် ကုသိုလ်တရားများ ပွားများခြင်းဖြင့် လောကုတ္တရာများ ရနိုင်ကြောင်း သိနိုင်ပါသည်။ 
  • သံသရာမှ ထွက်မြောက်ကြောင်း ကျင့်စဥ်တရားတို့ကို ဟောကြားတိုင်း ကုသလေသု ဓမ္မသု ဟု ဟောတော်မူလေ့ရှိ၏။
  • အကုသလရာသိသုတ် (သံ၊၃၊၁၂၇) ၌ နီဝရဏတရားငါးပါးတို့ကို အကုသလရာသိဟု ဆို၍ သတိပဋ္ဌာန်တရားလေးပါးတို့ကို ကုသလရာသိဟု ဟောကြားထား၏။
  • ပုညနဲ့ ကုသလတို့ရဲ့ ဝိဂြိုဟ်အဖွင့်တွေကို ကြည့်ပြီးလည်း သူတို့နှစ်ခု ထူးခြားချက်ကို ရေးလို့ ရတယ်။
  • မဟာပရိနိဗ္ဗာနသုတ် (ဒီ၊၂၊၁၁၃) ဂါထာကို ကြည့်ပါ။
  • ပုညက အမျှဝေလို့ ရတယ်။​ ကုသလက အမျှဝေလို့ မရဘူး။ (ဦးနန္ဒာစာရ ပြောစကား။ ဒါမီယံ​ကီဝင်ရဲ့ စကား ထင်တယ်။)
  • PUÑÑA ဟူသော ခေါင်းစဥ်ဖြင့် Encyclopedia of Buddhism (VII, 457) တွင် ကြည့်ပါ။
  • https://en.wikipedia.org/wiki/Merit_(Buddhism)#:~:text=It%20is%20a%20beneficial%20and,a%20person's%20growth%20towards%20enlightenment.

Friday, July 18, 2025

Happiness နဲ့ ဒုက္ခနိရောဓ

  •  လူတွေက အသက်ကြီးလာရင် ပျော်စရာတွေ နည်းလာတယ်လို့ ထင်ကြတယ်။

Thursday, July 17, 2025

အနတ္တ ဒေသနာ

  •  နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသော လမ်း - ၇၆၉
  • သတိပဋ္ဌာန်လေးပါး အားထုတ်တယ်ဆိုတာ အနတ္တကို မြင်အောင်လို့ပါ။
  • ဆရာကိုအောင်သန်းမြင့် ဆောင်းပါးများ ဖတ်ရန်

Sunday, July 13, 2025

ဓမ္မသည်သာ ကိုးကွယ်ရာ

  • ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။ ဓမ္မကို ပူဇော်တာ။ တရားကြောင့် ဘုရားဖြစ်လာတယ်။​ ငါ့ထက် သီလအရာ သာတဲ့သူ၊ သမာဓိအရာ သာတဲ့သူ၊ ပညာအရာ သာတဲ့သူ မရှိဘူးဆိုတော့ ဘယ်သူ့ကို ပူဇော်ရမလဲ စဥ်းစားတဲ့အခါ "တရား" ကို ပူဇော်ရမယ်ဆိုတာ နားလည်လာတယ်။ ဒါ့ကြောင့် မဂ္ဂင်ရှစ်ပါးကို ပွားများခြင်းအားဖြင့် ပူဇော်နေတာ။ (မိုးကုတ်ဆရာတော်ကြီး - ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပူဇော်သည့်အရာ)
  • တရားတော်ကိုသာ ဆရာတင်ခြင်း


မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်
  • “ရဟန်းတို့၊ သရက်သီးများ ပြွတ်သိပ်၍ သီးနေသော သရက်ခိုင်၏ အညှာသည် ပြတ်သွားသည်ရှိသော် ထိုအညှာနှင့် ဆက်စပ်နေသော သရက်သီးအားလုံး တို့သည် ထိုအညှာနှင့်အတူ ပါသွားကုန်သကဲ့သို့ ထို့အတူပင် မြတ်စွာဘုရား၏ ကိုယ်ခန္ဓာသည် ဘဝ တဏှာ ပြတ်ပြီးသည်ဖြစ်၍ တည်ရှိနေပေ၏။” “ထိုခန္ဓာကိုယ် တည်ရှိနေသေးသည့် ကာလပတ်လုံး သာလျှင် နတ်နှင့်လူတို့သည် မြတ်စွာဘုရားကို ဖူးမြင်ကြရလိမ့်မည်။ ထိုခန္ဓာပျက်စီးသွားပြီးနောက်၌ကား မြတ်စွာဘုရား ကို ဖူးမြင်ရတော့မည် မဟုတ်ချေ။”  (ဗြဟ္မဇာလသုတ္တံ (ဒီ၊၁၊၄၂)
  • “သိယာ ခေါ ပနာနန္ဒ တုမှာကံ ဧဝမဿ ‘အတီတ သတ္ထုကံ ပါဝစနံ၊ နတ္ထိ နော သတ္ထာ’တိ။ န ခေါ ပနေ တံ အာနန္ဒ ဧဝံ ဒဋ္ဌဗ္ဗံ။ “အာနန္ဒ၊ ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သာသနာတော်သည် ဆရာမှ ကင်းကွာလေပြီဟူ၍ သင်တို့ မထင်မှတ်ကြကုန်လင့်။”  မဟာပရိနိဗ္ဗာနသုတ္တံ (ဒီ၊၂၊၁၂၆)
  • ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။”  “ငါဘုရား ဟောကြားအပ်သော တရားတော်နှင့် ပညတ်အပ်သော ဝိနည်းသိက္ခာပုဒ်များသည် သင်တို့ ဆရာပင် ဖြစ်၏။” (မဟာပရိနိဗ္ဗာနသုတ္တံ (ဒီ၊၂၊၁၂၆)
  • တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။ ပဋိပန္နာ ပမောက္ခန္တိ၊​ စျာယိနော မာရဗန္ဗနာ။ (ဓမ္မပဒ - ၂၇၅)


Thursday, July 10, 2025

အလုပ်လုပ်ရတာ ပျော်ရဲ့လား

  • တစ်ချို့က အလုပ်လုပ်ရင် ပင်ပန်းတယ်၊ အလုပ်မလုပ်ဘဲ နေလို့ ရရင် ကောင်းမှာပဲလို့ ထင်နေတတ်ကြပါတယ်။ ဒါက ပုံမှန်အနေအထားတော့ မဟုတ်ပါဘူး။ လူတိုင်း အလုပ် လုပ်ကြရမှာပါ။ ဒါမှသာ လူပီသတဲ့သူ၊ တာဝန်ကျေတဲ့သူ ဖြစ်မှာပါ။ ဘယ်နေရာမှာပဲ ရောက်နေရောက်နေ ကိုယ်က လူပိုကြီးတစ်ယောက် ဖြစ်နေရင် ပတ်ဝန်းကျင်ရဲ့ ကျင်ဖယ်မှုကို ခံရပြီး စိတ်မချမ်းမသာ ဖြစ်ဖို့ များပါတယ်။ စာရေးဆရာကြီးဦးအောင်သင်းကတော့ "လူရာဝင်ချင်ရင် ပတ်ဝန်းကျင်ကို အကျိုးပြုပါ" လို့ ပြောခဲ့တယ်။
  • အလုပ်လုပ်ရတာ ခန္ဓာကိုယ် ပင်ပန်းတာ မှန်ပေမယ့် ကိုယ်လုပ်တဲ့ အလုပ်မှာ စိတ်ဝင်စားမှုရှိဖို့ အရေးကြီးပါတယ်။ စိတ်ဝင်စားတဲ့အလုပ်ကို ပြုလုပ်ရခြင်းက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဒါကို ဗုဒ္ဓစာပေမှာတော့ ပီတိ (ကျေနပ်နှစ်သက်မှု) လို့ သုံးပါတယ်။ ပီတိကို အင်္ဂလိပ်လို 'Zest' သို့မဟုတ် 'Rapture' လို့ ဘာသာပြန်ကြတယ်။ 'Pleasurable interest' လို့ ဘာသာပြန်သူလည်း ရှိတယ်။ ဒီဘာသာပြန်ချက်လေးက စာလုံးရှည်ပေမယ့်  အဓိပ္ပါယ်ပိုရှိတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုကို လုပ်ရတော့မယ်ဆိုရင် စိတ်ဝင်စားမှုရှိသလို စိတ်လည်းချမ်းသာပါတယ်။ ဒါသည်ပင် ပီတိပါပဲ။
  • တရားအားထုတ်တဲ့အခါမှာ ပီတိသဘောလေး ဝင်လာရင် ယောဂီအနေနဲ့ တရားအားမထုတ်ရ မနေနိုင်တော့ပါဘူး။ ဈာန်ရဖို့ အင်္ဂါရပ်တွေထဲမှာ ပီတိက အရေးပါတဲ့ ဈာန်အင်္ဂါတစ်ပါးအနေနဲ့ ပါဝင်ပါတယ်။ ထိုနည်းတူစွာပဲ ဘယ်အလုပ်မဆို ပီတိဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကိုယ့်အလုပ်မှာ ပျော်ရွှင်မှု ရှိမှာပါ။ ပီတိက လူကို ပေါ့ပါးသွက်လက်စေပါတယ်။ ဆရာ တွေဆိုရင် ပီးတိကိုစားပြီး အားရှိနေကြတာပဲမို့လား။
  • ကိုယ့်အလုပ်ကို ကျေနပ်နှစ်သက်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အလုပ် မလုပ်ခင်ကတည်းက သေသေချာချာ တွက်ချက်စဉ်းစားပြီး ဆုံးဖြတ်ဖို့ လိုပါတယ်။ အလုပ်မလုပ်သေးတဲ့လူတွေအနေနဲ့ ကိုယ်ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲ အထူးအလေးထား စဉ်းစားဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်တက်ဖို့ မေဂျာဘာသာရပ်ရွေးတဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်ခဲ့သူက ပိုပြီး သက်သာသလို ပျော်စရာလည်း ကောင်းပါတယ်။
  • ကိုယ့်ရှေ့မှာ လူထွက်ချင်တယ်လို့ ပြောတဲ့ ဦးဇင်းတွေကို သေချာပြီးလား၊ သေချာရင် ထွက်တော့၊ သိပ်အချိန်မဆွဲနဲ့၊ လူ့ဘဝက တိုတိုလေးရယ်၊ ကိုယ်လုပ်ချင်တာ လုပ်ဖို့ အရေးကြီးတယ် (ကိုယ့်အလုပ်မှာ ပီတိဖြစ်ဖို့ အရေးကြီးတယ်) လို့ တိုက်တွန်းလေ့ရှိတယ်။ ဘုန်းကြီးဘဝမှာ မပျော်ဘဲ နေနေပြီး မဟုတ်တာတွေ လုပ်နေရင် သံသရာအတွက် နင့်နာသလို သာသနာကို အိုးမဲသုက်ရာလည်း ရောက်ပါတယ်။
  • အလုပ်လုပ်နေတဲ့လူတွေအနေနဲ့တော့ ကိုယ့်အလုပ်မှာ ပျော်ပျော်ရွှင်ရွှင်၊ စိတ်ပါလက်ပါ လုပ်နိုင်ဖို့ ကြိုးစားအားထုတ်သင့်ပါတယ်။ 
  • လက်ရှိ လုပ်နေတဲ့ အလုပ်မှာ မပျော်ဘူးသေချာရင် နောက်လုပ်မယ့် အလုပ်က ကိုယ်နှစ်သက်တာ၊ ကိုယ်စိတ်ဝင်စားတာ၊ ကိုယ်ပျော်မယ်လို့ ထင်တာ ဖြစ်ဖို့ အရေးကြီးပါတယ်။
  • အခြေအနေအရ ကိုယ်စိတ်မဝင်စားတဲ့အလုပ်ကို လုပ်နေရသူတွေအနေနဲ့လည်း ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုခု လုပ်နေဖို့ အရေးကြီးပါတယ်။ အဲ့ဒီအလုပ်ကလည်း အပြစ်ကင်းဖို့တော့ လိုတာပေါ့လေ။ 

Saturday, July 5, 2025

ဗုဒ္ဓဓမ္မ အနှစ်ချုပ်

 နဂိုက သုတ္တန်သင်တန်းမှာ စာသင်တိုင်း ပိဋကတ်သုံးပုံမှာ ဟောခဲ့သမျှ ဗုဒ္ဓဓမ္မတွေကို "ဒါန၊ သီလ၊ ဘာဝနာ" ဆိုတဲ့ စကားလုံးသုံးခုနဲ့ အနှစ်ချုပ်လို့ရကြောင်း ပြောဖြစ်ခဲ့တယ်။

Thursday, July 3, 2025

သာသနာ့သမိုင်း မှတ်စု (ပုဂံခေတ်)

  • Knowledge about the Third Buddhist Council, and hence Soṇa and Uttara’s journey to Suvaññabhūmi, was not unknown earlier in Pagán. Indeed, their story is represented as a mural on the Myinkaba Kubyaukgyi temple, thought to have been built in the eleventh century. (Rāmañña - 323)

Saturday, June 28, 2025

ဘုရားအလိုတော်ကျ ပစ္စည်းဥစ္စာ အသုံးပြုနည်း

  •  ပတ္တကမ္မသုတ် (အံ၊၁၊၃၇၉)
  • အာဒိယသုတ် (အံ၊၂၊
  • အာနဏျသုတ် (အံ၊၁၊၃၈၀)

ပါဠိတော်ကို ပါဠိတော်ဖြင့် ပြန်ဖွင့်ခြင်း (၁)

  1. စာဂ (အံ၊၁၊၃၇၇)
  2. ပညာ (အံ၊၁၊၃၇၇)
  3. သတ္တ / သတ္တဝါ = ခန္ဓာငါးပါးတို့၌ တွယ်ငြိတတ်သောကြောင့် သတ္တ မည်၏။ (သတ္တသုတ္တ၊ သံ၊၂၊၁၅၄) သာဝတ္ထိနိဒါနံ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ရာဓော ဘဂဝန္တံ ဧတဒဝေါစ – ‘‘‘သတ္တော, သတ္တော’တိ, ဘန္တေ, ဝုစ္စတိ။ ကိတ္တာဝတာ နု ခေါ, ဘန္တေ, သတ္တောတိ ဝုစ္စတီ’’တိ။ ‘‘ရူပေ ခေါ, ရာဓ, ယော ဆန္ဒော ယော ရာဂေါ ယာ နန္ဒီ ယာ တဏှာ, တတြ သတ္တော, တတြ ဝိသတ္တော, တသ္မာ သတ္တောတိ ဝုစ္စတိ။ ဝေဒနာယ… သညာယ… သင်္ခါရေသု… ဝိညာဏေ ယော ဆန္ဒော ယော ရာဂေါ ယာ နန္ဒီ ယာ တဏှာ, တတြ သတ္တော, တတြ ဝိသတ္တော, တသ္မာ သတ္တောတိ ဝုစ္စတိ’’။ (မြေအိမ်ငယ်တို့နဲ့ ကစားတဲ့ ကလေးတွေက မြေအိမ်ငယ်ကို မငြီးငွေ့သရွှေ့ အဲ့ဒီမြေအိမ်ငယ်တွေနဲ့ ကစားကြတယ်။ ငြီးငွေ့သွားရင်၊ စိတ်မပါတော့ရင် ဖျက်ဆီးပစ်ကြတယ်။) (မဟာနိဒ္ဒေသ - ၁၈ မှာ ရာဓသံယုတ်လာ ဤ (သတ္တသုတ္တ၊ သံ၊၂၊၁၅၄) ကို ကိုးကားပြီး သတ္တကို ဖွင့်ထားတယ်။)
  4. သဒ္ဓါ (အံ၊၁၊၃၇၇)
  5. သီလ ((အံ၊၁၊၃၇၇)

Sunday, June 22, 2025

လောဘ မှတ်စု

  • နိဗ္ဗာန်ဟူသည် ရာဂ၊ ဒေါသ၊ မောဟတို့ ကုန်ရာတည်း။
  • ရာဂ၊ တဏှာ၊ လောဘ၊ ဆန္ဒ အထူး
  • လောဘော အတ္ထံ န ဇာနာတိ။​ လောဘော ဓမ္မံ န ပဿတိ။
  • လောဘကြောင့် ပြိတ္တာဖြစ်၊ ဒေါသကြောင့် ငရဲရောက်၊ မောဟကြောင့် တိရစ္ဆာန်ဖြစ်တယ်ဆိုတဲ့ ကောက်ချက်က မမှန်ဘူး။ ကာလာမသုတ်၊ စုန္ဒသုတ်ရဲ့ အရှေ့ဘက်က သုတ်တို့ကို ကိုးကားရန်
  • ဝိသမလောဘ၊ သမလောဘ (သာလေယျကသုတ် (မ၊၁၊၃၅၄) လာ သမစရိယဟူသော အသုံးအနှုန်းကိုလည်း ဆက်စပ် ရေးသားနိုင်သည်။) အဓမ္မသုတ်များ (အံ၊၃၊၄၃၇)


ကိုးကားစရာ သုတ္တန်များ
  • အကုသလမူလသုတ်
  • ကာလာမသုတ်ကို ထည့်သွင်းရေးသားရန်
  • ပဌမ နဲ့ ဒုတိယ နိဒါနသုတ် (အံ၊၁၊၂၆၆)
  • နိဒါနသုတ် (အံ၊၁၊၁၃၃)
  • သမ္မာဒိဋ္ဌိသုတ်
  • သတိပဋ္ဌာန်သုတ်
  • သာလေယျကသုတ် (မ၊၁၊၃၅၄) [ဒုစရိုက် ၁၀ ပါးအကျင့်ကို အဓမ္မစရိယ၊ ဝိသမစရိယ လို့ ဟောခဲ့]

Tuesday, May 13, 2025

လူသားဘုရားနှင့် ဖန်ဆင်းရှင်နတ်ဘုရား

ဖန်ဆင်းရှင် နတ်ဘုရား (Divine Being) ကို ကိုးကွယ်တဲ့ ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဗုဒ္ဓဆိုတဲ့ လူသားဘုရားဆိုတာကို လက်ခံဖို့ တော်တော်လေး ခက်ကြတာ တွေ့ရတယ်။ လူသားဘုရားကို ကိုးကွယ်နေကြတာကိုလည်း ကောင်းကောင်း နားမလည်ကြဘူး။ ဘာ့ကြောင့်လဲဆိုတာ အဖြေရှာကြည့်တော့ လူသားတွေဟာ ပြီးပြည့်စုံသူတွေ မဟုတ်ဘူး၊ သူတို့ နတ်ဘုရားတွေကသာ အရာရာ ပြည့်စုံသူဖြစ်တယ်လို့ ယူဆကြလို့ ဖြစ်ပါတယ်။ သူတို့အကြောင်းပြတဲ့အထဲမှာ ခဏခဏ ကြားရတာက ဗုဒ္ဓဟာ သေသွားပြီ၊ မရှိတော့ဘူး။ သူတို့ဘုရားကသာ "အသက်ရှင်သောဘုရား" ဖြစ်တယ်လို့ ပြောဆိုတတ်ကြပါတယ်။ 

မရှိတော့တဲ့ဘုရားကို ဘာလို့ ကိုးကွယ်နေကြတာလဲလို့လည်း မေးခွန်းထုတ်တတ်ကြတယ်။ ပြီးတော့ အသက်ရှင်တယ်၊ ရှိနေတယ်ဆိုတဲ့ သူတို့ဖန်ဆင်းရှင်ဘုရားကို ကိုးကွယ်ဖို့ ဆွယ်တရားဟောကြတော့တာပဲ။ 

ပထမဆုံး မြတ်စွာဘုရားနဲ့ သူတို့ ဖန်ဆင်းရှင်ဘုရားကို အချက်သုံးချက်စီနဲ့ နှိုင်းယှည်ကြည့်ရအောင်။ 

(၁) မြတ်စွာဘုရားဟာ သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ လူသားတစ်ယောက်ဖြစ်တယ်။ ဒါဟာ သမိုင်းအရ အငြင်းပွားစရာ မရှိတဲ့အချက်ပဲ ဖြစ်ပါတယ်။

(၂) မြတ်စွာဘုရားဟာ ခန္ဓာကိုယ်ကြီးရှိနေသေးတဲ့အတွက် ကာယိကဒုက္ခလို့ ဆိုတဲ့ ကိုယ်ဆင်းရဲမှုတွေ ရှိနေသေးတယ်။ ရာသီဥတုကြောင့် အအေးဒဏ်၊ အပူဒဏ် ခံရတယ်။ ဆွမ်းမစားရရင် ဗိုက်စာတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝကို မလွန်ဆန်နိုင်ဘူး။ သုတ္တံတွေမှာ မြတ်စွာဘုရား ခါးနားတဲ့အကြောင်း၊ ဝမ်းချုပ်တဲ့အကြောင်း၊ ဝမ်းသွားတဲ့အကြောင်းတွေကို ရိုးရိုးသားသား မှတ်တမ်းတင်ထားတယ်။ လူသားဖြစ်တဲ့အတွက် ကိုယ်ကာယအားဖြင့် အားနည်းချက်တွေ ရှိတယ်ဆိုတာ အမှန်တရားပဲလေ။ 

(၃) မြတ်စွာဘုရားရဲ့သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတ၊ မာန်မာနစတဲ့ စိတ်အညစ်အကြေးတွေ မရှိတဲ့အတွက် စိတ်ထားဖြူစင်မွန်မြတ်တယ်။ မေတ္တာကရုဏာတရား ကြီးမားပြီး စိတ်သဘောထား ပြည့်ဝတော်မူတယ်။ ပြောရရင် ဘာသာတရားတည်ထောင်သူအားလုံးထဲမှာ မြတ်စွာဘုရားဟာ စိတ်ထားအဖြူစင်ဆုံး၊ စိတ်သဘောထား အပြည့်ဝဆုံးသူ ဖြစ်တယ်ဆိုတာ မငြင်းနိုင်ဘူး။ မြတ်စွာဘုရားရဲ့ စိတ်နေစိတ်ထားကို သူဟောခဲ့တဲ့ တရားတော်တွေကို လေ့လာကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ 

မြတ်စွာဘုရားဟာ ဘီစီ ၆၂၃ မှာ လူသားတစ်ယောက်အနေနဲ့ မွေးဖွားခဲ့တယ်။ ဘီစီ ၅၄၃ မှာ လူသားတစ်ယောက်အနေနဲ့ပဲ ဘဝတစ်ခုကို အဆုံးသတ်ခဲ့တယ်။ မြတ်စွာဘုရားရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတွေကို ကြည့်ရင် လူသားတစ်ယောက်ရဲ့ ဘဝဖြစ်စဥ်အတိုင်းပဲ ရိုးရိုးရှင်းရှင်း တွေ့ရပါလိမ့်မယ်။ 

ဒါဆိုရင် လူသားဖြစ်တဲ့ မြတ်စွာဘုရားကို ဘာ့ကြောင့် ကိုးကွယ်နေကြတာလဲ၊ မြတ်စွာဘုရားရဲ့ ထူးခြားချက်က ဘာလဲလို့ မေးစရာ ရှိလာတယ်။ 

မြတ်စွာဘုရားဟာ သက်တော် (၃၅) နှစ်မှာ ဘုရားဖြစ်တော်မူခဲ့တယ်။ အဋ္ဌကထာဆရာတွေက မဟာဗောဓိပင်အောက်မှာ ဘုရားဖြစ်တော်မူခြင်းကို "ကိလေသာပရိနိဗ္ဗာန" လို့ သုံးခဲ့ပါတယ်။ ကိလေသာဆိုတဲ့ ပူပန်စရာတွေ၊ စိတ်အညစ်အကြေးတွေ ငြိမ်းသွားခြင်းလို့ အဓိပ္ပါယ်ရတယ်။ တစ်နည်းအားဖြင့် စေတသိကဒုက္ခလို့ဆိုတဲ့ စိတ်ဒုက္ခတွေ အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်း ဖြစ်ပါတယ်။ ဘုရားဂုဏ်တော်ကိုးပါးထဲမှာ ပထမဆုံးဖြစ်တဲ့ "အရဟံ" ဂုဏ်တော်ဟာ ကိလေသာအပူ ကင်းဝေးတော်မူခြင်းဖြစ်ပါတယ်။ မြတ်ဘုရားသန္တာန်မှာ စိတ်ပုပ်စိတ်ယုတ်တွေ မရှိဘူး။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တစ်ခုခုကို ယူသုံးပြီး အကြမ်းဖတ်တာ၊ စစ်ပွဲတွေ ဖြစ်ပွားလာတာ မရှိဘူး။ ဒါ့ကြောင့်သာ လူသားဘုရားဖြစ်တဲ့ မြတ်စွာဘုရားကို ကိုးကွယ်နေကြခြင်း ဖြစ်ပါတယ်။

ဒါဆိုရင် ကမ္ဘာလောကကြီးနဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှကို ဖန်ဆင်းခဲ့ပါတယ်ဆိုတဲ့ ဖန်ဆင်းရှင်ဘုရားကို ကြည့်ကြရအောင်။

(၁) ဖန်ဆင်းရှင်ဘုရားဆိုတာ သမိုင်းအရ တကယ် မရှိခဲ့ဘူး။ အသက်ရှင်သောဘုရားလို့ ပြောပေမဲ့ လက်ရှိမှာ သက်ရှိထင်ရှားရှိနေကြောင်း သက်သေလည်း မပြနိုင်ဘူး။ ခရစ်ယာန်သီလရှင်လူထွက် သမိုင်းဆရာမကြီး အမ်စရောင်းကတော့ "အစပိုင်းမှာ လူသားတွေက ဖန်ဆင်းရှင်ဘုရား (God) ကို ဖန်ဆင်းခဲ့တယ်။ ဘုရားရုပ်တု၊ ဘုရားကျောင်းနဲ့ ဓမ္မဆရာတွေလည်း မရှိခဲ့ဘူး" လို့ ပြောခဲ့တယ်။ (A History of God - p. 3)

(၂) ဖန်ဆင်းရှင်ဘုရားက အသက်ရှင်သော ဘုရားဖြစ်တယ်လို့ ဆိုတယ်။ သူတို့ပြောသလို မှန်ခဲ့ရင်တော့ အိုခြင်း၊​နာခြင်း၊ သေခြင်းတွေ မရှိဘူး။ ကိုယ်ကာယအားဖြင့် အားနည်းချက်မရှိဘဲ အားလုံးပြည့်စုံတယ်ပေါ့။

(၃) သူတို့ကျမ်းစာအရဆိုရင် ဖန်ဆင်းရှင်ဆိုတဲ့ ဘုရားတွေဟာ ဒေါသအာဃာတကြီးကြတယ်။ သူမကြိုက်ရင် ကမ္ဘာကြီးကို ရေလွှမ်းစေပြီး လူတွေကို သတ်တယ်။ ငလျင်တွေလည်း လှုပ်စေတယ်။ ရန်သူတွေကို အမြစ်ပြတ် ချေမှုန်းဖို့ တိုက်တွန်းတယ်။ သူတစ်ဦးတည်းကိုပဲ​ ကိုးကွယ်ရမယ်ဆိုတဲ့ သံမဏိစည်းမျည်းကို ချမှတ်ထားပြီး ကျန်တဲ့ကိုးကွယ်ယုံကြည်မှုတွေကို အကုန်ဖျက်ဆီးခိုင်းတယ်။ ယုံကြည်သူ တိုးပွားဖို့အတွက်ဆိုရင် အနုနည်း၊ အကြမ်းနည်း အကုန်သုံးခိုင်းတယ်။ ဘာသာရေးစစ်ပွဲကြီးတွေဟာ ကျမ်းစာထဲက သွင်သင်ချက်တွေကြောင့် ဖြစ်တယ်ဆိုတာ ငြင်းမရဘူး။ ဒါဆိုရင် ကောက်ချက်ဆွဲလို့ ရပြီ။ ဖန်ဆင်းရှင်ဘုရားဟာ စိတ်ပုပ်တယ်၊ စိတ်ယုတ်တယ်၊ စိတ်ထား မဖြူစင်ဘူး။ ဒေါသအာဃာတ ကြီးတယ်။ သဘောထား သေးသိမ်တယ်။ လူသားအားလုံးကို သူ့ကိုပဲ ယုံကြည်စေချင်တဲ့ ဝိသမလောဘလည်း ကြီးတယ်။ 

နောက်ဆုံး အနှစ်ချုပ်ရရင် ဗုဒ္ဓဘာသာဝင်တွေဟာ လူသားဘုရားဖြစ်တဲ့ မြတ်စွာဘုရားကို စိတ်ထားမြင့်မြတ် ဖြူစင်လို့ ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။ သူကိုယ်တိုင် စိတ်ထားကောင်းသလို သူ့ကို ကိုးကွယ်ယုံကြည်သူတွေကိုလည်း စိတ်ထားကောင်းအောင် လမ်းညွှန်ပြသတော်မူခဲ့တယ်။ "မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား" လို့ ဟောတော်မူခဲ့တယ်မို့လား။ 

မြတ်စွာဘုရားက သူပရိနိဗ္ဗာန်မစံခင်လေးမှာ "သူကွယ်လွန်တဲ့အခါ သူပညတ်ခဲ့တဲ့ ဝိနည်းနဲ့ ဟောကြားခဲ့တဲ့ ဓမ္မတွေဟာ သင်တို့ရဲ့ဆရာ ဖြစ်လိမ့်မယ်"လို့ မှာကြားခဲ့တယ်။ မြတ်စွာဘုရား မရှိတော့ပေမဲ့ သူဟောကြားခဲ့တဲ့ တရားတွေဟာ မြတ်စွာဘုရားကိုယ်စား ကိုးကွယ်ယုံကြည်၊ အားထားစရာအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ မြတ်စွာဘုရားကို ကိုးကွယ်ကြတယ်ဆိုတာ ဒုက္ခကနေ လွတ်မြောက်ရာလမ်းကို ညွှန်ပြခဲ့သူအဖြစ် ကျေးဇူးတင်လို့ ဖြစ်ပါတယ်။  ကိုယ့်အပေါ် ကျေးဇူးများခဲ့တဲ့ ကိုယ့်မိဘတွေရဲ့ဓာတ်ပုံကို အမြတ်တနိုး ချိတ်ဆွဲပြီး ပူဇော်ကြသလို ကိုယ့်လွတ်မြောက်ရာလမ်းကို ညွှန်ပြခဲ့တဲ့ မြတ်စွာဘုရားကို ရုပ်တုတွေ ထုလုပ်ပြီး ပူဇော်ကြခြင်း ဖြစ်ပါတယ်။


In the beginning, human beings created a God who was the First Cause of all things and Ruler of heaven and earth. 

He was not represented by images and had no temple or priests in his service. 

A History of God 

by Karen Armstrong - p. 3)



Sunday, March 2, 2025

သီလဗ္ဗတပရာမာသ / Rites and Rituals

LGBTQ နဲ့ ဗုဒ္ဓသာသနာ

  • မာတာမာတုစ္ဆာတိအာဒိကေ အယုတ္တဋ္ဌာနေ ရာဂေါတိ အဓမ္မရာဂေါ။ ဟူသော ဓမ္မသင်္ဂဏီစတဲ့ အဋ္ဌကထာအဆိုအရ အမိအမိကြီးမိထွေးစတဲ့ ရာဂဖြစ်ဖို့ မသင့်တော်တဲ့အရာဌာနမှာ ဖြစ်ပေါ်တဲ့ ရာဂသည် အဓမ္မရာဂဟု ဆိုပေရာ သမီး၌ ကာမေသု မိစ္ဆာရဖြစ်ခြင်းသည် အယုတ္တဋ္ဌာန အဓမ္မရာဂဖြစ်၍ ဘာသာရေးကံအဆုံးအဖြတ်ကို လျှော့ပေါ့ဆုံးဖြတ်ခြင်းသည် ဘုရားအလိုတော်မကျနိုင်ပေ။