သင်္ဃာဋိကဏ္ဏသုတ္တ (ခု၊၁၊၂၅၆)
Thursday, August 7, 2025
Wednesday, August 6, 2025
အကုသလမူလ
- အကုလသမူလသုတ် (အံ၊၁၊၂၀၂)၊ ကေသမုတ္တိသုတ် (အံ၊၁၊၁၈၉) စတဲ့ သုတ္တံတွေမှာ ပါဏာတိပါတရဲ့ မူလဇစ်မြစ်ဟာ လောဘ၊ ဒေါသ၊ မောဟ သုံးပါးထဲက တစ်ပါးပါးကြောင့်ဖြစ်နိုင်ကြောင်း ဟောထားပါတယ်။ အဒိန္နဒါနစတဲ့ တခြားဒုစရိုက်တွေရဲ့ မူလဇစ်မြစ်ကိုလည်း လောဘ၊ ဒေါသ၊ မောဟ သုံးနဲ့ပဲ ပြဆိုထားပါတယ်။ ဆိုလိုတာကတော့ ဒုစရိုက် (၁၀) ပါးထဲက ဘယ်ဒုစရိုက်ပဲဖြစ်ဖြစ် အရင်းခံက သုံးမျိုးလုံးကြောင့် ဖြစ်နိုင်ကြောင်း နားလည်ရမှာပါ။
အဘိဓမ္မာမှာတော့ ဒုစရိုက် (၁၀) ပါးတို့ရဲ့ အရင်းခံအကြောင်း (မူလ) ကို တမျိုးခွဲခြားလိုက်ပါတယ်။
၁။ ပါဏာတိပါတ၊ ပိသုဏဝါစာ၊ ဖရုသဝါစာနဲ့ ဗျာပါဒတွေဟာ ဒေါသကြောင့် ဖြစ်တယ်။
၂။ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒနဲ့ အဘိဇ္စျာတွေဟာ လောဘကြောင့် ဖြစ်တယ်။
၃။ သမ္ဖပ္ပလာပဟာ မောဟကြောင့် ဖြစ်တယ်။
၄။ ကျန်တဲ့ မုသာဝါဒ၊ မိစ္ဆာဒိဋ္ဌိ
နေတ္တိပ္ပကရဏ (နှာ - ၃၇)
လောကီ နဲ့ လောကုတ္တရာ
- ပုညကိရိယဝတ္ထုသုတ် (အံ၊၃၊၇၂) မှာ မေတ္တာဘာဝနာက လောကီကုသိုလ်တွေထဲမှာ အမြင့်ဆုံးပဲလို့ ဆိုတယ်။ ဝေလာမသုတ် (အံ၊၃၊၁၉၇) မှာတော့ မေတ္တာဘာဝနာ ပွားများတာထက် အနိစ္စသညာကို ပွားများခြင်းက ပိုပြီး အကျိုးများကြောင်း ဆိုထားပါတယ်။ ဒါဆိုရင် အနိစ္စသညာကို ပွားများတာက လောကီအဆင့် မဟုတ်တော့ဘဲ လောကုတ္တရာအဆင့် ဖြစ်သွားပြီလို့ ကောက်ချက်ချလို့ ရတယ်။ ဘာ့ကြောင့်လဲ? အနိစ္စသညာ ပွားနေတဲ့ အခိုက်အတန့်မှာ လောဘ၊ ဒေါသ၊ မောဟတွေ ရှိမနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မပါဘဲ လုပ်တဲ့ အလုပ်မှန်သမျှက လောကုတ္တရာ ဖြစ်တယ်လို့ သက်မှတ်ရမှာ ဖြစ်ပါတယ်။
- တဒင်္ဂနိဗ္ဗုတ (တံ + အင်္ဂ + နိဗ္ဗုတ) ထို (ဝိပဿနာ) ဂုဏ်-အစိတ်-အဖို့-ဖြင့် (ကိလေသာတို့မှ) ငြိမ်းအေးပြီးသော၊သူ။ တဒင်္ဂနိဗ္ဗုတော (သံ၊၂၊၃၅)တိ တေန ဝိပဿနင်္ဂေန ကိလေသာနံ နိဗ္ဗုတတ္တာ တဒင်္ဂနိဗ္ဗုတော။ သံ၊ဋ္ဌ၊၂။၂၄၇။ (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄)
- တဒင်္ဂနိဗ္ဗာနသုတ် [တဒင်္ဂ+နိဗ္ဗာန] ထိုထို ပဋ္ဌမစျာန်စသော ၉ ပါးသော ဝိဟာရသမာပတ် ဂုဏ်အစိတ်ဖြင့် ကိလေသာ ငြိမ်းအေးနိုင်ပုံကို အရှင်ဥဒါယီအား အရှင်အာနန္ဒာ ဟောပြရာသုတ်။ (အံ၊၃၊၂၄၆) (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄) တဒင်္ဂနိရောဓ ကိုလည်း ကြည့်ပါ။
- အာသဝတရားတို့၏ အာရုံဖြစ်သော ဝေဒနာသည် လောကီမည်၍ အာသဝတရားတို့၏ အာရုံမဟုတ်သော ဝေဒနာတို့သည် လောကုတ္တရာမည်၏။ သာသဝါ ဝေဒနာ လောကိယာ။ သာ (အနာသဝါ) ဝိပရိယာယေန သာသဝါယ သုခုမာ။ (ဝိသုဒ္ဓိ၊၂၊၁၀၅)
- (ဝိဘင်းပါဠိတော် (အဘိ၊၂၊၁၁၈) = တတ္ထ ကတမော ဒုက္ခသမုဒယော? တဏှာ စ, အဝသေသာ စ ကိလေသာ, အဝသေသာ စ အကုသလာ ဓမ္မာ, တီဏိ စ ကုသလမူလာနိ သာသဝါနိ, အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ – အယံ ဝုစ္စတိ ‘‘ဒုက္ခသမုဒယော’’။)
- မဟာစတုစတ္တာရီသကသုတ်
Tuesday, August 5, 2025
နိဗ္ဗာနသုခ
မြတ်စွာဘုရားက "နိဗ္ဗာနံ ပရမံ သုခံ" လို့ ခေါ်ခဲ့တယ်။ နိဗ္ဗာန်ဟာ အချမ်းသာဆုံးပဲတဲ့။
ဝေဒယိတသုခ၊ အဝေဒယိတသုခ နှစ်မျိုးရှိမယ်။
လူတွေခံစားနေရတာက ချမ်းသာ (သုခ)၊ နိဗ္ဗာန်ချမ်းသာဆိုတာက ငြိမ်းအေးမှု (သန္တိသုခ) လို့ ဒီလို ခွဲပြောလို့ ရှိကြတယ်။ နိဗ္ဗာနသုခသုတ်ကို ကြည့်ရင်တော့ မမှန်ဘူးပေါ့။ နိဗ္ဗာန်လည်း ချမ်းသာတာပဲ။ သူ့ချမ်းသာတက လောဘ၊ ဒေါသ၊ မောဟတွေ မရှိလို့ ချမ်းသာတာ။
- လယ်တီဆရာတော်ကတော့ ချမ်းသာဆိုတာ ဝေဒယိတသုခနဲ့ သန္တိသုခ ဆိုပြီး နှစ်မျိုးရှိကြောင်း ပြဆိုထားတယ် (ပရမတ္ထဒီပနီ - ၃၂၈)။ အဝေဒယိတသုခ လို့ ပြောရမှာ သတ္တိမရှိသလိုပဲ။ သီဟိုဠ်ဆရာတော် အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်မှာလည်း အဲ့ဒီအကြောင်းလေး ပါတယ်။
Friday, August 1, 2025
စိတ်အမျိုးအစား (၃) မျိုး
ပံသုဓောဝကသုတ် (အံ၊၁၊၂၅၅) မှာ တရားအလုပ် အားထုတ်နေတဲ့ ရဟန်းတစ်ပါးအတွက် စိတ်အညစ်အကြေးတွေအကြောင်းကို ပြတဲ့အခါ (၁) အကြမ်းစား စိတ်အညစ်အကြေး (သြဠာရိက ဥပက္ကိလေ)၊ (၂) အလယ် အလတ်တန်းစား စိတ်အညစ်အကြေး (မဇ္စျိမ ဥပက္ကိလေသ) နဲ့ (၃) အနုစား စိတ်အညစ်အကြေး (သုခုမ ဥပက္ကိလေသ) ဆိုပြီး သုံးမျိုးခွဲပြထားတယ်။
၁/ အကြမ်းစား စိတ်အညစ်အကြေးဆိုတာ ကာယဒုစရိုက် ၃ ပါး၊ ဝစီဒုစရိုက် ၄ ပါး၊ မနောဒုစရိုက် ၃ ပါးနဲ့ ဆက်စပ်တဲ့ အတွေးအကြံတွေ ဖြစ်တယ်။
၂/ အလယ်အလတ်တန်းစား စိတ်အညစ်အကြေးဆိုတာ (က) ကာမဂုဏ်အရုံတွေကို ကြံစည်စဥ်းစားတာ၊ (ခ) ဒေါသနဲ့ယှည်တဲ့ အကြံအစည်နဲ့ (ဂ) ညှင်းဆဲနှိပ်စက်အနိုင်ကျင့်ချင်တဲ့ အတွေးတွေ ဖြစ်တယ်။
၃/ အနုစား စိတ်အညစ်အကြေးဆိုတာ (က) ဉာတိဝိတက္က = ဆွေမျိုးတွေအကြောင်း တွေးတောစဥ်းစားနေတာ (ခ) ဇနပဒဝိတက္က = (တိုင်းနိုင်ငံ) ရပ်ရွာ ဇနပုဒ်အကြောင်း ကြံစည်စဥ်းစားနေတာနဲ့ (ဂ) အနဝညတ္တိပဋိသံယုတ္တဝိတက္က = သူများ အထင်အမြင်သေးတာ မခံလိုတဲ့အတွေး (အထင်ကြီးခံလိုတဲ့အတွေး) တွေ ဖြစ်ပါတယ်။
ဝိသမလောဘ နှင့် သမလောဘ
- ဝိသမလောဘ ဆိုတဲ့စကားကို အများစု ကြားဖူးကြမှာပါ။ ဝိသမလောဘသား စီးပွားရေးသမားစတဲ့ နေရာတွေမှာ သုံးလို့ မြန်မာစကားတစ်ခုတောင် ဖြစ်နေပါပြီ၊ အင်္ဂုတ္ထိုရ်ဋီကာ (ဒု - ၃၀၉) ကတော့ ဝိသမလောဘဆိုတာကို "အားကြီးတဲ့လောဘ" (ဗလဝလောဘ) လို့ ဖွင့်ဆိုပါတယ်။
- မဟာနာမသုတ်မှာ ပါတယ်။
- ဒုစရိုက်တရား (၁၀) ပါးကို အခြေခံတဲ့ လောဘကို ဝိသမလောဘလို့ ခေါ်နိုင်တယ်။ ဝိသမလောဘ၊ သမလောဘ (သာလေယျကသုတ် (မ၊၁၊၃၅၄) လာ သမစရိယဟူသော အသုံးအနှုန်းကိုလည်း ဆက်စပ် ရေးသားနိုင်သည်။)
- သမဝါယမ =
- မင်္ဂလသုတ်မှာ ဓမ္မစရိယာ စ လို့ မင်္ဂလာတစ်ပါး ပါပါတယ်။
Tuesday, July 29, 2025
စျာန်လေးပါးနည်းနဲ့ စျာန်ငါးပါးနည်း (သုတ္တန်နည်းနဲ့ အဘိဓမ္မာနည်း)
စျာန်လို့ပြောတဲ့အခါ ရူပါဝစရစျာန်တွေကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ သုတ္တံတွေမှာ အရူပါဝစရစိတ်တွေကို စျာန်လို့ မသုံးဘဲ "အာယတန" (သို့မဟုတ်) "သမာပတ္တိ" လို့ပဲ သုံးပါတယ်။ ရူပါဝစရစျာန်လေးပါးရပြီးနောက်မှာ ရုပ်သညာတွေကို ကျော်လွန်ပြီး ရနိုင်တဲ့ တရားတွေ ဖြစ်ပါတယ်။ အရူပစိတ်တွေဟာ ကမ္မဋ္ဌာန်းလေးဆယ်မှာ အာရုပ္ပကမ္မဋ္ဌာန်းလေးပါအဖြစ် ပါဝင်နေတာလည်း သတိပြုနိုင်ပါတယ်။
သုတ္တံတွေမှာ စျာန်အကြောင်း ပြောတိုင်းပြောတိုင်း စျာန်လေးပါးပဲ တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သမ္မာသမာဓိကို ဖွင့်ဆိုတိုင်း စျာန်းလေးပါးနဲ့ပဲ ဖွင့်ပြလေ့ရှိပါတယ်။ အဘိဓမ္မာမှာတော့ ရူပါဝစရစိတ်ကို ပြောတဲ့အခါ စျာန်လေးပါး (စတုက္ကနည်း) နဲ့ စျာန်ငါးပါး (ပဥ္စကနည်း) ဆိုပြီး နှစ်မျိုးလုံး ပြပါတယ်။ ဒါပေမယ့် လူအများစုက စျာန်လေးပါးဆိုရင် သုတ္တံနည်း၊ စျာန်ငါးပါးဆိုရင် အဘိဓမ္မာနည်းလို့ပဲ အလွယ်တကူ ခေါ်လိုက်ကြပါတယ်။ အဘိဓမ္မာမှာလာတဲ့ စျာန်ငါးပါးက သုတ္တံတွေမှာ မပါဘူးလို့လည်း ထင်သွားတတ်ကြပါတယ်။
စတုက္ကနည်းနဲ့ ပဥ္စကနည်း ဘာကွာလဲဆိုတာ အနည်းငယ် ပြောပါရစေ။ စတုက္ကနည်းမှာ ဒုတိယစျာန်က ဝိတက်၊ ဝိစာရ နှစ်ပါးလုံးကို ပယ်လိုက်တယ်။ ပဥ္စကနည်း ဒုတိယစျာန်မှာတော့ ဝိတက်ကိုပဲ ပယ်ပြီး ဝိစာရ ကျန်နေသေးတယ်။ တတိယစျာန်ရောက်မှသာ ဝိစာရပါ ပယ်နိုင်သွားတယ်။ အကြမ်းဖျင်းအားဖြင့် စတုက္ကနည်းက ဒုတိယစျာန်က ပဥ္စကနည်းမှာ ဒုတိယစျာန်နဲ့ တတိယစျာန်ဆိုပြီး နှစ်ခုကွဲသွားတယ်လို့ ပြောလို့ ရပါတယ်။
အဘိဓမ္မာမှာ စျာန်ငါးပါးခွဲလိုက်တာ စိတ်ဝင်စားစရာပါ။ အဘိဓမ္မာဟာ သုတ္တံကနေ မြစ်ဖျားခံတာဖြစ်လို့ ဒီအကြောင်းကို သုတ္တံတွေမှာ ရှာဖွေပြီး အဖြေထုတ်နိုင်ပါတယ်။ မဇ္စျိမနိကာယ်၊ ဥပက္ကိလေသသုတ္တံ (မ၊၃၊၂၀၁) မှာ မြတ်စွာဘုရားက အရှင်အနုရုဒ္ဓါကို သူဘုရားမဖြစ်ခင် ဘုရားလောင်းဘဝက ကျင့်ခဲ့တဲ့ သမာဓိတွေအကြောင်း ဟောခဲ့ပါတယ်။ အသင်္ခတသံယုတ် (သံ၊၂၊၅၃၅) မှာ ဒီသမာဓိသုံးမျိုးကို နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဥ်အဖြစ် ဟောကြားထားတာလည်း တွေ့ရပါတယ်။ ဒီသုတ္တန်တွေကို လေ့လာလိုက်ရင် အဘိဓမ္မာက ပြောတဲ့ စျာန်းငါးပါးဆိုတာ အဖြေထုတ်နိုင်သွားပါလိမ့်မယ်။
၁။ သဝိတက္ကသဝိစာရ သမာဓိ (ဝိတက်၊ ဝိစာရနှင့် တကွဖြစ်သော သမာဓိ၊ ပထမစျာန်)
၂။ အဝိတက္ကသဝိစာရ သမာဓိ (ဝိတက်ကား မရှိ၊ ဝိစာရမျှသာ ရှိသော သမာဓိ၊ ဒုတိယစျာန်)
၃။ အဝိတက္ကအဝိစာရ သမာဓိ (ဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိသော သမာဓိ၊ တတိယစျာန် စသည်များ)
အပေါ်က သုတ္တံတွေမှာ ဟောကြားထားတာတွေကို အခြေခံပြီး ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၄၇) မှာ စျာန်ငါးပါးဆိုပြီး ဖြစ်လာခဲ့တာပါ။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း (သင်္ဂြိုဟ်) က စိတ် (၈၉) ပါးကို ပြဆိုတဲ့အခါ စျာန်းငါးပါး (ပဥ္စကနည်း) ကိုပဲ ယူလိုက်တော့ အများစုက စျာန်ဆိုရင် စျာန်ငါးပါးလို့ပဲ နားလည်လိုက်ကြပါတော့တယ်။
အမှန်တကယ်တော့ အဘိဓမ္မာကျမ်းရင်းကြီးတွေမှာတောင် ရူပါဝစရစျာန်လေးပါးကိုပဲ အဓိကထားပြီး ပြဆိုလေ့ရှိတာ တွေ့ရပါတယ်။ ဝိသုဒ္ဓိမဂ်မှာလည်း စျာန်တွေကို ဖွင့်ဆိုတဲ့အခါ စျာန်လေးပါးနည်း (စတုက္ကနယ) ကိုပဲ အခြေခံပြီး ဖွင့်ဆိုထားပါတယ်။ စျာန်ငါးပါးနည်း (ပဥ္စကနယ) ကိုတော့ မှတ်စုအတိုလေးနဲ့ပဲ ရှင်းပြခဲ့တာ တွေ့ရတယ်။ သင်္ဂြိုဟ်မှာတောင် ဘုံစဥ်တွေပြတဲ့အခါ စျာန်လေးနဲ့ပဲ ရှင်းပါတယ်။ စိတ်ပိုင်း ရူပါဝစရစိတ်တွေအကြောင်း ပြောမှသာ စျာန်ငါးပါးနဲ့ ပြဆိုခြင်း ဖြစ်ပါတယ်။ အဘိဓမ္မာဆိုတာက ယေဘုယျအားဖြင့် ရနိုင်သမျှကို သိမ်းကြုံးယူတတ်တာဖြစ်လို့ စျာန်လေးပါးကို မယူဘဲ ပိုပြီး ပြည့်စုံတဲ့ စျာန်းငါးပါးကိုပဲ ယူခြင်း ဖြစ်မယ်လို့ ယူဆရတယ်။
မှတ်ချက်။ ။ အထောက်အထား (သို့မဟုတ်) အယူအဆ မှားတာရှိရင် အပြစ်မယူဘဲ ဝေဖန်ထောက်ပြကြဖို့ မေတ္တာရပ်ခံပါတယ်။
“Anuruddha, I developed concentration with thought (vitakka) and examination (vicara);
I developed concentration without thought but with examination only;
See also: DN 33.1.10; MN 31; AN 8:63; SN 43:3)
Bhikkhu Bodhi’s AN note 1765 of AN 8:63
Monday, July 28, 2025
အကြိုက်ဆုံး နတ်ပြည်
- နတ်ပြည် (၆) ထပ်ရှိတာ အများစု သိကြပါတယ်။ အဓိကအကြောင်းအရာကို မပြောခင် နတ်ပြည် (၆) ထပ်အကြောင်း နည်းနည်းပါးပါး ပြောပြချင်ပါတယ်။
- စတုမဟာရာဇ်နတ်ပြည် (စတုမဟာရာဇိကာ) ဆိုတာ နတ်မင်းကြီးလေးပါး (သို့မဟုတ်) နတ်စစ်သူကြီးလေးပါး ခွဲပြီး စီမံအုပ်ချုပ်ကြတဲ့ နတ်ပြည် ဖြစ်ပါတယ်။ သူတို့လက်အောက်မှာ နတ်စစ်သားတွေ ရှိကြတယ်။ သူတို့ရဲ့ အကြီးအမှူးက သိကြားမင်းဖြစ်တယ်။ သိကြားမင်းနေတဲ့ တာဝတိံသာပြည်ရဲ့ လုံခြုံရေးကို အဓိက တာဝန်ယူကြရတယ်။ လိုအပ်ရင် သိကြားမင်းအတွက် စစ်တိုက်ပေးကြရပါတယ်။ တန်ခိုးအာဏာ ထွားပေမဲ့ ထားရာနေ စေရာသွားရသူတွေနေတဲ့ နတ်ပြည်ဆိုပါတော့။
- တာဝတိံသာနတ်ပြည်ဟာ နတ်မင်းကြီး (၃၃) ယောက် နေတဲ့နတ်ပြည်လို့ အဓိပ္ပါယ်ရပါတယ်။ မြင်းမိုရ်တောင်ထိပ်မှာ ရှိလို့ လူ့ပြည်တည်ရှိတဲ့ မြေကြီးနဲ့ ဆက်စပ်နေပါတယ်။ သူတော်ကောင်းတွေ ဒုက္ခတွေ့ပြီဆိုရင် သိကြားမင်း ဆင်းလာပြီး ကူပေးတယ်လို့ ဆိုပါတယ်။ နတ်စည်းစိမ်တွေ၊ ဥယျာဥ်ပန်းမာလ်တွေ၊ ခမ်းနားထည်ဝါတဲ့ ဗိမာန်ကြီးတွေ၊ ငြိမ့်ညောင်းသံသာ နတ်တူရိယာတွေနဲ့ ပျော်စရာ အလွန်ကောင်းတယ်လို့ ဆိုပါတယ်။
- ယာမာနတ်ပြည်ဆိုတာ ဆင်းရဲဒုက္ခအဝဝတို့ကနေ ကင်းလွတ်တဲ့ နတ်ပြည်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဘုံမှာနေတဲ့ နတ်တွေဟာ ပူပန်ထန်ပြင်း ဆင်းရဲခြင်းတွေကနေ ကင်းလွတ်ပြီး နတ်စည်းစိမ်ကို ပြည့်ပြည့်ဝဝ ခံစားကြရတယ်လို့ ဆိုပါတယ်။ တာဝတိံသာနတ်ပြည်ဟာ မြင်းမိုရ်တောင်ထိပ်ဆိုတဲ့ မြေပေါ်မှာ တည်ရှိတဲ့ ဘူမဋ္ဌကဘုံ၊ အဲ့ဒီမြေပြင်နဲ့ တပြေးညီ ကောင်းကင်တွေမှာ တည်ရှိတဲ့ အာကာသဋ္ဌဘုံဆိုပြီး နှစ်မျိုးရောနေတဲ့ ဘုံဖြစ်ပါတယ်။ လူတွေနဲ့ စပ်ဆက်နေလို့ လူသိများ ထင်ရှားပါတယ်။ ယာမာနတ်ပြည်ကတော့ မြေနဲ့ မစပ်ဘဲ ကောင်းကင်ပြင်မှာပဲ တည်နေတဲ့ အာကာသဋ္ဌနတ်ဘုံဖြစ်လို့ လူတွေနဲ့ ရောထွေးယှက်တင် မရှိဘူးလို့ ပြောရမှာပေါ့။ ဒါ့ကြောင့်လည်း လူသိနည်းသလို ပြဿနာလည်း နည်းတယ်လို့ ဆိုနိုင်ပါတယ်။
- တုသိတာနတ်ပြည်ဟာ အမြဲမပျက် နှစ်သက်ပျော်ရွှင်နေတဲ့ နတ်တွေရဲ့ နေရာလို့ အဓိပ္ပါယ်ရပါတယ်။ တုသိတာနတ်တွေမှာ ကြီးကျယ်များပြားတဲ့ နတ်စည်းစိမ်ချမ်းသာတွေ ရှိကြတယ်။ သူတို့ကိုယ်ပိုင် ဘုံဗိမာန်၊ အခြံအရံပရိသက်၊ နတ်စည်းစိမ်တွေကို အမြဲတစေ သဘောကျနှစ်သက်နေသူတွေ၊ အမြဲပျော်ရွှင်နေသူတွေ ဖြစ်တယ်။ ဘုရားလောင်းမှန်သမျှဟာ ဘုရားဖြစ်ဖို့ လူအဖြစ်ပဋိသန္ဓေ မယူမီ ဒီဘုံမှာ စံတော်မူကြတယ်လို့ ဆိုပါတယ်။
- နိမ္မာနရတိနတ်ပြည်ဆိုတာ မိမိကိုယ်တိုင် ဖန်ဆင်းထားတဲ့ စည်းစိမ်နဲ့ မွှေ့လျော်ပျော်ပါးကြတဲ့ နတ်တွေရဲ့ နေရာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီနတ်ပြည််မှာ ပင်ကိုယ်အားဖြင့် အောက်နတ်ပြည်တွေထက် နတ်စည်းစိမ်တွေ ကြီးကျယ်ကြတယ်။ ရှိပြီးသား စည်းစိမ်ထက် ပိုပြီးခံစားချင်တဲ့အခါ မိမိတို့ကိုယ်တိုင် ဖန်ဆင်းပြီး ခံစားကြတယ်လို့ ဆိုပါတယ်။ ကိုယ်စားချင်တာ စား၊ ကိုယ်ဝတ်ချင်တာ ဝယ်၊ ကိုယ်သွားချင်တဲ့ ခရီးကို ထွက်၊ ကိုယ်လိုချင်တဲ့ ဘဝကို ဖန်တီးနိုင်တဲ့ လူလက်တန်းစားတွေနဲ့ တူမှာပေါ့။
- ပရနိမ္မိတဝသဝတ္တိနတ်ပြည်ဆိုတာ သူများဖန်ဆင်းပေးတဲ့ စည်းစိမ်ဥစ္စာတွေကို ခံစားစံစားတဲ့ နတ်တွေနေတဲ့ နတ်ပြည်လို့ အဓိပ္ပါယ်ရပါတယ်။ မိမိတို့ အလိုကိုသိပြီး အလုပ်အကျွေးဖြစ်တဲ့ နတ်သမီး၊ နတ်သားတွေက အဆင်သင့် ဖန်ဆင်းပေးထားတဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားရလို့ မိမိအလိုအတိုင်း ဖြစ်စေတတ်တဲ့ နတ်တွေရဲ့ ဘုံဌာန ဖြစ်ပါတယ်။ အစေခံပေါင်းများစွာရှိပြီး သူတို့ ပြင်ဆင်ပေးတဲ့ အရာတွေကို အခန့်သား ခံစားစံစားကြတဲ့ စည်းစိမ်ရှင် သူဋ္ဌေးတွေနဲ့ တူမှာပေါ့။ "ဝသဝတ္တိနတ်ပြည်က နတ်သမီးလေးလို လှပါတယ်ဗျ၊ သင်္ကြန်မယ်လေးတွေ ကပါတယ်ဗျ" လို့ သင်္ကြန်သီချင်းတွေမှာ စပ်ဆိုခံရတဲ့ နတ်ပြည်ပေါ့။ ဒီနတ်ပြည်မှာ တန်ခိုးကြီးလှပါတယ်ဆိုတဲ့ မာရ်နတ်ကြီးလည်း နေပါတယ်။
- နတ်ပြည်အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့သူ ကောင်းကြပါတယ်။ ပိုပြီးကောင်းတဲ့ အထက်နတ်ပြည်တွေမှာ ဖြစ်ချင်ကြပေမဲ့ ကိုယ့်ကုသိုလ်နဲ့ ထိုက်တန်တဲ့ ဘုံဘဝကိုပဲ ရကြတာပါပဲ။ မြတ်စွာဘုရားကတော့ ဒါနနဲ့ သီလ မြဲတဲ့သူတွေဟာ ကိုယ့်စိတ်ကြိုက် နတ်ပြည်ကို ရွေးလို့ရကြောင်း ဟောတော်မူခဲ့ပါတယ်။
- ဆရာတော်ကြီးတချို့ဟာ သူတို့ပြန်တော်မူသွားရင် သုတိတာနတ်ပြည်မှာ နတ်ဖြစ်ဖို့ ဆန္ဒရှိကြကြောင်း မှတ်သားရဖူးတယ်။ ဘုရားလောင်းတွေ နေတဲ့နတ်ပြည် ဖြစ်လို့ရယ်၊ တရားဟောတဲ့ ဓမ္မကထိကနတ်တွေ ရှိလို့ရယ် ဖြစ်ပါတယ်တဲ့။ တုသိတာမှာ တရားနာရင်း အဓိမေတ္တေယျဘုရားရှင် ပွင့်တော်မူချိန်ကို စောင့်ဆိုင်းချင်ကြဟန် တူပါတယ်။ သူတို့ကိုယ်တိုင် နတ်ပြည်မှာ သက်သောင့်သက်သာနေရင်း ဓမ္မကထိကနတ် ဖြစ်ချင်ကြတာလည်း ပါမှာပေါ့။
- မိမိအနေနဲ့ကတော့ ရှေးကဆရာတော်ကြီးတွေလို မဟုတ်ဘဲ တုသိတာနတ်ပြည်ကို ကြိုက်ရတဲ့ အဓိကအချက်တစ်ခု ရှိပါတယ်။ တုသိတာဆိုတာ အမြဲတမ်း ပျော်ရွှင်နေတဲ့ နတ်တွေရဲ့ နတ်ပြည်ဖြစ်တယ်။ တုသိတာနတ်တွေဟာ သူတို့မှာရှိတဲ့ နတ်ဗိမာန်၊ နတ်အခြွေအရံပရိသတ်စတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ အမြဲတစေ နှစ်သက်ရွှင်လန်း ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။ ကိုယ့်မှာရှိတာလေးတွေနဲ့ ကျေနပ်နှစ်သက်တဲ့ စိတ်ထားရှိသူတွေရဲ့ နေရာဖြစ်လို့ တုသိတာနတ်ပြည်ကို အကြိုက်ဆုံးလို့ ဆိုခြင်း ဖြစ်ပါတယ်။
- လူအများစု မပျော်မရွှင် ဖြစ်ကြရတဲ့ အဓိကအကြောင်းက ကိုယ့်မှာရှိတာလေးတွေနဲ့ မကျေနပ်နိုင်ကြဘဲ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ အတောမသက်နိုင်အောင် များပြားနေလို့ ဖြစ်မယ်ထင်ပါတယ်။
- ကိုယ့်ဖုန်းက ကောင်းနေသေးပေမဲ့ နောက်ဆုံးပေါ်ဖုန်းနောက်လိုက်ရင်း အကြွေးတွေနဲ့ စိတ်ဆင်းရဲနေသူတွေ ရှိမယ်။ နောက်ဆုံးပေါ်ဖုန်းရဖို့အရေး ကိုယ်ခန္ဓာကို ပေးလိုက်ကြတဲ့ အမျိုးသမီးလေးတွေတောင် ရှိတယ်လို့ ဖတ်လိုက်ရတယ်။ ရည်စားတစ်ယောက်နဲ့ မတင်းတိမ်နိုင်လို့ ရည်စားတွေ အများကြီးထားရင်း ပြဿနာပေါင်းစုံ တက်ပြီး စိတ်ဓာတ်ကျနေသူတွေ ရှိတယ်။ အိမ်ထောင်ရှိပါရဲ့နဲ့ ကိုယ့်အိမ်ထောင်ဖက်နဲ့ မကျေနပ်နိုင်ဘဲ တခြားသူတွေနဲ့ ဖောက်ပြန်ရင်း မိသားစု ပြိုကွဲသွားသူတွေ ရှိတယ်။
- အိမ်တစ်လုံး၊ ကျောင်းတိုက်တစ်ခုတည်းနဲ့ လုံလောက်ပါရဲ့နဲ့ မလိုအပ်ဘဲ အိမ်တွေ အများကြီးဆောက်၊ ကျောင်းတိုက်တွေ အများကြီး ခွဲထောင်နေကြလို့ ဝန်တွေပိပြီး စိတ်ဆင်းရဲနေကြတဲ့ လူတွေ၊ ဘုန်းကြီးတွေ ရှိတယ်။ ကိုယ်နဲ့ ထိုက်တန်တဲ့ ရာထူးအာဏာနဲ့ မကျေနပ်နိုင်ဘဲ ကိုယ်နဲ့ မထိုက်တန်တဲ့ ရာထူးအာဏာကို အတင်းအဓမ္မ လုယူလိုက်တဲ့အတွက် ကိုယ်မလိုချင်တာတွေ ရလိုက်တဲ့ လူတွေရှိမယ်။ ဆရာအောင်သင်း ပြောခဲ့သလို လိုချင်တာတွေကိုယူရင်း ကိုယ်မလိုချင်တာတွေ ရနေတဲ့သူတွေပေါ့။
- မင်္ဂလသုတ်မှာ မြတ်စွာဘုရားမြတ်က ရောင့်ရဲမှု (သန္တုဋ္ဌိ) ဆိုတာ မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။ သန္တုဋ္ဌိ (သံ + တုဋ္ဌိ) ဆိုတာ "ကောင်းစွာ နှစ်သက်ခြင်း" လို့ အဓိပ္ပါယ်ရတယ်။ ကိုယ့်ရှိနေတာကို နှစ်သက်နေရင် ကျေနပ်လာတယ်။ ကျေနပ်ရင် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံလာတယ်။ ကိုယ့်ရှိတာလေးနဲ့ ကျေနပ်နှစ်သက် ရောင့်ရဲတင်းတိမ်နေသူဟာ ပျော်ရွှင်သူအစစ် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မြတ်စွာဘုရားက "ရောင့်ရဲမှုဟာ အမြတ်ဆုံးသော စည်းစိမ်ဥစ္စာ ဖြစ်တယ်" လို့ ဟောတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
- ကိုယ့်မှာရှိတဲ့ ဖုန်းလေး၊ ကွန်ပျူတာလေးနဲ့ ကျေနပ်နေရင် အသစ်ဘယ်လောက်ထွက်ထွက် စိတ်ထဲမှာ လိုချင်တဲ့စိတ်နဲ့ မယိုးမရွ မဖြစ်တော့ဘူး။ ကိုယ့်မှာရှိတဲ့ အဝတ်အစားလေးတွေကို သဘောကျ နှစ်သက်နေသူ တစ်ယောက်အတွက် ကိုယ့်သူငယ်ချင်းက တန်ဖိုးကြီးအဝတ်အစားတွေ ထည်လဲဝတ်နေရင်တောင် မနာလိုစိတ်တွေ မဝင်တော့ဘူး။ သူနဲ့ဖက်ပြီး ဂုဏ်တုဂုဏ်ပြိုင်လည်း လုပ်စရာ အကြောင်းမရှိတော့ဘူး။
- ကိုယ့်အိမ်လေးကို ကြည့်ပြီး သဘောကျ နှစ်သက်နေသူတစ်ယောက်အတွက် ဘေးက အိမ်ကြီးအိမ်ကောင်းတွေနဲ့ ယှည်ပြီး သိမ်ငယ်စိတ်တွေ မဝင်တော့ဘူး။ ကိုယ့်အိမ်လေး၊ ကိုယ့်ဧည့်ခန်းလေးနဲ့ ကိုယ်မီးဖိုချောင်လေးကို ကြည့်ပြီး ကျေနပ်နှစ်သက်နေလိမ့်မယ်။ သူများနဲ့ နှိုင်းတဲ့ မာနတွေ မရှိတဲ့အတွက် ကိုယ့်ထက်နိမ့်သူရော ကိုယ့်ထက်သာသူပါ ကိုယ့်ကို ချစ်ခင်ကြလိမ့်မယ်။
- ကိုယ့်အိမ်ထောင်ဖက်ကို တန်ဖိုးထားပြီး ပျော်အောင်ထားတဲ့သူတစ်ဦးအနေနဲ့ အိမ်ထောင်ဖက်အပေါ်မှာ သစ္စာရှိလာမယ်။ တခြားသူတွေနဲ့ ဖောက်ပြန်မှု မရှိတော့ဘူး။ ကိုယ့်မိသားစုလေးနဲ့ နေရတာကိုပဲ ပျော်ရွှင်ကျေနပ်နေသူတစ်ဦးဟာ သန္တုဋ္ဌိဆိုတဲ့ ရောင့်ရဲသူဖြစ်တဲ့အပြင် သီလနဲ့ ပြည့်စုံသူလည်း ဖြစ်သွားတယ်။
- ဘုန်းကြီးတစ်ပါးအနေနဲ့ဆိုရင် လှူတာ ဘုန်းပေးပြီး ရှိတာလေးနဲ့ ကျေနပ်နှစ်သက်တဲ့ စိတ်ထားရှိဖို့ ပိုပြီးတောင် အရေးကြီးပါတယ်။ ဒါမှလည်း ဒုက္ခတွေ တဖြည်းဖြည်း နည်းလာမှာ ဖြစ်ပါတယ်။ ဘုန်းကြီးတွေ စောင့်ထိန်းရတဲ့ သိက္ခာပုဒ်တွေဆိုတာကလည်း အတတ်နိုင်ဆုံး ခြိုးခြံချွေတာဖို့၊ အာရုံတွေနောက် မလိုက်ဘဲ စိတ်ကို ထိန်းချုပ်ဖို့၊ လိုချင်တဲ့ လောဘတွေ လျော့ဖို့နဲ့ မကျေနပ်ချက် ဒေါသတွေ လျော့ဖို့ပဲ မဟုတ်လား။
- တုသိတာနတ်ပြည်ကို သဘောကျမိတာက ကိုယ့်မှာ ရှိနေတာလေးတွေကို တန်ဖိုးထားတဲ့စိတ်နဲ့ ကိုယ်ပိုင်ဆိုင်လေးတွေကို ကျေနပ်နှစ်သက်နေတဲ့ စိတ်ထားကြောင့်ပါ။ နတ်ပြည်ခြောက်ထပ်ထဲက တစ်ဘုံကို ရွေးရမယ်ဆိုရင် အပေါ်မှာ သူ့ထက်ကောင်းတဲ့ နတ်ပြည်နှစ်ထပ် ရှိနေသေးပေမဲ့ တုသိတာနတ်ပြည်ကိုပဲ ရွေးချယ်မိမှာပါပဲ။
- မှတ်ချက်။ ။ ရဟန်းတစ်ပါးအတွက် နတ်ပြည်ဟာ မေထုန်ငယ် (၇) ပါးထဲက တစ်ပါးဖြစ်လို့ နတ်ပြည်ရောက်ဖို့ သမဏအကျင့်ကို မကျင့်သင့်ပါကြောင်း၊ ဒီနေရာမှာ ကိုယ့်အကြိုက်လို့ ပြောတာက ကိုယ့်အတွက် ရည်ရွယ်ပြီး ပြောခြင်းမဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်သူတော်စင်များအတွက်သာ ရည်ရွယ်ပြီး ပြောခြင်း ဖြစ်ပါကြောင်း၊ အထူးသဖြင့် "တပည့်တော်ကို နတ်ပြည်ပို့ပေးပါ" လို့ ပြောခဲ့ဖူးတဲ့ ကျေးဇူးရှင် ဒကာကြီးတစ်ဦးအတွက် ရည်ရွယ်ပြီး ရေးသားခြင်း ဖြစ်ပါကြောင်း ဖြောင့်ချက်ပေးပါရစေ။
- နတ်ပြည် (၆) ထပ်အကြောင်း အကျယ်တဝင့် သိချင်ရင်တော့ အောက်က စာအုပ်နှစ်အုပ်ကို ဖတ်သင့်ကြောင်း ညွှန်းဆိုချင်ပါတယ်။
- ဗုဒ္ဓအဘိဓမ္မာမဟာနိဒါန်း
- သင်္ဂြိုဟ်ဘာသာဋီကာ
- အင်္ဂလိပ်လိုသင်တဲ့ အဘိဓမ္မာသင်တန်းမှာ ဝီထိမုတ်ပိုင်းကို သင်တော့ ၃၁ ဘုံအကြောင်းတွေ ပါလာတယ်။ ၃၁ ဘုံအကြောင်း သင်ပြီးအချိန်မှာ ဒကာတစ်ယောက် သီးသန့်လာပြီး ဆွေးနွေးတယ်။ ဗုဒ္ဓဘာသာမှာ ငရဲအကြောင်း ပြောတာက များပြီး နတ်ပြည်အကြောင်း ပြောတာက နည်းတယ်တဲ့။ သူက မဟာယာနနောက်ခံကနေ လာတော့ သူပြောတာက အများစုကို ခြုံပြောပုံ ရပါတယ်။ သူပြောတာလည်း အနည်းနဲ့ များတော့ မှန်နေတာပဲ။ သူက စာရေးကောင်းသူဆိုတော့ နတ်ပြည်အကြောင်း ခင်ဗျားရေးမလား၊ ဦးဇင်း အချက်အလက်တွေ စုပေးမယ်လို့ ပြောဖြစ်တယ်။ စိတ်ဝင်စားမှုတော့ ရှိတယ်။ တကယ် ရေး၊ မရေး မသိရပေမဲ့ ကိုဗစ်ကာလမှာ ဆုံးသွားလို့ အကောင်အထည် မဖော်ဖြစ်လိုက်ရှာဘူး။
Thursday, July 24, 2025
ကိုယ်သာ ဝဋံသကာဘွဲ့ရှင်ဆိုရင်
ဘုရားရှင်နှင့် ဆံထုံး
လက်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များ အပါအဝင် ဗုဒ္ဓဘာသာဝင် အများစု ကိုးကွယ်နေသည့် ဗုဒ္ဓရုပ်တုတော်များ၊ ပုံတော်များ၏ ဦးခေါင်းတော်တွင် ဆံထုံးတော်ကို တွေ့နိုင်သည်။ ဘုရားရုပ်တုတော်များ စတင် ပေါ်ထွန်းခဲ့သည့် အေဒီ (၁) ရာစုမှစ၍ ယခုအချိန်အထိ စံထုံးတော်မှာ ဗုဒ္ဓရုပ်ပွားတော်တို့၏ အင်္ဂါရပ်တစ်ခုအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။ သို့သော် ထေရဝါဒ ပါဠိပိဋကတ်တော်၌ ထိုစံထုံးတော် ရှိ၊ မရှိ ဆန်းစစ်နိုင်သည့် အထောက် အထားအချို့ တွေ့နိုင်သည်။ ထို အထောက်အထားတို့အရ မြတ်စွာဘုရားရှင်မှာ သာမန် ရဟန်းတော်များကဲ့သို့ ဆံတော်ပယ်ထားသည့် ခေါင်းတုံးဖြင့်သာ ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ အထောက်အထား အချို့ကို အောက်တွင် ဖော်ပြအပ်ပါသည်။
------------------
- သမဏော ခလု ဘော ဂေါတမော အကာမကာနံ မာတာပိတူနံ အဿုမုခါနံ ရုဒန္တာနံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော (ဒီ၊၁၊၁၀၈) သောဏဒဏ္ဍသုတ်
- သော ခေါ အဟံ ဘိက္ခဝေ အပရေန သမယေန ဒဟရောဝ သမာနော သုသုကာဠကေသော ဘဒြေန ယောဗ္ဗနေန သမန္နာဂတော ပဌမေန ဝယသာ အကာမကာနံ မာတာပိတူနံ အဿုမုခါနံ ရုဒန္တာနံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိံ။ (ပါသရာသိ၊ မ၊၁၊၂၁၉)
- သုန္ဒရိကသုတ် (သံ၊၁၊၁၆၉) ၌ ဦးခေါင်းခြုံ၍ သစ်ပင်အောက် ထိုင်နေသော မြတ်စွာဘုရားဆီ သုန္ဒရိက ပုဏ္ဏား ရောက်လာချိန် ဦးခေါင်းတော်ကို ဖွင့်ပြတော်မူရာ ပုဏ္ဏားကြီးက "မုဏ္ဍော အဝံ ဘဝံ" စသေသာ စကားကို ဆို၏။ (SN 7:9)
------------------
ဝိနည်းပါဠိတော်တွင် အဝေးမှ လာနေသည့် ညီတော် နန္ဒမင်းသားကို မြတ်စွာဘုရားဟု ထင်နေကြောင်း ပါရှိ၏။ ဤအထောက်အထားကလည်း မြတ်စွာဘုရားမှာ သူလိုငါလို ဆံရိပ်ကြောင်း ထင်ရှား၏။
ရတနာ့ဂုဏ်ရည်စာအုပ်မှာပါတဲ့ မြတ်စွာဘုရားရဲ့ အရပ်တော်နဲ့ ပတ်သက်တဲ့ ဂန္ဓာရုံဆရာတော်ရဲ့ မှတ်ချက် ကြည့်ရန်
------------------
သာကီဝင်မင်းသားများဖြစ်သော အရှင်ဘဒ္ဒိယ၊ အရှင်ကိမိလ၊ အရှင်ဘဂု၊ အရှင်အနုရုဒ္ဓါတို့ တောထဲ၌ တရားကျင့်နေစဉ် မြတ်စွာဘုရား သွားတွေ့သည်။ ခြံဝရောက်၍ ၎င်းတို့ ရှိ၊ မရှိမေးရာ အခြားသူစိမ်ဝင်မှာ ကြောက်သော ခြံစောင့်က တား၏။
-------------------
၁။ နမော တဿ ကို ရွတ်ဆိုပြီး အချိန်တိုင်း ဘုရားရှိခိုးနေတတ်သည့် အရိယာစာရင်းဝင် ပြီးသော ဓနဉ္စာနီ ပုဏ္ဏေးမကြီး၏ အပြုအမူကို စိတ်ပျက်နေသူ ခင်ပွန်းသည် ဗြဟ္မဏဘာသာဝင် ဘာရဒွါရပုဏ္ဏားကြီး မြတ်စွာဘုရား၏ ဂုဏ်တော်ကို ထိပါး ပြောဆိုရာတွင် "ဦးပြည်းရဟန်း ဂေါတမ" ဟူသော စကားကို ထည့်သွင်း ပြောကြခဲ့သည်။
သဂါထာဝဂ်၊ ဗြာဟ္မဏသံယုတ်၊ စနဉ္စာနီသုတ် ပါဠိတော်နှင့် အဋ္ဌကထာ
အရှင်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း (ပထမတွဲ - ၄၉၀)
--------------------
သဂါထာဝဂ်၊ ဗြာဟ္မဏသံယုတ်၊ အက္ကေသသုတ်၊ အသုန္ဒရီသုတ်၊ သုန္ဒရိကသုတ်၊ ခေါမဒုဿသုတ်တို့တွင် "ဦးပြည်းရဟန်း ဂေါတမ" ဟူသော အသုံးအနှုန်းကို တွေ့နိုင်သည်။
--------------------
၂။ အမေရိကန်နိုင်ငံ၊ အလိုတော်ပြည့်ကျောင်တိုက်တွင် သီတင်းသုံးနေသည့် ဦးကေလာသ ကတော့ ဗုဒ္ဓရုပ်ပွားတော်နှင့် ဆံထုံးအကြောင်းကို အမေးကို အထောက်အထား အချို့ပြလျှက် ဖြေကြားထားသည်။ စိတ်ဝင်စားစရာ ကောင်းလှသည်။ အထောက်အထားများဖြင့် ဖြေကြားထား၍ အချက်အလက် ခိုင်မာလှသော်လည်း ဆရာတော်က ဘယ်သင်းဘယ်ဟာ ကောင်းသည်၊ ဆိုးသည် ဆုံးဖြတ် မထားပေ။ (Click here)
--------------------------------
သုန္ဒရိကသုတ် (သံ၊၁၊၁၆၉) ၌ ဦးခေါင်းခြုံ၍ သစ်ပင်အောက် ထိုင်နေသော မြတ်စွာဘုရားဆီ သုန္ဒရိက ပုဏ္ဏား ရောက်လာချိန် ဦးခေါင်းတော်ကို ဖွင့်ပြတော်မူရာ ပုဏ္ဏားကြီးက "မုဏ္ဍော အဝံ ဘဝံ" စသေသာ စကားကို ဆို၏။ (SN 7:9)
------------------------------
ဘုရားရှင်၏ ဦးခေါင်းတော် အလယ်တည့်တည့်မှ အဖုတော်သည် ယောင်ထုံး မဟုတ်၊ကေတုမာလာမည်သော ရောင်ခြည်တော်ပုံ ဖြစ်သည်။
(ပါရာဘာဋီ၊၁၊၂၂၁။)
(မိမိမေး၊နောင်တော်ကြီး ဦးစန္ဒသိရီ ဖြေ။)
စိန်ရတနာဆရာတော် Facebook (၁၃၊၀၆၊၂၀၁၆) မှ
--------------------------
ကေတုမာလာနာမ သီသတော နိက္ခမိတွာ ဥပဓိမုဒ္ဓနိ ပုေဉ္ဖာ ဟုတွာ ဒဿမာနရသ္မိရာသီတိ ဝဒန္တိ (ပါရာဇိကဏ်၊ ဘာဋီ ၁၊ ၂၂၁)
-------------------------
ဘုရားဆင်းတုတော်သမိုင်း လေ့လာရန်။ ပထမဆုံး ထုလုပ်သည့် ပုံတော်ကို အပိုလို နတ်ဘုရားကို နည်းမှီ၍ ထုလုပ်ခဲ့သည်။ ဂရိအနုပညာကို လေ့လာရန်
မဂ္ဂဋ္ဌာန် နဲ့ ဖလဋ္ဌာန်
- ယော ပန ပုဂ္ဂလော ဝိပဿနာက္ခဏေ ပညံ ဓုရံ ကတွာ သောတာပတ္တိမဂ္ဂံ နိဗ္ဗတ္တေတိ, သော ပုဂ္ဂလော နိဗ္ဗတ္တေတဗ္ဗသောတာပတ္တိမဂ္ဂက္ခဏေ ဓမ္မာနုသာရီ နာမ, ဓမ္မေန ပညာယ သမာပတ္တိံ အနုဿရတိ, ဣတိ ဓမ္မေန ပညာယ သမာပတ္တိယာ အနုဿရဏတော ဓမ္မာနုသာရီ နာမ။ သော ပုဂ္ဂလော ဖလက္ခဏေ ဒိဋ္ဌိယာ ပညာယ နိရောဓံ ပတ္တတ္တာ ဒိဋ္ဌိပတ္တော ဟုတွာ ဧကဗီဇိ…ပေ… ပရမော ဘဝတိ။ ၃၄၈ နေတ္တိဝိဘာဝိနီအရ မဂ်နဲ့ ဖိုလ်ကြား ကြာနေသလိုပဲဘုရား။
အဆုံးစီရင်ခြင်း / Suicide in Buddhism
- ဂေါဓိကသုတ္တံ
- ဆန္ဒသုတ္တံ
- ဝက္ကလိသုတ္တံ
- ၁၉၆၅-ခုနှစ် ဘိက္ခုဉာဏဝီရဲ့ ကွယ်လွန်ပြီးနောက် တွေ့ရတဲ့ ဒိုင်ယာရီမှတ်စုအရ သူက ဓမ္မာနုသာရီ တစ်လကြာဖြစ်ပြီးနောက် ဒိဋ္ဌိပတ္တ သောတာပန် ဖြစ်တယ်လို့ ရေးထားခဲ့တယ်။
- သူဟာ စွဲကပ်လာတဲ့ ရောဂါနဲ့ သောက်ရတဲ့ ဆေးတွေကြောင့် ရဟန်းဘဝမှာ ဆက်နေဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတခုကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ ဒီဘဝမှာတော့ တရားထူးဆက်ရစရာ အကြောင်းမရှိတော့ဘူး၊ ဒီတော့ ရဟန်းဘဝကို စွန့်ဖို့ထက် အသက်ကိုပဲ စွန့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မိမိကိုယ် မိမိ အဆုံးစီရင်သွားခဲ့ပါတယ်။
- သူ သောတာပန် တကယ် တည်မတည်နဲ့ သူ့ဆုံးဖြတ်ချက်ကို မှား၏-မှန်၏ ဝေဖန်ဖို့ထက် “သောတာပန် ရဟန်းလူထွက် သလား” ဆိုတဲ့ စာတွေတွေ့တော့ သတိရမိလို့ပါ။
- ——-
- ဧကံ သမယံဘဉာဏဝီရော ဘိက္ခု ဗုန္ဒလဂါမေ ဝိဟရတိ အရညကုဋိကာယံ တေန ခေါ ပန သမယေန ဉာဏဝီရော ဘိက္ခု ရတ္တိယာ ပထမံ ယာမံ စင်္ကမေန အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိသောဓေတိ၊ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ စေတသာ အနုဝိတက္ကေတိ အနုဝိစာရေတိ မနသာနုပေက္ခတိ။ အထ ခေါ ဉာဏဝီရဿ ဘိက္ခုနော ဧဝံ ယထာသုတံ ယထာပရိယတ္တံ ဓမ္မံ စေတသာ အနုဝိတက္ကယတော အနုဝိစာရယတော မနသာနုပေက္ခတော ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ၊ ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မန္တိ။
- သော ဓမ္မာနုသာရီ မာသံ ဟုတွာ ဒိဋ္ဌိပတ္တော ဟောတိ။
- (၂၇.၆.၁၉၅၉)
Wednesday, July 23, 2025
ဒေါသမှတ်စု
- အာဃာတပယ်ခြင်း (ပဌမ၊ဒုတိယအာဃာတပဋိဝိနယသုတ် - အံ၊၂၊၁၆၃, ၁၆၄) (အာဃာတဝတ္ထုသုတ် - အံ၊၃၊၂၀၈) (လေခသုတ် - အံ၊၁၊၂၈၆) (သတိနဲ့ ပယ်တာကတော့ အမြင့်ဆုံးဖြစ်မယ်။ စိတ္တာနုပဿနာ)
- အမျက်ဒေါသ၏အပြစ် ၇ မျိုး = ကောဓနသုတ် - အံ၊၂၊၄၆၉။ AN 7.64)
- ဒေါသဟူသည် (တည်တောဆရာတော်)


